ပြောင်းများအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်များ စတင်ထုတ်ပေးနေ

 105

Pearl (NP News) - မတ် ၇

ပြောင်းများအတွက်မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်များစတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့က နိုင်ငံပိုင် သတင်းစာများမှတဆင့် အသိပေးထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မည့်လုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာပြောင်းတင်ပို့နိုင်ရေးရည်ရွယ်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရချင်း အသိအမှတ်ပြုမည့် “မီးခိုးမြူ ကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေးလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့တင်ပို့မည့် ပြောင်းများအတွက်မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် အား ပြီးခဲ့သည့် မတ်လ(၃) ရက်မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း သိရသည်။
ထောက်ခံချက်ထုတ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Zawgyi Version;
ေျပာင္းမ်ားအတြက္မီးခိုးျမဴကင္းစင္ေၾကာင္း ေထာက္ခံခ်က္မ်ား စတင္ထုတ္ေပးေန
Pearl (NP News) - မတ္ ၇
ေျပာင္းမ်ားအတြက္မီးခိုးျမဴကင္းစင္ေၾကာင္း ေထာက္ခံခ်က္မ်ားစတင္ထုတ္ေပးေနၿပီျဖစ္ေၾကာင္း မီးခိုးျမဴကင္းစင္ေၾကာင္း ေထာက္ခံခ်က္ထုတ္ေပးေရးလုပ္ငန္း မွတ္ပုံတင္ျခင္းဆိုင္ရာအစိုးရ-ပုဂၢလိကလုပ္ငန္းအဖြဲ႕က ႏိုင္ငံပိုင္ သတင္းစာမ်ားမွတဆင့္ အသိေပးထုတ္ျပန္ထားသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ထိုင္းႏိုင္ငံသို႔ ေျပာင္းတင္ပို႔မည့္လုပ္ငန္းရွင္မ်ား လြယ္ကူေခ်ာေမြ႕စြာေျပာင္းတင္ပို႔ႏိုင္ေရးရည္႐ြယ္၍ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံအစိုးရခ်င္း အသိအမွတ္ျပဳမည့္ “မီးခိုးျမဴ ကင္းစင္ေၾကာင္း ေထာက္ခံခ်က္ ထုတ္ေပးေရးလုပ္ငန္းမွတ္ပုံတင္ျခင္းဆိုင္ရာအစိုးရ-ပုဂၢလိကလုပ္ငန္းအဖြဲ႕” ကို ဖြဲ႕စည္းေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းအဖြဲ႕အေနျဖင့္ ထိုင္းႏိုင္ငံသို႔တင္ပို႔မည့္ ေျပာင္းမ်ားအတြက္မီးခိုးျမဴကင္းစင္ေၾကာင္း ေထာက္ခံခ်က္ အား ၿပီးခဲ့သည့္ မတ္လ(၃) ရက္မွစတင္၍ စိစစ္ခြင့္ျပဳထုတ္ေပးလ်က္ ရွိေၾကာင္း သိရသည္။
ေထာက္ခံခ်က္ထုတ္ေပးျခင္းႏွင့္စပ္လ်ဥ္းသည့္ အေသးစိတ္အခ်က္အလက္မ်ားအား သိရွိလိုပါက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.