ဂျပန်နိုင်ငံ၏ ဒုံးကျည်များဖြန့်ကြက်ချထားမှုက ဒေသတွင်းကို စစ်မီးတွင်းသို့ တွန်းပို့နေကြောင်း မြောက်ကိုရီးယားသတိပေး

289

ဂျန်ဇက် (NP News) - မတ် ၁၅
ဂျပန်နိုင်ငံ၏ အဝေးပစ်ဒုံးကျည်များ တပ်ဆင်ဖြန့်ကြက်မည့်အစီအစဉ်သည် အာရှ-ပစိဖိတ် ဒေသတွင်းလုံခြုံ ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပြီး ဒေသတွင်းကို မမျှော်မှန်းနိုင်သော အန္တရာယ် တွင်းသို့တွန်းပို့ နေခြင်းဖြစ် ကြောင်း မြောက်ကိုရီးယား ကသတိပေးလိုက်သည်။
ဂျပန်၏လုပ်ရပ်ကို “အလွန် အန္တရာယ်များသော အကြံအစည်” ဖြစ်သလို အမျိုးသားကာကွယ်ရေးဟူသောခေါင်းစဉ်ကို အကာအကွယ်ယူကာ အခြားနိုင်ငံများကို ကြိုတင်တိုက်ခိုက် နိုင်စွမ်းတည်ဆောက်နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ဝေဖန်ထားသည်။ ထို့ပြင် ဂျပန်၏ လုပ်ရပ်သည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကျင့်သုံးခဲ့သည့် နယ်ချဲ့စနစ်ကို ပြန်လည်အသက်သွင်းရန် ကြိုး ပမ်းနေခြင်းဖြစ်ပြီး၊ စစ်ရေး အင်အားတိုးချဲ့မှုများက ဒေသတွင်းကို “ပြန်လည်မကုစားနိုင်တော့မည့် ငရဲတွင်း “သို့တွန်းပို့ကာ စစ်ပွဲဆီသို့ ဦးတည် သွားစေနိုင်ကြောင်း မြောက်ကိုရီးယားဘက်ကပြောဆိုထားသည်။ ဂျပန်အစိုးရသည် ကီလိုမီတာ(၁,ဝဝဝ)ခန့် အထိ ပစ်ခတ်နိုင်စွမ်းရှိသည့်ခရုဇ်ဒုံးကျည်များကို ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ကူမာမိုတို ခရိုင်အပါအဝင် အိုအီတ နှင့် အိုကီနာဝါ ကျွန်းများတွင် ဖြန့်ကြက်သွားရန် စီစဉ်လျက်ရှိနေရာ မြောက်ကိုရီးယားဘက်က ယင်းကဲ့သို့ တုံ့ပြန်ဝေဖန်လာခြင်း ဖြစ်သည်။ ဂျပန်အစိုးရက ဒုံးကျည်များဖြန့်ကြက်ချထားရန်စီစဉ်ခြင်းသည် မြောက် ကိုရီးယား၏တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုများနှင့် ဒေသတွင်းစစ်ရေးခြိမ်းခြောက်မှုများကို တန်ပြန် ဟန့်တားရန်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်း ရေးကို ထိန်းသိမ်းရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ မြောက်ကိုရီးယားနိုင်ငံ သည် ဂျပန်ပင် လယ်ပြင်နှင့် ပစိဖိတ်သမုဒ္ဒရာဘက်သို့ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော ဒုံးကျည်များကို မကြာခဏစမ်းသပ် ပစ်ခတ်လျက်ရှိနေရာ မြောက်ကိုရီးယား၏ စစ်ရေးစွမ်းရည် တိုးတက်လာမှု အပေါ် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က စိုးရိမ်မှုများမြင့်တက်လာခဲ့ကြောင်းသိရသည်။ အာရှ-ပစိဖိတ်ဒေသအတွင်းတွင် နိုင်ငံများကြား စစ်လက် နက်ပစ္စည်းများစမ်းသပ်ခြင်းနှင့် ဖြန့်ကြက်ချထားခြင်း သည်ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့အာရှဒေသ၏ စစ်ရေးတင်းမာမှုမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာ ဖွယ်ရှိနေကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက သုံးသပ်ဖော်ပြ ထားသည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ၏ ဒုံးက်ည္မ်ားျဖန႔္ၾကက္ခ်ထားမႈက ေဒသတြင္းကို စစ္မီးတြင္းသို႔ တြန္းပို႔ေနေၾကာင္း ေျမာက္ကိုရီးယားသတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၁၅
ဂ်ပန္ႏိုင္ငံ၏ အေဝးပစ္ဒုံးက်ည္မ်ား တပ္ဆင္ျဖန႔္ၾကက္မည့္အစီအစဥ္သည္ အာရွ-ပစိဖိတ္ ေဒသတြင္းလုံၿခဳံ ေရးကို ဆိုး႐ြားစြာ ၿခိမ္းေျခာက္လ်က္ရွိၿပီး ေဒသတြင္းကို မေမွ်ာ္မွန္းႏိုင္ေသာ အႏၲရာယ္ တြင္းသို႔တြန္းပို႔ ေနျခင္းျဖစ္ ေၾကာင္း ေျမာက္ကိုရီးယား ကသတိေပးလိုက္သည္။ ဂ်ပန္၏လုပ္ရပ္ကို “အလြန္ အႏၲရာယ္မ်ားေသာ အႀကံအစည္” ျဖစ္သလို အမ်ိဳးသားကာကြယ္ေရးဟူေသာေခါင္းစဥ္ကို အကာအကြယ္ယူကာ အျခားႏိုင္ငံမ်ားကို ႀကိဳတင္တိုက္ခိုက္ ႏိုင္စြမ္းတည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ေဝဖန္ထားသည္။ ထို႔ျပင္ ဂ်ပန္၏ လုပ္ရပ္သည္ ဒုတိယကမာၻစစ္မတိုင္မီက က်င့္သုံးခဲ့သည့္ နယ္ခ်ဲ႕စနစ္ကို ျပန္လည္အသက္သြင္းရန္ ႀကိဳး ပမ္းေနျခင္းျဖစ္ၿပီး၊ စစ္ေရး အင္အားတိုးခ်ဲ႕မႈမ်ားက ေဒသတြင္းကို “ျပန္လည္မကုစားႏိုင္ေတာ့မည့္ ငရဲတြင္း “သို႔တြန္းပို႔ကာ စစ္ပြဲဆီသို႔ ဦးတည္ သြားေစႏိုင္ေၾကာင္း ေျမာက္ကိုရီးယားဘက္ကေျပာဆိုထားသည္။ ဂ်ပန္အစိုးရသည္ ကီလိုမီတာ(၁,ဝဝဝ)ခန႔္ အထိ ပစ္ခတ္ႏိုင္စြမ္းရွိသည့္ခ႐ုဇ္ဒုံးက်ည္မ်ားကို ဂ်ပန္ႏိုင္ငံ အေနာက္ပိုင္းရွိ ကူမာမိုတို ခ႐ိုင္အပါအဝင္ အိုအီတ ႏွင့္ အိုကီနာဝါ ကြၽန္းမ်ားတြင္ ျဖန႔္ၾကက္သြားရန္ စီစဥ္လ်က္ရွိေနရာ ေျမာက္ကိုရီးယားဘက္က ယင္းကဲ့သို႔ တုံ႔ျပန္ေဝဖန္လာျခင္း ျဖစ္သည္။ ဂ်ပန္အစိုးရက ဒုံးက်ည္မ်ားျဖန႔္ၾကက္ခ်ထားရန္စီစဥ္ျခင္းသည္ ေျမာက္ ကိုရီးယား၏တိုက္ခ်င္းပစ္ဒုံးက်ည္ စမ္းသပ္မႈမ်ားႏွင့္ ေဒသတြင္းစစ္ေရးၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ ဟန႔္တားရန္ျဖစ္ၿပီး ေဒသတြင္းတည္ၿငိမ္ေအးခ်မ္း ေရးကို ထိန္းသိမ္းရန္ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံ သည္ ဂ်ပန္ပင္ လယ္ျပင္ႏွင့္ ပစိဖိတ္သမုဒၵရာဘက္သို႔ န်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏိုင္ေသာ ဒုံးက်ည္မ်ားကို မၾကာခဏစမ္းသပ္ ပစ္ခတ္လ်က္ရွိေနရာ ေျမာက္ကိုရီးယား၏ စစ္ေရးစြမ္းရည္ တိုးတက္လာမႈ အေပၚ ဂ်ပန္၊ ေတာင္ကိုရီးယားႏွင့္ အေမရိကန္တို႔က စိုးရိမ္မႈမ်ားျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ အာရွ-ပစိဖိတ္ေဒသအတြင္းတြင္ ႏိုင္ငံမ်ားၾကား စစ္လက္ နက္ပစၥည္းမ်ားစမ္းသပ္ျခင္းႏွင့္ ျဖန႔္ၾကက္ခ်ထားျခင္း သည္ကိုရီးယားကြၽန္းဆြယ္ႏွင့္ အေရွ႕အာရွေဒသ၏ စစ္ေရးတင္းမာမႈမွာ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိလာ ဖြယ္ရွိေနေၾကာင္း ႏိုင္ငံတကာ သတင္းမီဒီယာမ်ားက သုံးသပ္ေဖာ္ျပ ထားသည္။