အစ္စရေးက လက်ဘနွန်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုကျူးလွန်သွားမှာကို စိုးရိမ်မိတယ်လို့ တူရကီအစိုးရပြော

 217

ပုံစာ။ ။ လက်ဘနွန်ရှိ ဖျက်ဆီးခံထားရသည့် အဆောက်အဦတစ်ခုကို တွေ့ရစဉ်
Pika(NP News)-မတ် ၁၅
လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးကဆက်လက်လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်မိတယ်လို့ တူရကီအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးက အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်တဲ့ပုံဟန်ဆောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုအသစ်တစ်ခု ကျူးလွန်သွားမှာကို စိုးရိမ်မိတယ်လို့လည်း တူရကီအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က”အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအသစ်တစ်ခုဆီ ဦးတည်သွားမှာကို ကျွန်တော်တို့ လုံးဝစိုးရိမ်မိပါတယ်။အစ္စရေးဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရင်ဆိုင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန်ထိပ်တန်းခေါင်ဆောင် အလီခါမေနီ သေဆုံးခဲ့မှုကို လက်စားချေတဲ့အနေနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
အစၥေရးက လက္ဘႏြန္မွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈတစ္ခုက်ဴးလြန္သြားမွာကို စိုးရိမ္မိတယ္လို႔ တူရကီအစိုးရေျပာ
Pika(NP News)-မတ္ ၁၅
လက္ဘႏြန္ႏိုင္ငံအေပၚ အစၥေရးကဆက္လက္လုပ္ေဆာင္ေနတဲ့ တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အလြန္စိုးရိမ္မိတယ္လို႔ တူရကီအစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးက အီရန္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္တဲ့ပုံဟန္ေဆာင္ၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈအသစ္တစ္ခု က်ဴးလြန္သြားမွာကို စိုးရိမ္မိတယ္လို႔လည္း တူရကီအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။တူရကီႏိုင္ငံျခားေရးဝန္ႀကီး ဟာကန္ဖီဒန္က”အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈအသစ္တစ္ခုဆီ ဦးတည္သြားမွာကို ကြၽန္ေတာ္တို႔ လုံးဝစိုးရိမ္မိပါတယ္။အစၥေရးဆက္လက္က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြကို ရင္ဆိုင္ရာမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းက တတ္ႏိုင္သမွ် အျမန္ဆုံးလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြအတြင္း အီရန္ထိပ္တန္းေခါင္ေဆာင္ အလီခါေမနီ ေသဆုံးခဲ့မႈကို လက္စားေခ်တဲ့အေနနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဘက္ၾကား အျပန္အလွန္ပစ္ခတ္မႈေတြ ျပန္လည္ျဖစ္ပြားလာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.