အီရန်ထိပ်တန်းခေါင်းဆောင်အသစ်ကို သတ်ပစ်မည်ဟု အစ္စရေးဝန်ကြီးချုပ်ခြိမ်းခြောက်

 842

Pika (NP News) - မတ် ၁၅

အီရန်ထိပ်တန်းခေါင်းဆောင်အသစ် မိုဂျ်တာဘာခါမေနီကို သတ်ပစ်မည်ဟု အစ္စရေးဝန်ကြီး ချုပ်နေတန်ရာ ဟုက ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ အီရန်အပေါ် လုပ်ဆောင်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲစစ်ဆင် ရေးစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့သော သတင်းစာရှင်း လင်းပွဲတစ်ခုအတွင်း နေတန်ရာဟုက ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်နှင့်အစ္စရေးတို့၏ ပူးတွဲ တိုက်ခိုက်မှုများကြောင့် အီရန်သည် အရင်တုန်းကနှင့် လုံးဝမတူ တော့ကြောင်း နေတန်ရာဟုက ပြောကြားခဲ့သည်။ အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုများ အတွင်း အီရန်ထိပ် တန်းခေါင်းဆောင် အလီခါမေနီ သေဆုံးခဲ့မှုကို လက်စားချေသည့်အနေဖြင့် အစ္စရေးကို တိုက်ခိုက်မှု များလုပ် ဆောင်ခဲ့သော လက်ဘနွန်အခြေစိုက်ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကိုလည်း ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဟု နေတန်ရာ ဟုက ကတိပြုပြောဆိုခဲ့သည်။
အီရန်ထိပ်တန်း ခေါင်းဆောင်အသစ် မိုဂျ် တာဘာခါမေနီနှင့် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် နိမ်းကာဆန်တို့ကို အစ္စရေးက မည်ကဲ့ သို့အရေးယူမှုများဆောင်ရွက်သွားမလဲဆိုသည့် မေးခွန်းများကို နေတန်ရာဟုက တုံ့ပြန်ဖြေကြားခဲ့ကြောင်း လည်းသိရသည်။ နေတန်ရာဟုက ‘အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေမှန် သမျှအတွက် အသက်အာမခံကိုတော့ ကျွန်တော်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာတွေစီစဉ်နေလဲ၊ဘာ တွေလုပ် မယ်ဆိုတာနဲ့ပတ်သက်ပြီး တိကျတဲ့ သတင်း စကားတစ်ခုကိုပေးဖို့ ကျွန်တော် မရည်ရွယ်ထားပါဘူး’ဟုပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းသည် အမေရိကန်သမ္မတဒေါ် နယ်ထရမ့်နှင့် ဆွေးနွေးတိုင်ပင်မှုများကို နေ့စဉ်လုပ်ဆောင်နေပြီး ၎င်းတို့ကြား ဆွေးနွေးမှုများမှာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း နေတန်ရာဟုက ထပ်မံပြောကြားခဲ့သည်။

Zawgyi Version;
အီရန္ထိပ္တန္းေခါင္းေဆာင္အသစ္ကို သတ္ပစ္မည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၁၅
အီရန္ထိပ္တန္းေခါင္းေဆာင္အသစ္ မိုဂ်္တာဘာခါေမနီကို သတ္ပစ္မည္ဟု အစၥေရးဝန္ႀကီး ခ်ဳပ္ေနတန္ရာ ဟုက ၿခိမ္းေျခာက္ခဲ့ေၾကာင္းသိရသည္။ အီရန္အေပၚ လုပ္ေဆာင္ခဲ့သည့္ အေမရိကန္ႏွင့္ အစၥေရးတို႔၏ ပူးတြဲစစ္ဆင္ ေရးစတင္ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္လုပ္ေဆာင္ခဲ့ေသာ သတင္းစာရွင္း လင္းပြဲတစ္ခုအတြင္း ေနတန္ရာဟုက ယခုကဲ့သို႔ ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ အေမရိကန္ႏွင့္အစၥေရးတို႔၏ ပူးတြဲ တိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္သည္ အရင္တုန္းကႏွင့္ လုံးဝမတူ ေတာ့ေၾကာင္း ေနတန္ရာဟုက ေျပာၾကားခဲ့သည္။ အေမရိကန္ႏွင့္အစၥေရးတို႔၏ တိုက္ခိုက္မႈမ်ား အတြင္း အီရန္ထိပ္ တန္းေခါင္းေဆာင္ အလီခါေမနီ ေသဆုံးခဲ့မႈကို လက္စားေခ်သည့္အေနျဖင့္ အစၥေရးကို တိုက္ခိုက္မႈ မ်ားလုပ္ ေဆာင္ခဲ့ေသာ လက္ဘႏြန္အေျခစိုက္ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကိုလည္း ဆက္လက္ တိုက္ခိုက္ေခ်မႈန္းသြားမည္ဟု ေနတန္ရာ ဟုက ကတိျပဳေျပာဆိုခဲ့သည္။
အီရန္ထိပ္တန္း ေခါင္းေဆာင္အသစ္ မိုဂ်္ တာဘာခါေမနီႏွင့္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ နိမ္းကာဆန္တို႔ကို အစၥေရးက မည္ကဲ့ သို႔အေရးယူမႈမ်ားေဆာင္႐ြက္သြားမလဲဆိုသည့္ ေမးခြန္းမ်ားကို ေနတန္ရာဟုက တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္း လည္းသိရသည္။ ေနတန္ရာဟုက ‘အၾကမ္းဖက္ အဖြဲ႕အစည္းေတြရဲ႕ ေခါင္းေဆာင္ေတြမွန္ သမွ်အတြက္ အသက္အာမခံကိုေတာ့ ကြၽန္ေတာ္ေပးမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဘာေတြစီစဥ္ေနလဲ၊ဘာ ေတြလုပ္ မယ္ဆိုတာနဲ႔ပတ္သက္ၿပီး တိက်တဲ့ သတင္း စကားတစ္ခုကိုေပးဖို႔ ကြၽန္ေတာ္ မရည္႐ြယ္ထားပါဘူး’ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ၎သည္ အေမရိကန္သမၼတေဒၚ နယ္ထရမ့္ႏွင့္ ေဆြးေႏြးတိုင္ပင္မႈမ်ားကို ေန႔စဥ္လုပ္ေဆာင္ေနၿပီး ၎တို႔ၾကား ေဆြးေႏြးမႈမ်ားမွာ လြတ္လပ္ၿပီး ပြင့္လင္းျမင္သာမႈရွိေၾကာင္း ေနတန္ရာဟုက ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.