ဘုရားသုံးဆူ - မော်လမြိုင်လမ်းပိုင်းရှိ ဂိတ်ပေါင်း (၄၅) ဂိတ်ကြောင့် ကုန်ကားတစ်စီးလျှင် သိန်း(၉၀)မှ သိန်း (၁၂၀) အထိ ကုန်ကျနေ

 6134

သန့်ဇင် (NP News) - မတ် ၁၃

ဘုရားသုံးဆူ-မော်လမြိုင်လမ်းပိုင်းတွင် ဂိတ်ပေါင်း (၄၅)ဂိတ်ရှိနေပြီး ကုန်ကားတစ်စီးလျှင် ကျပ် သိန်း (၉၀)မှ ကျပ်သိန်း (၁၂၀)အထိ ပေးဆောင်ဖြတ်သန်းနေရကြောင်း ဖြစ်စဉ်အကြောင်း သိရှိသူ တစ်ဦးက NP News သို့ပြောသည်။
လက်ရှိ အဆိုပါလမ်းပိုင်းတွင် DKBA အထိုင်ဂိတ် (၂၁) ဂိတ်၊ BGF ဂိတ် (၁၃) ဂိတ်၊ KNU ဂိတ် (၆) ဂိတ်၊ တပ်မတော်လုံခြုံရေးဂိတ် (၄) ဂိတ် နှင့် PDF ဂိတ် (၁) ဂိတ်တို့ဖြင့် စုစုပေါင်း ဂိတ်‌ (၄၅) ခု အထိရှိနေကြောင်းသိရသည်။
“ဘုရားသုံးဆူကနေ ကျိုက်မရော စံပယ်ဂူအထိကို ဂိတ်ပေါင်း (၄၅) ဂိတ်ရှိတယ်။ တပ်မတော် ဘက်က လုံးခြုံရေးဂိတ် (၄)ဂိတ်ပဲရှိတယ်။ KNU က (၆)ဂိတ်။ BGF က (၁၃) ဂိတ်နဲ့ PDF (၁) ဂိတ်။ DKBA က (၂၁)ဂိတ်တိတိရှိတယ်။ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ပိုင်ခလန်၊ ကျိုက်မ ရော၊ မုဒုံ၊ မော်လမြိုင်၊ ကော့ကရိတ် အဲဒီနယ်တစ်ခုလုံးကို ဂိတ်တွေဖွင့်ချင်တိုင်းဖွင့်ပြီး ကုန်တွေ အတော် အကျပ်ကိုင်ခံရတယ်။ မထင်ရင်မထင်သလို ဆွဲချ သေနတ်ပစ်ဖောက်နေတာတွေရှိတယ်။ အခုလည်း ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး ပြည်သူတွေဆီကနေ ပိုက်ဆံလိုက်ကောက်နေတာ”ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။
ထို့ပြင် အဆိုပါဂိတ်များကို ဖြတ်သန်းသွားလာကြရသည့် ကုန်တင် (၁၀)ဘီးယာဉ်နှင့် (၁၂) ဘီး များသည် ကုန်တန်ဖိုးအပေါ်မူတည်ကာ ကျပ်သိန်း (၉၀)မှ သိန်း (၁၂၀) အထိ ပေးဆောင်ဖြတ်သန်းနေရ ကြောင်း ၎င်းကဆိုသည်။
“ဘုရားသုံးဆူကနေ မော်လမြိုင်အထိ ကုန်ပေါ်မူတည်ပြီး ကျပ်သိန်း (၉၀)ကနေသိန်း (၁၂၀) အထိ (၁၀) ဘီး၊ (၁၂) ဘီးကားတွေလမ်းမှာ ပေးနေရတယ်။ DKBA ဂိတ်တွေက (၁၀)ဘီး တစ်စီးကို (၂) သိန်းခွဲကောက်တယ်။ BGF လည်း အတူတူပဲ။ KNU ဂိတ်က မိန်းဂိတ်က (၃) သိန်းကောက်တယ်။ ကျန် တဲ့ဂိတ်က (၅) သောင်း။ အယ်စေးဝါး ဂိတ်က တစ်ဂိတ်ကို (၂)သိန်းနဲ့ PDF ဂိတ်က (၅) သောင်း တောင်း တယ်”ဟု ၎င်းကပြောသည်။ ထို့ ကြောင့် ဖြတ်သန်းသူများအနေဖြင့် ယင်းဂိတ်ပေါင်း များစွာရှိ အဖွဲ့စုံ၏ တားဆီးငွေ တောင်းခံနေမှုကြောင့် ဓားပြတိုက်ခံရသကဲ့သို့ အလူးအလဲခံစားနေရကြောင်းလည်း ဒေသခံ တစ်ဦးကဆိုသည်။ “ပြည်သူတွေ ထိနေပြီ၊ ဒုက္ခရောက်နေပြီ။ လမ်းမှာဖမ်းချင်တဲ့အဖွဲ့ကဖမ်းပြီး ဓားပြ တိုက်နေသလိုပဲ”ဟု ၎င်းကပြောသည်။ ထိုသို့ ဂိတ်ပေါင်းများစွာကို ကျပ်သိန်းပေါင်းများစွာ ပေးဆောင် ဖြတ်သန်းရခြင်းကြောင့် ယင်းဒေသတွင် ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

Zawgyi Version;
ဘုရားသုံးဆူ - ေမာ္လၿမိဳင္လမ္းပိုင္းရွိ ဂိတ္ေပါင္း (၄၅) ဂိတ္ေၾကာင့္ ကုန္ကားတစ္စီးလွ်င္ သိန္း(၉၀)မွ သိန္း
(၁၂၀) အထိ ကုန္က်ေန
သန႔္ဇင္ (NP News) - မတ္ ၁၃
ဘုရားသုံးဆူ-ေမာ္လၿမိဳင္လမ္းပိုင္းတြင္ ဂိတ္ေပါင္း (၄၅)ဂိတ္ရွိေနၿပီး ကုန္ကားတစ္စီးလွ်င္ က်ပ္ သိန္း (၉၀)မွ က်ပ္သိန္း (၁၂၀)အထိ ေပးေဆာင္ျဖတ္သန္းေနရေၾကာင္း ျဖစ္စဥ္အေၾကာင္း သိရွိသူ တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိ အဆိုပါလမ္းပိုင္းတြင္ DKBA အထိုင္ဂိတ္ (၂၁) ဂိတ္၊ BGF ဂိတ္ (၁၃) ဂိတ္၊ KNU ဂိတ္ (၆) ဂိတ္၊ တပ္မေတာ္လုံၿခဳံေရးဂိတ္ (၄) ဂိတ္ ႏွင့္ PDF ဂိတ္ (၁) ဂိတ္တို႔ျဖင့္ စုစုေပါင္း ဂိတ္‌ (၄၅) ခု အထိရွိေနေၾကာင္းသိရသည္။
“ဘုရားသုံးဆူကေန က်ိဳက္မေရာ စံပယ္ဂူအထိကို ဂိတ္ေပါင္း (၄၅) ဂိတ္ရွိတယ္။ တပ္မေတာ္ ဘက္က လုံးၿခဳံေရးဂိတ္ (၄)ဂိတ္ပဲရွိတယ္။ KNU က (၆)ဂိတ္။ BGF က (၁၃) ဂိတ္နဲ႔ PDF (၁) ဂိတ္။ DKBA က (၂၁)ဂိတ္တိတိရွိတယ္။ ၾကာအင္းဆိပ္ႀကီး၊ ဘုရားသုံးဆူ၊ က်ိဳက္ဒုံ၊ ပိုင္ခလန္၊ က်ိဳက္မ ေရာ၊ မုဒုံ၊ ေမာ္လၿမိဳင္၊ ေကာ့ကရိတ္ အဲဒီနယ္တစ္ခုလုံးကို ဂိတ္ေတြဖြင့္ခ်င္တိုင္းဖြင့္ၿပီး ကုန္ေတြ အေတာ္ အက်ပ္ကိုင္ခံရတယ္။ မထင္ရင္မထင္သလို ဆြဲခ် ေသနတ္ပစ္ေဖာက္ေနတာေတြရွိတယ္။ အခုလည္း ေဒသဖြံ႕ၿဖိဳးေရးေခါင္းစဥ္တပ္ၿပီး ျပည္သူေတြဆီကေန ပိုက္ဆံလိုက္ေကာက္ေနတာ”ဟု အထက္ပါ သတင္းရင္းျမစ္ကေျပာသည္။
ထို႔ျပင္ အဆိုပါဂိတ္မ်ားကို ျဖတ္သန္းသြားလာၾကရသည့္ ကုန္တင္ (၁၀)ဘီးယာဥ္ႏွင့္ (၁၂) ဘီး မ်ားသည္ ကုန္တန္ဖိုးအေပၚမူတည္ကာ က်ပ္သိန္း (၉၀)မွ သိန္း (၁၂၀) အထိ ေပးေဆာင္ျဖတ္သန္းေနရ ေၾကာင္း ၎ကဆိုသည္။
“ဘုရားသုံးဆူကေန ေမာ္လၿမိဳင္အထိ ကုန္ေပၚမူတည္ၿပီး က်ပ္သိန္း (၉၀)ကေနသိန္း (၁၂၀) အထိ (၁၀) ဘီး၊ (၁၂) ဘီးကားေတြလမ္းမွာ ေပးေနရတယ္။ DKBA ဂိတ္ေတြက (၁၀)ဘီး တစ္စီးကို (၂) သိန္းခြဲေကာက္တယ္။ BGF လည္း အတူတူပဲ။ KNU ဂိတ္က မိန္းဂိတ္က (၃) သိန္းေကာက္တယ္။ က်န္ တဲ့ဂိတ္က (၅) ေသာင္း။ အယ္ေစးဝါး ဂိတ္က တစ္ဂိတ္ကို (၂)သိန္းနဲ႔ PDF ဂိတ္က (၅) ေသာင္း ေတာင္း တယ္”ဟု ၎ကေျပာသည္။ ထို႔ ေၾကာင့္ ျဖတ္သန္းသူမ်ားအေနျဖင့္ ယင္းဂိတ္ေပါင္း မ်ားစြာရွိ အဖြဲ႕စုံ၏ တားဆီးေငြ ေတာင္းခံေနမႈေၾကာင့္ ဓားျပတိုက္ခံရသကဲ့သို႔ အလူးအလဲခံစားေနရေၾကာင္းလည္း ေဒသခံ တစ္ဦးကဆိုသည္။ “ျပည္သူေတြ ထိေနၿပီ၊ ဒုကၡေရာက္ေနၿပီ။ လမ္းမွာဖမ္းခ်င္တဲ့အဖြဲ႕ကဖမ္းၿပီး ဓားျပ တိုက္ေနသလိုပဲ”ဟု ၎ကေျပာသည္။ ထိုသို႔ ဂိတ္ေပါင္းမ်ားစြာကို က်ပ္သိန္းေပါင္းမ်ားစြာ ေပးေဆာင္ ျဖတ္သန္းရျခင္းေၾကာင့္ ယင္းေဒသတြင္ ကုန္ေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းျဖစ္ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.