ရုရှားသင်္ဘောသား(၁ဝ)ဦးပါတဲ့ ကုန်တင်သင်္ဘောကို ဆွီဒင်အစိုးရဖမ်းဆီးထိန်းသိမ်း

1516

Pika (NP News) - မတ် ၁ဝ
ဘော်လ်တစ်ပင်လယ်ပြင်မှာသွားလာနေတဲ့ ရုရှားရဲ့အရိပ်ရေယာဉ်စုလို့ခေါ်တဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဆွီဒင်အစိုးရက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆွီဒင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
ဒါ့ပြင် အဲဒီကုန်တင်သင်္ဘောတွေက ပိတ်ဆို့အရေးယူခံထားရတဲ့ကုန်ပစ္စည်းတွေကို သယ်ယူမိရင်တောင် အနောက်အုပ်စုနိုင်ငံတွေက ပင်လယ်ပြင်မှာကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခွင့်မရှိဘူးလို့ ရုရှားအစိုးရက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
Caffa လို့အမည်ရတဲ့ကုန်တင်သင်္ဘောကို ဆွီဒင်ရဲလေကြောင်းတပ်ဖွဲ့နဲ့ အမျိုးသားရေးတာဝန်ပေးတပ်ဖွဲ့တို့က ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။ လက်ရှိအချိန်မှာ ဆွီဒင် အာဏာပိုင်တွေဟာ သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ ရုရှားနိုင်ငံသား သင်္ဘောသား(၁၀)ဦးကို ရှာဖွေ စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အဲဒီသင်္ဘောကို ယူကရိန်းရဲ့ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ စာရင်းသွင်းထားပြီး ဂီနီအလံလွှင့်တင်ထားပေမယ့် လည်း နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ဆွီဒင် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
႐ုရွားသေဘၤာသား(၁ဝ)ဦးပါတဲ့ ကုန္တင္သေဘၤာကို ဆြီဒင္အစိုးရဖမ္းဆီးထိန္းသိမ္း
Pika (NP News) - မတ္ ၁ဝ
ေဘာ္လ္တစ္ပင္လယ္ျပင္မွာသြားလာေနတဲ့ ႐ုရွားရဲ႕အရိပ္ေရယာဥ္စုလို႔ေခၚတဲ့ ကုန္တင္သေဘၤာတစ္စီးကို ဆြီဒင္အစိုးရက ၾကားျဖတ္ဟန႔္တားခဲ့တယ္လို႔ ဆြီဒင္ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕ ေျပာၾကားခ်က္ေတြအရ သိရပါတယ္။
ဒါ့ျပင္ အဲဒီကုန္တင္သေဘၤာေတြက ပိတ္ဆို႔အေရးယူခံထားရတဲ့ကုန္ပစၥည္းေတြကို သယ္ယူမိရင္ေတာင္ အေနာက္အုပ္စုႏိုင္ငံေတြက ပင္လယ္ျပင္မွာၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခြင့္မရွိဘူးလို႔ ႐ုရွားအစိုးရက ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။
Caffa လို႔အမည္ရတဲ့ကုန္တင္သေဘၤာကို ဆြီဒင္ရဲေလေၾကာင္းတပ္ဖြဲ႕နဲ႔ အမ်ိဳးသားေရးတာဝန္ေပးတပ္ဖြဲ႕တို႔က ပူးေပါင္းၿပီး ဖမ္းဆီးခဲ့တာျဖစ္တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚလ်က္ရွိပါတယ္။ လက္ရွိအခ်ိန္မွာ ဆြီဒင္ အာဏာပိုင္ေတြဟာ သေဘၤာေပၚမွာလိုက္ပါလာတဲ့ ႐ုရွားႏိုင္ငံသား သေဘၤာသား(၁၀)ဦးကို ရွာေဖြ စစ္ေဆး ေမးျမန္းမႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။
အဲဒီသေဘၤာကို ယူကရိန္းရဲ႕ပိတ္ဆို႔အေရးယူမႈစာရင္းထဲမွာ စာရင္းသြင္းထားၿပီး ဂီနီအလံလႊင့္တင္ထားေပမယ့္ လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ ဆြီဒင္ ကမ္းေျခေစာင့္တပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။