ဩစတြေးလျမြောက်ပိုင်းမှာ ရေကြီးမှုနဲ့အတူ မိကျောင်းအန္တရာယ်ရှိကြောင်း ဒေသခံတွေကို သတိပေးထား

177

ရောင်နီ (NP News) - မတ် ၁၃
ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရေဘေးသင့်ဒေသရှိ ဒေသခံတွေအတွက် ရေထဲ ရောက်ရှိနေနိုင်တဲ့ မိကျောင်းအန္တရာယ်ကိုလည်း အထူးဂရုပြုကြဖို့ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းတွေ ရေလျှံကာ လူနေရပ်ကွက်တွေအတွင်းထိ ရေတွေ ဝင်ရောက်ခဲ့ပါတယ်။ ဒီလို ရေလျှံမှုကြောင့် မိကျောင်းတွေက ၎င်းတို့ရဲ့ မူလနေရင်းဒေသတွေမှ မျောလာပြီး ယခင်က မိကျောင်းမရှိခဲ့တဲ့နေရာတွေ၊ လမ်းမတွေနဲ့ အိမ်ဝင်းတွေအထိ ရောက်ရှိလာနိုင်တယ်လို့ သတိပေးထား ပါတယ်။
တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိတွေက ရေနောက်နေတဲ့အခါ မိကျောင်းရှိနေတာကို မမြင်နိုင်တာ ကြောင့် ရေကြီးနေတဲ့ လမ်းတွေ (သို့) ချောင်းတွေကို ခြေကျင်ဖြတ်သန်းခြင်း၊ ကစားခြင်း လုံးဝမပြုလုပ်ဖို့၊ ရေစပ်နားမှာ ကလေးငယ်တွေနဲ့ ခွေး၊ ကြောင်တွေကို လွှတ်မထားဖို့၊ မိကျောင်းတွေက ညဘက်မှာ ပိုမို လှုပ်ရှား တတ်တာကြောင့် မှောင်တဲ့အချိန်မှာ ရေစပ်အနီးအနား မသွားဖို့ တားမြစ်ထားပါတယ်။
ဩစတြေးလျမြောက်ပိုင်းနယ်မြေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ဆားငန်ရေမိကျောင်းတွေ အများဆုံး နေထိုင်ရာဒေသတစ်ခုဖြစ်ပါတယ်။ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း မိကျောင်းအန္တရာယ်က နှောင့်နှေးမှုတွေ ဖြစ်စေနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

Zawgyi Version;
ဩစေၾတးလ်ေျမာက္ပိုင္းမွာ ေရႀကီးမႈနဲ႔အတူ မိေက်ာင္းအႏၲရာယ္ရွိေၾကာင္း ေဒသခံေတြကို သတိေပးထား
ေရာင္နီ (NP News) - မတ္ ၁၃
ေရာင္နီ (NP News) - မတ္ ၁၃
ဩစေၾတးလ်ႏိုင္ငံ ေျမာက္ပိုင္းနယ္ေျမမွာ ျပင္းထန္တဲ့ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ ေရေဘးသင့္ေဒသရွိ ေဒသခံေတြအတြက္ ေရထဲ ေရာက္ရွိေနႏိုင္တဲ့ မိေက်ာင္းအႏၲရာယ္ကိုလည္း အထူးဂ႐ုျပဳၾကဖို႔ အာဏာပိုင္ေတြက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။
မၾကာေသးမီက မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ျမစ္ေခ်ာင္းေတြ ေရလွ်ံကာ လူေနရပ္ကြက္ေတြအတြင္းထိ ေရေတြ ဝင္ေရာက္ခဲ့ပါတယ္။ ဒီလို ေရလွ်ံမႈေၾကာင့္ မိေက်ာင္းေတြက ၎တို႔ရဲ႕ မူလေနရင္းေဒသေတြမွ ေမ်ာလာၿပီး ယခင္က မိေက်ာင္းမရွိခဲ့တဲ့ေနရာေတြ၊ လမ္းမေတြနဲ႔ အိမ္ဝင္းေတြအထိ ေရာက္ရွိလာႏိုင္တယ္လို႔ သတိေပးထား ပါတယ္။
ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးအရာရွိေတြက ေရေနာက္ေနတဲ့အခါ မိေက်ာင္းရွိေနတာကို မျမင္ႏိုင္တာ ေၾကာင့္ ေရႀကီးေနတဲ့ လမ္းေတြ (သို႔) ေခ်ာင္းေတြကို ေျခက်င္ျဖတ္သန္းျခင္း၊ ကစားျခင္း လုံးဝမျပဳလုပ္ဖို႔၊ ေရစပ္နားမွာ ကေလးငယ္ေတြနဲ႔ ေခြး၊ ေၾကာင္ေတြကို လႊတ္မထားဖို႔၊ မိေက်ာင္းေတြက ညဘက္မွာ ပိုမို လႈပ္ရွား တတ္တာေၾကာင့္ ေမွာင္တဲ့အခ်ိန္မွာ ေရစပ္အနီးအနား မသြားဖို႔ တားျမစ္ထားပါတယ္။
ဩစေၾတးလ်ေျမာက္ပိုင္းနယ္ေျမဟာ ကမာၻေပၚမွာ အႏၲရာယ္အရွိဆုံး ဆားငန္ေရမိေက်ာင္းေတြ အမ်ားဆုံး ေနထိုင္ရာေဒသတစ္ခုျဖစ္ပါတယ္။ ေရႀကီးမႈေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ရာမွာလည္း မိေက်ာင္းအႏၲရာယ္က ေႏွာင့္ေႏွးမႈေတြ ျဖစ္ေစႏိုင္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။