ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားမယ့် ရေနံတင်သင်္ဘောအားလုံးကို ဘေးကင်းအောင်လုပ်ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

2056
Pika (NP News) - မတ် ၁၂
အီရန်က တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမယ့် ရေနံတင်သင်္ဘောတွေအားလုံးကို ဘေးကင်းအောင်အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ရဲ့ စစ်ပွဲက ပိုမိုအရှိန်မြင့်လာမှုနဲ့အတူ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က”ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမယ့် ရေနံတင်သင်္ဘောတွေအားလုံးအတွက် ကောင်းမွန်တဲ့ဘေးကင်းလုံခြုံရေးတစ်ခုကို မကြာခင်အချိန်အတွင်း မြင်ရပါလိမ့်မယ်။အဲ့ဒါက မကြာခင်အချိန်အတွင်း ဖြစ်လာပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။
အီရန်နဲ့ တိုက်ခိုက်နေတဲ့စစ်ပွဲက မကြာခင်အချိန်အတွင်း ပြီးဆုံးသွားတော့မယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုမျိုး ထပ်မံထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲက ကျွန်တော်အဆုံးသတ်ချင်တဲ့ အချိန်ကြရင် အဆုံးသတ်သွားပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သြားမယ့္ ေရနံတင္သေဘၤာအားလုံးကို ေဘးကင္းေအာင္လုပ္ေပးသြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၁၂
အီရန္က တင္းတင္းက်ပ္က်ပ္ထိန္းခ်ဳပ္ထားတဲ့ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားလာမယ့္ ေရနံတင္သေဘၤာေတြအားလုံးကို ေဘးကင္းေအာင္အေကာင္းဆုံးလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ပါတယ္။
အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ရဲ႕ စစ္ပြဲက ပိုမိုအရွိန္ျမင့္လာမႈနဲ႔အတူ အီရန္က ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ထားခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က”ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားလာမယ့္ ေရနံတင္သေဘၤာေတြအားလုံးအတြက္ ေကာင္းမြန္တဲ့ေဘးကင္းလုံၿခဳံေရးတစ္ခုကို မၾကာခင္အခ်ိန္အတြင္း ျမင္ရပါလိမ့္မယ္။အဲ့ဒါက မၾကာခင္အခ်ိန္အတြင္း ျဖစ္လာပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
အီရန္နဲ႔ တိုက္ခိုက္ေနတဲ့စစ္ပြဲက မၾကာခင္အခ်ိန္အတြင္း ၿပီးဆုံးသြားေတာ့မယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုမ်ိဳး ထပ္မံထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”အီရန္နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲက ကြၽန္ေတာ္အဆုံးသတ္ခ်င္တဲ့ အခ်ိန္ၾကရင္ အဆုံးသတ္သြားပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။