ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် Survey ကောက်ယူခြင်းကို လာမည့်မေလအတွင်း စတင် ဖွယ်ရှိ

244

Pearl (NP News) - မတ် ၁၇
မြန်မာ-တရုတ်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံထားသော ပထမဆုံးအကြီးစား အခြေခံအဆောက် အအုံ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အစိုးရအပြောင်းအလဲအပြီး အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီး Survey ကောက်ယူခြင်းကို လာမည့်မေလအတွင်း စတင်နိုင် ဖွယ်ရှိကြောင်း ကျောက်ဖြူမှ လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
“အစိုးရအသစ်က သင်္ကြန်အလွန်မှာစပြီး အလုပ်လုပ်မှာလေ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းက လည်း အစိုးရအေပြာင်းအလဲကိုစောင့်နေတာ။ အစိုး ရသစ်ဖွဲ့ပြီးတဲ့အချိန်ကျရင် အင်နဲ့အားနဲ့ စလုပ်မှာ ပေါ့နော်။ တရုတ်ရဲ့ investment တွေ အားလုံးလိုလိုက အစိုးရသစ်ဖွဲ့ပြီးတဲ့အချိန်ကျရင် ဝင်ပြီးတော့ ဝုန်းခနဲ ဒိုင်းခနဲ လုပ်ကြမယ့်အနေအထားတွေရှိတယ်။ ကျောက်ဖြူ SEZ လုပ်မယ့်နေရာတွေ လုံခြုံရေး အတွက်လည်း အေးအေးဆေးဆေးပဲ။ အခု ရေနက် ဆိပ်ကမ်းဆောက်ဖို့အတွက် ဆာဗေး ဝင်ရမယ်လေ။ ဆာဗေးတွေကလည်း အစိုးရသစ်လက်ထက် အစ ပိုင်းလောက် ဧပြီလကုန်လောက်မှာ စပြီးဝင်မယ်။ ကူ မင်း - မန္တလေး - ကျောက်ဖြူ ရထားလမ်းစီမံကိန်း ကလည်း (၂၀၂၆) မှာ မလွဲမသေ စလုပ်တော့မှာ”ဟု ပြောသည်။
လက်ရှိတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏ ကနဦးလုပ်ငန်းစဉ် ရေလှောင်ကန် တည် ဆောက်ရေးအတွက် ပြင်ဆင်မှုများ စတင်လာပြီဖြစ်ကြောင်းလည်း သိရသည်။ “ရန်ကုန်ကနေ ယန္တရား တွေ၊ စက်သုံးဆီတွေ ပို့နေပြီ။ မြေပြင်မှာကတော့ ကနဦးလုပ်ငန်းတွေအားလုံးလုပ်နေပြီ။ မြေယာ လျော် ကြေးလည်း ပေးပြီးပြီ။ သန့်ရှင်းရေးလည်း လုပ်ပြီးပြီ။ ဒီလမကုန်ခင် စလုပ်ပြီ။ ဒီလအတွင်းမှာ မဖြစ် မနေ စလုပ်မှာ”ဟု ပြောသည်။
အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ကျောက်ဖြူဒေသ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည် သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင် သော စီမံကိန်းတစ်ခုဖြစ်ပြီး အာရှ- အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှု အချက်အချာနေရာတစ်ခုဖြစ်လာနိုင်ကာ မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိပ်ခံ တံတား (၁၀)ခုပါဝင်မည်ဖြစ်၍ စီမံကိန်းလုပ်ငန်းများ ပြီးစီးပါက နှစ်စဉ် ပေ (၂၀) ကွန်တိန်နာ အလုံးရေ (၇) သန်းခန့် ကုန်တင်ကုန်ချပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းအတြက္ Survey ေကာက္ယူျခင္းကို လာမည့္ေမလအတြင္း စတင္ ဖြယ္ရွိ
Pearl (NP News) - မတ္ ၁၇
ျမန္မာ-တ႐ုတ္ပူးေပါင္း၍ ရင္းႏွီးျမႇဳပ္ႏွံထားေသာ ပထမဆုံးအႀကီးစား အေျခခံအေဆာက္ အအုံ စီမံကိန္းျဖစ္သည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းကို အစိုးရအေျပာင္းအလဲအၿပီး အျမန္ဆုံး အေကာင္အထည္ေဖာ္ရန္ ျပင္ဆင္ေနၿပီး Survey ေကာက္ယူျခင္းကို လာမည့္ေမလအတြင္း စတင္ႏိုင္ ဖြယ္ရွိေၾကာင္း ေက်ာက္ျဖဴမွ လုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။
“အစိုးရအသစ္က သၾကၤန္အလြန္မွာစၿပီး အလုပ္လုပ္မွာေလ။ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းက လည္း အစိုးရေအျပာင္းအလဲကိုေစာင့္ေနတာ။ အစိုး ရသစ္ဖြဲ႕ၿပီးတဲ့အခ်ိန္က်ရင္ အင္နဲ႔အားနဲ႔ စလုပ္မွာ ေပါ့ေနာ္။ တ႐ုတ္ရဲ႕ investment ေတြ အားလုံးလိုလိုက အစိုးရသစ္ဖြဲ႕ၿပီးတဲ့အခ်ိန္က်ရင္ ဝင္ၿပီးေတာ့ ဝုန္းခနဲ ဒိုင္းခနဲ လုပ္ၾကမယ့္အေနအထားေတြရွိတယ္။ ေက်ာက္ျဖဴ SEZ လုပ္မယ့္ေနရာေတြ လုံၿခဳံေရး အတြက္လည္း ေအးေအးေဆးေဆးပဲ။ အခု ေရနက္ ဆိပ္ကမ္းေဆာက္ဖို႔အတြက္ ဆာေဗး ဝင္ရမယ္ေလ။ ဆာေဗးေတြကလည္း အစိုးရသစ္လက္ထက္ အစ ပိုင္းေလာက္ ဧၿပီလကုန္ေလာက္မွာ စၿပီးဝင္မယ္။ ကူ မင္း - မႏၲေလး - ေက်ာက္ျဖဴ ရထားလမ္းစီမံကိန္း ကလည္း (၂၀၂၆) မွာ မလြဲမေသ စလုပ္ေတာ့မွာ”ဟု ေျပာသည္။
လက္ရွိတြင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္း၏ ကနဦးလုပ္ငန္းစဥ္ ေရေလွာင္ကန္ တည္ ေဆာက္ေရးအတြက္ ျပင္ဆင္မႈမ်ား စတင္လာၿပီျဖစ္ေၾကာင္းလည္း သိရသည္။ “ရန္ကုန္ကေန ယႏၲရား ေတြ၊ စက္သုံးဆီေတြ ပို႔ေနၿပီ။ ေျမျပင္မွာကေတာ့ ကနဦးလုပ္ငန္းေတြအားလုံးလုပ္ေနၿပီ။ ေျမယာ ေလ်ာ္ ေၾကးလည္း ေပးၿပီးၿပီ။ သန႔္ရွင္းေရးလည္း လုပ္ၿပီးၿပီ။ ဒီလမကုန္ခင္ စလုပ္ၿပီ။ ဒီလအတြင္းမွာ မျဖစ္ မေန စလုပ္မွာ”ဟု ေျပာသည္။
အဆိုပါ ေရနက္ဆိပ္ကမ္းစီမံကိန္းသည္ ေက်ာက္ျဖဴေဒသ အပါအဝင္ ရခိုင္ျပည္နယ္ရွိ ျပည္ သူမ်ား၏ လူေနမႈအဆင့္အတန္းကို ျမႇင့္တင္ရန္ႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားကို ဖန္တီးေပးႏိုင္ ေသာ စီမံကိန္းတစ္ခုျဖစ္ၿပီး အာရွ- အာဖရိကႏွင့္ ဥေရာပတိုက္ႀကီးမ်ားႏွင့္ ဆက္သြယ္မည့္ ကုန္သြယ္မႈ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာႏိုင္ကာ ျမန္မာႏိုင္ငံႏွင့္ ေဒသတြင္း၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးကို ျမႇင့္တင္ေပးႏိုင္ေၾကာင္း သိရသည္။
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို အဆင့္(၄)ဆင့္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဆိပ္ခံ တံတား (၁၀)ခုပါဝင္မည္ျဖစ္၍ စီမံကိန္းလုပ္ငန္းမ်ား ၿပီးစီးပါက ႏွစ္စဥ္ ေပ (၂၀) ကြန္တိန္နာ အလုံးေရ (၇) သန္းခန႔္ ကုန္တင္ကုန္ခ်ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။