အခွင့်ရေးသမားများနှင့် နေရာရရန်ကြိုးပမ်းသူများ မလိုချင်ကြောင်း ဗိုလ်ချုပ်မှူးကြီးပြော

 468

သန့်ဇင် (NP News)-မတ် ၁၃
အခွင့်ရေးသမားများနှင့် နေရာရရန်ကြိုးပမ်းသူများ မလိုချင်ကြောင်း ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ယနေ့ (မတ်လ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ MICC 1တွင် ကျင်းပသော မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားသည်။
"အဲဒါကြောင့် ကျွန်တော်တို့က စုံ၊ မဆိုပြီး လုပ်ပါတယ်။ ကျွန်တော့်ကိုတော့ ဝိုင်းပြောကြတာပေါ့။ ဒါပေမဲ့ စုံ/ မလုပ်တာက ကျွန်တော်တို့နိုင်ငံက အခုမှလုပ်တာမဟုတ်ဘူး။ တရုတ်ဆိုရင် ပေကျင်းဆိုရင်ကြာပြီ လုပ်နေတာ။ စင်္ကာပူဆိုရင် ကြာပြီလုပ်တာ။ အဲဒါကို ကျွန်တော်တို့က စွမ်းအင်ဝန်ကြီးက ကျွန်တော့်လာ သတင်းပို့တော့ QR Code နဲ့လုပ်မယ်တဲ့။ လုပ်ကွာလို့။ အခုလည်း အွန်လိုင်းမှာ ဆဲနေကြပါပြီ။ ဆိုတော့ ကျွန်တော်တို့က တစ်ခုခု လုပ်ပြီဆိုတာနဲ့ နိုင်ငံကိုအပြစ်‌ပြောဖို့ပဲကြိုးစားနေကြတယ်။ ဘာ့ကြောင့်ဆိုတာလည်းမစဉ်းစားဘူး"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် အထက်ပါအကြောင်းအရာအား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများသိရှိစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
"အဲဒီတော့ ဒီမှာ ပြည်နယ်နဲ့တိုင်းအသီးသီးကလာကြတယ်။ ခင်ဗျားတို့ပြီးတဲ့အချိန်ကျရင် လွှတ်တော်အစည်းအဝေးနားတဲ့အချိန်ကြရင် သက်ဆိုင်ရာပြည်နယ်တိုင်းအလိုက် ခင်ဗျားတို့လုပ်ဖို့ကို ပြောဖို့လိုပါတယ်။ ကျွန်တော်တို့ အခုပြောတဲ့အချက်တွေကလည်း တကယ်ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းမှာ အခြေခံပြီး ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။ ကျွန်တော့်မှာ အချက်အလက်အကုန်လုံးအပြည့်အစုံရှိပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆွေးနွေးပွဲက အတော်ကို အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေပွဲလို့ပြောရပါမယ်" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအတွင်း အမှန်တကယ်အလုပ်လုပ်မည့်သူများသား လိုအပ်ပြီး အခွင့်အရေးသမားနှင့် နေရာရရန်ကြိုးပန်းသူများအား မလိုချင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
"ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ တကယ်အလုပ်လုပ်တဲ့လူတွေ အလုပ်လုပ်မယ့် လူတွေလိုပါတယ်။ အခွင့်ရေးသမားတွေ နေရာရဖို့ကြိုးစားတဲ့လူတွေ မလိုချင်ပါဘူး။ အနာဂါတ်မှာ တကယ်လုပ်မယ့်လူတွေ၊ လူငယ်တွေလိုပါတယ်။ လူငယ်ဆိုလို့ ကျွန်တော်ပြီးခဲ့တဲ့ ဖိုရမ်မှာလည်းပြောပါတယ် ကျွန်တော်လူငယ်တွေကိုနေရာပေးဖို့ကို။ဒါ‌‌တွေကို အလေးထားစဉ်းစားပါ။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ တကယ်အလေးထားစဉ်းစားပါ။ ဒါပေမယ့် တကယ်လုပ်တဲ့အခါမှာ Trust၊ Stability နဲ့ နောက်တစ်ခါ Developing ဒါတွေကိုစဉ်းစားဆောင်ရွက်သွားကြဖို့ ကျွန်တော်ဆွေးနွေးလိုပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လက်ရှိနေပြည်တော်တွင် ကျင်းပနေသော မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “FORUM ON THE DAWN OF A NEW STATE”(Trust, Stability & Development)ခေါင်းစဉ်ဖြင့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အခြင့္ေရးသမားမ်ားႏွင့္ ေနရာရရန္ႀကိဳးပမ္းသူမ်ား မလိုခ်င္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News)-မတ္ ၁၃
အခြင့္ေရးသမားမ်ားႏွင့္ ေနရာရရန္ႀကိဳးပမ္းသူမ်ား မလိုခ်င္ေၾကာင္း ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ယေန႔ (မတ္လ ၁၃ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ MICC 1တြင္ က်င္းပေသာ ျမန္မာ့မ်က္ႏွာစာသစ္ဖိုရမ္တြင္ မိန႔္ခြန္း အတြင္း ထည့္သြင္း ေျပာၾကားသည္။
"အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က စုံ၊ မဆိုၿပီး လုပ္ပါတယ္။ ကြၽန္ေတာ့္ကိုေတာ့ ဝိုင္းေျပာၾကတာေပါ့။ ဒါေပမဲ့ စုံ/ မလုပ္တာက ကြၽန္ေတာ္တို႔ႏိုင္ငံက အခုမွလုပ္တာမဟုတ္ဘူး။ တ႐ုတ္ဆိုရင္ ေပက်င္းဆိုရင္ၾကာၿပီ လုပ္ေနတာ။ စကၤာပူဆိုရင္ ၾကာၿပီလုပ္တာ။ အဲဒါကို ကြၽန္ေတာ္တို႔က စြမ္းအင္ဝန္ႀကီးက ကြၽန္ေတာ့္လာ သတင္းပို႔ေတာ့ QR Code နဲ႔လုပ္မယ္တဲ့။ လုပ္ကြာလို႔။ အခုလည္း အြန္လိုင္းမွာ ဆဲေနၾကပါၿပီ။ ဆိုေတာ့ ကြၽန္ေတာ္တို႔က တစ္ခုခု လုပ္ၿပီဆိုတာနဲ႔ ႏိုင္ငံကိုအျပစ္‌ေျပာဖို႔ပဲႀကိဳးစားေနၾကတယ္။ ဘာ့ေၾကာင့္ဆိုတာလည္းမစဥ္းစားဘူး"ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ အထက္ပါအေၾကာင္းအရာအား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ျပည္သူမ်ားသိရွိေစရန္ ေဆာင္႐ြက္ေပးေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
"အဲဒီေတာ့ ဒီမွာ ျပည္နယ္နဲ႔တိုင္းအသီးသီးကလာၾကတယ္။ ခင္ဗ်ားတို႔ၿပီးတဲ့အခ်ိန္က်ရင္ လႊတ္ေတာ္အစည္းအေဝးနားတဲ့အခ်ိန္ၾကရင္ သက္ဆိုင္ရာျပည္နယ္တိုင္းအလိုက္ ခင္ဗ်ားတို႔လုပ္ဖို႔ကို ေျပာဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ အခုေျပာတဲ့အခ်က္ေတြကလည္း တကယ္ကို ကြၽန္ေတာ္တို႔ ျဖတ္သန္းခဲ့တဲ့ သမိုင္းေၾကာင္းမွာ အေျခခံၿပီး ကြၽန္ေတာ္ေျပာျခင္းျဖစ္ပါတယ္။ ကြၽန္ေတာ့္မွာ အခ်က္အလက္အကုန္လုံးအျပည့္အစုံရွိပါတယ္။ ဒါ့ေၾကာင့္ ဒီေန႔ေဆြးေႏြးပြဲက အေတာ္ကို အဓိပၸာယ္ရွိတဲ့ ေဆြးေႏြပြဲလို႔ေျပာရပါမယ္" ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြင္း အမွန္တကယ္အလုပ္လုပ္မည့္သူမ်ားသား လိုအပ္ၿပီး အခြင့္အေရးသမားႏွင့္ ေနရာရရန္ႀကိဳးပန္းသူမ်ားအား မလိုခ်င္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
"ဒီေနရာမွာ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ တကယ္အလုပ္လုပ္တဲ့လူေတြ အလုပ္လုပ္မယ့္ လူေတြလိုပါတယ္။ အခြင့္ေရးသမားေတြ ေနရာရဖို႔ႀကိဳးစားတဲ့လူေတြ မလိုခ်င္ပါဘူး။ အနာဂါတ္မွာ တကယ္လုပ္မယ့္လူေတြ၊ လူငယ္ေတြလိုပါတယ္။ လူငယ္ဆိုလို႔ ကြၽန္ေတာ္ၿပီးခဲ့တဲ့ ဖိုရမ္မွာလည္းေျပာပါတယ္ ကြၽန္ေတာ္လူငယ္ေတြကိုေနရာေပးဖို႔ကို။ဒါ‌‌ေတြကို အေလးထားစဥ္းစားပါ။ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ တကယ္အေလးထားစဥ္းစားပါ။ ဒါေပမယ့္ တကယ္လုပ္တဲ့အခါမွာ Trust၊ Stability နဲ႔ ေနာက္တစ္ခါ Developing ဒါေတြကိုစဥ္းစားေဆာင္႐ြက္သြားၾကဖို႔ ကြၽန္ေတာ္ေဆြးေႏြးလိုပါတယ္"ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
လက္ရွိေနျပည္ေတာ္တြင္ က်င္းပေနေသာ ျမန္မာ့မ်က္ႏွာစာသစ္ဖိုရမ္ကို (ယုံၾကည္မႈ၊ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ) “FORUM ON THE DAWN OF A NEW STATE”(Trust, Stability & Development)ေခါင္းစဥ္ျဖင့္ မတ္လ ၁၃ ရက္ႏွင့္ ၁၄ ရက္တို႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.