သွား (၄၂) ချောင်းနဲ့ သွားအများဆုံး ဂင်းနစ် စံချိန်တင်ခဲ့တဲ့ မလေးရှားအမျိုးသား

184

ရောင်နီ (NP News) - မတ် ၁၃
မလေးရှားနိုင်ငံမှ အမျိုးသားတစ်ဦးဟာ ပုံမှန်လူတွေနဲ့မတူဘဲ ထူးထူးခြားခြား သွားအချောင်းရေ (၄၂) ချောင်းအထိ ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာမှာ သွားအများဆုံးပိုင်ဆိုင်ထားတဲ့အမျိုးသားအဖြစ် စံချိန်တင်ခဲ့ပါ တယ်။
အသက် (၃၄) နှစ်အရွယ်၊ ပရာသပ် မွန်နီယန်ဒီ အမည်ရှိတဲ့ အဆိုပါအမျိုးသားဟာ ပုံမှန်အရွယ်ရောက်ပြီး သူတစ်ဦးမှာ ရှိနေရမယ့် သွား (၃၂) ချောင်းထက် (၁၀) ချောင်း ပိုကာ စုစုပေါင်း (၄၂) ချောင်းအထိ ရှိနေတာ ဖြစ်ပါ တယ်။ သူဟာ ၂၀၂၃ ခုနှစ်ကတည်းက ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ မတ်လ (၅) ရက်နေ့က Guinness World Record page မှာ တင်ထားတဲ့ ဗွီဒီယိုမှာ ပရာသပ်ရဲ့ခံတွင်းထဲမှာ သွားဖုံးအပေါ်ဘက်နဲ့ ဘေးဘက်တွေမှာ သွားအပိုတွေ ထပ်ပေါက်နေတာတွေ့ရပါတယ်။ အဲဒီဗွီဒီယိုဟာ ကြည့်ရှုသူ (၅) သန်းကျော်ထိ ရှိခဲ့ပါတယ်။ ဗီဒီယိုထဲ မှာ လက်အိတ်ဝတ်ထားတဲ့ လူတစ်ယောက်က မစ္စတာ ပရာသပ်ရဲ့သွားတွေကို ရေတွက်ဖို့ သွားဖုံး ရှာဖွေရေး ကိရိယာကို အသုံးပြုနေတာကိုမြင်တွေ့နိုင်ပါတယ်။ ပျမ်းမျှလူတစ်ယောက်မှာ သွားတစ်တန်းပဲရှိပေမယ့် မစ္စတာ ပရာသပ်ရဲ့ ပါးစပ် ပတ်လည်မှာကတော့ ပုံမှန်ထက် နောက်ထပ်နှစ်ချောင်းလောက်စီ ထပ်ရှိနေတာ တွေ့ရပါတယ်။
ကမ္ဘာ့စံချိန်သစ်တင်နိုင်ခြင်းနဲ့ ပတ်သက်ပြီး မစ္စတာပရာသပ် က "ကျွန်တော်က သွားအများဆုံးရှိတဲ့ လူသား အဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်တယ်ဆိုတာ သိရတော့ အံ့ဩခဲ့ရပြီး ပျော်ရွှင်ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသမီးတွေထဲမှာ သွားအများဆုံး အဖြစ်ကတော့ အိန္ဒိယနိုင်ငံသား ကယ်လ်ပါနာ ဘာလန်က စုစုပေါင်း သွား (၃၈) ချောင်းနဲ့ ကမ္ဘာ့စံချိန်သစ် တင်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
သြား (၄၂) ေခ်ာင္းနဲ႔ သြားအမ်ားဆုံး ဂင္းနစ္ စံခ်ိန္တင္ခဲ့တဲ့ မေလးရွားအမ်ိဳးသား
ေရာင္နီ (NP News) - မတ္ ၁၃
မေလးရွားႏိုင္ငံမွ အမ်ိဳးသားတစ္ဦးဟာ ပုံမွန္လူေတြနဲ႔မတူဘဲ ထူးထူးျခားျခား သြားအေခ်ာင္းေရ (၄၂) ေခ်ာင္းအထိ ပိုင္ဆိုင္ထားတာေၾကာင့္ ကမာၻမွာ သြားအမ်ားဆုံးပိုင္ဆိုင္ထားတဲ့အမ်ိဳးသားအျဖစ္ စံခ်ိန္တင္ခဲ့ပါ တယ္။
အသက္ (၃၄) ႏွစ္အ႐ြယ္၊ ပရာသပ္ မြန္နီယန္ဒီ အမည္ရွိတဲ့ အဆိုပါအမ်ိဳးသားဟာ ပုံမွန္အ႐ြယ္ေရာက္ၿပီး သူတစ္ဦးမွာ ရွိေနရမယ့္ သြား (၃၂) ေခ်ာင္းထက္ (၁၀) ေခ်ာင္း ပိုကာ စုစုေပါင္း (၄၂) ေခ်ာင္းအထိ ရွိေနတာ ျဖစ္ပါ တယ္။ သူဟာ ၂၀၂၃ ခုႏွစ္ကတည္းက ဂင္းနစ္မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ မတ္လ (၅) ရက္ေန႔က Guinness World Record page မွာ တင္ထားတဲ့ ဗြီဒီယိုမွာ ပရာသပ္ရဲ႕ခံတြင္းထဲမွာ သြားဖုံးအေပၚဘက္နဲ႔ ေဘးဘက္ေတြမွာ သြားအပိုေတြ ထပ္ေပါက္ေနတာေတြ႕ရပါတယ္။ အဲဒီဗြီဒီယိုဟာ ၾကည့္ရႈသူ (၅) သန္းေက်ာ္ထိ ရွိခဲ့ပါတယ္။ ဗီဒီယိုထဲ မွာ လက္အိတ္ဝတ္ထားတဲ့ လူတစ္ေယာက္က မစၥတာ ပရာသပ္ရဲ႕သြားေတြကို ေရတြက္ဖို႔ သြားဖုံး ရွာေဖြေရး ကိရိယာကို အသုံးျပဳေနတာကိုျမင္ေတြ႕ႏိုင္ပါတယ္။ ပ်မ္းမွ်လူတစ္ေယာက္မွာ သြားတစ္တန္းပဲရွိေပမယ့္ မစၥတာ ပရာသပ္ရဲ႕ ပါးစပ္ ပတ္လည္မွာကေတာ့ ပုံမွန္ထက္ ေနာက္ထပ္ႏွစ္ေခ်ာင္းေလာက္စီ ထပ္ရွိေနတာ ေတြ႕ရပါတယ္။
ကမာၻ႔စံခ်ိန္သစ္တင္ႏိုင္ျခင္းနဲ႔ ပတ္သက္ၿပီး မစၥတာပရာသပ္ က "ကြၽန္ေတာ္က သြားအမ်ားဆုံးရွိတဲ့ လူသား အျဖစ္ ကမာၻ႔စံခ်ိန္သစ္တင္ႏိုင္တယ္ဆိုတာ သိရေတာ့ အံ့ဩခဲ့ရၿပီး ေပ်ာ္႐ႊင္ရပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။
အမ်ိဳးသမီးေတြထဲမွာ သြားအမ်ားဆုံး အျဖစ္ကေတာ့ အိႏၵိယႏိုင္ငံသား ကယ္လ္ပါနာ ဘာလန္က စုစုေပါင္း သြား (၃၈) ေခ်ာင္းနဲ႔ ကမာၻ႔စံခ်ိန္သစ္ တင္ထားတယ္လို႔ သိရပါတယ္။