ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များ ကို တည်ဆောက်နေ

383

သန့်မင်းအိမ်(NP News) - မတ် ၁၂
ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များ ကို တည်ဆောက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ထံက သိရသည်။
မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ BatteryElectric Multiple Unit (BEMU)တည်ဆောက်နေမှု၊ဘက်ထရီ လျှပ်စစ်စက်ခေါင်း (Battery Electric Locomotive–BEL) နှင့် ဘက်ထရီတွဲ တည်ဆောက်နေမှုတို့ကို ယမန်နေ့ (မတ်လ ၁၁ ရက်) က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးရာတွင် နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (Battery Electric Multiple Unit - BEMU)တည်ဆောက်နေမှု၊ ဘက်ထရီ လျှပ်စစ်စက်ခေါင်းသစ် (Battery Electric Locomotive – BEL)နှင့် ဘက်ထရီတွဲ တည်ဆောက် နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်လျက်ရှိသော ဘက်ထရီလျှပ်စစ် ရထားတွဲဆိုင်းများ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်များနှင့် ဘက်ထရီတွဲများကို အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို တာဝန်ရှိသူများအားလုံးက အထူးကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင် ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU) များကိုလည်းကောင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်း အသုံးပြုပြေးဆွဲသော လမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ် (BEL)များနှင့် ဘက်ထရီတွဲများကိုလည်းကောင်း တည်ဆောက်လျက်ရှိပြီး စွမ်းအင်ချွေတာသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားပြည်သူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံက သိရသည်။
zawgyi version
ရန္ကုန္ၿမိဳ႕ပတ္ႏွင့္ ခရီးတိုလမ္းပိုင္းမ်ားတြင္ အသုံးျပဳရန္အတြက္ ဘက္ထရီလွ်ပ္စစ္ရထားတြဲဆိုင္း (BEMU) မ်ား ကို တည္ေဆာက္ေန
သန႔္မင္းအိမ္(NP News) - မတ္ ၁၂
ရန္ကုန္ၿမိဳ႕ပတ္ႏွင့္ ခရီးတိုလမ္းပိုင္းမ်ားတြင္ အသုံးျပဳရန္အတြက္ ဘက္ထရီလွ်ပ္စစ္ရထားတြဲဆိုင္း (BEMU) မ်ား ကို တည္ေဆာက္ေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ထံက သိရသည္။
ျမန္မာ့မီးရထား၏ ေနျပည္ေတာ္စက္ေခါင္းသစ္ တပ္ဆင္ထုတ္လုပ္ေရးစက္႐ုံ၌ BatteryElectric Multiple Unit (BEMU)တည္ေဆာက္ေနမႈ၊ဘက္ထရီ လွ်ပ္စစ္စက္ေခါင္း (Battery Electric Locomotive–BEL) ႏွင့္ ဘက္ထရီတြဲ တည္ေဆာက္ေနမႈတို႔ကို ယမန္ေန႔ (မတ္လ ၁၁ ရက္) က ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦး ႏွင့္ တာဝန္ရွိသူမ်ားက သြားေရာက္ စစ္ေဆးခဲ့သည္။
ယင္းသို႔ စစ္ေဆးရာတြင္ ေနျပည္ေတာ္ စက္ေခါင္းသစ္တပ္ဆင္ထုတ္လုပ္ေရးစက္႐ုံသို႔ေရာက္ရွိရာ ျမန္မာ့မီးရထား ဦးေဆာင္ၫႊန္ၾကားေရးမႉးႏွင့္ တာဝန္ရွိသူမ်ားက စက္႐ုံအတြင္း ဘက္ထရီလွ်ပ္စစ္ရထားတြဲဆိုင္း (Battery Electric Multiple Unit - BEMU)တည္ေဆာက္ေနမႈ၊ ဘက္ထရီ လွ်ပ္စစ္စက္ေခါင္းသစ္ (Battery Electric Locomotive – BEL)ႏွင့္ ဘက္ထရီတြဲ တည္ေဆာက္ ေနမႈမ်ားကို ရွင္းလင္းတင္ျပရာ ျပည္ေထာင္စုဝန္ႀကီးက တည္ေဆာက္လ်က္ရွိေသာ ဘက္ထရီလွ်ပ္စစ္ ရထားတြဲဆိုင္းမ်ား၊ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းသစ္မ်ားႏွင့္ ဘက္ထရီတြဲမ်ားကို အရည္အေသြးျပည့္မီေရးႏွင့္ သတ္မွတ္ကာလအတြင္း အခ်ိန္မီၿပီးစီးေရးကို တာဝန္ရွိသူမ်ားအားလုံးက အထူးႀကိဳးပမ္းေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္း သိရသည္။
ျမန္မာ့မီးရထားအေနျဖင့္ ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္မႈအရ ေနျပည္ေတာ္စက္ေခါင္းသစ္ တပ္ဆင္ထုတ္လုပ္ေရးစက္႐ုံတြင္ ရန္ကုန္ၿမိဳ႕ပတ္ႏွင့္ ခရီးတိုလမ္းပိုင္းမ်ားတြင္ အသုံးျပဳရန္အတြက္ ဘက္ထရီလွ်ပ္စစ္ရထားတြဲဆိုင္း (BEMU) မ်ားကိုလည္းေကာင္း၊ ဒီဇယ္လွ်ပ္စစ္စက္ေခါင္း အသုံးျပဳေျပးဆြဲေသာ လမ္းပိုင္းမ်ားတြင္ အသုံးျပဳရန္အတြက္ ဘက္ထရီလွ်ပ္စစ္စက္ေခါင္းသစ္ (BEL)မ်ားႏွင့္ ဘက္ထရီတြဲမ်ားကိုလည္းေကာင္း တည္ေဆာက္လ်က္ရွိၿပီး စြမ္းအင္ေခြၽတာသုံးစြဲႏိုင္ေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ခရီးသြားျပည္သူမ်ားကို ပိုမိုေကာင္းမြန္သည့္ ဝန္ေဆာင္မႈေပးအပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနထံက သိရသည္။