ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဒေါ်လာ (၃.၃) သန်းကျော် လုယက်မှုနဲ့ ယာကူဇာဂိုဏ်းဝင် အပါအဝင် လူ ၇ ဦးကို ဖမ်းဆီးရမိ

156

ရောင်နီ (NP News) - မတ် ၁၇
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ယူနိုခရိုင်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ ယန်း ၄၂၀ သန်း (စင်ကာပူ ဒေါ်လာ ၃.၃ သန်းခန့်) လုယက်မှုနဲ့ပတ်သက်ပြီး ယာကူဇာဂိုဏ်းဝင်တွေ အပါအဝင် အမျိုးသား ၇ ဦးကို ရဲတပ်ဖွဲ့က မတ်လ ၁၄ ရက် မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဂျပန်ရဲ့အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်တဲ့ Yamaguchi-gumi ရဲ့ လက်အောက်ခံအဖွဲ့မှ အသက် ၂၁ နှစ်အရွယ် အမှုဆောင်အဖွဲ့ဝင် ဂျီယူကာနို နဲ့ အခြားအမျိုးသား ၆ ဦး ဖြစ်တယ်လို့ သိရပါတယ်။ ၄င်းတို့ဟာ ဇန်နဝါရီလ ၂၉ ရက် ညက ယူနို ခရိုင်မှာ အသက် ၄၀ ကျော်အရွယ် တရုတ်အမျိုးသား တစ်ဦးထံမှ ငွေသားအပြည့်ထည့်ထားတဲ့ ခရီးဆောင်အိတ် ၃ လုံးကို လုယက်ခဲ့တယ်လို့ ဆိုထားပါတယ်။ လုယက်မှု ကျူးလွန်စဉ်အတွင်း တရားခံတွေက တရုတ်အမျိုးသားကို ငရုတ်ကောင်းစပရေး နဲ့ ပက်ဖျန်းတိုက်ခိုက်ခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ အမြန်မောင်းနှင် ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
ယူနိုခရိုင်မှာ အဲဒီလုယက်ခံရမှုပြီးနောက် နာရီပိုင်းအကြာ ဟာနီဒါလေဆိပ်မှာ ယန်း ၁၉၀ သန်း သယ်ဆောင် လာတဲ့ အမျိုးသား ၄ ဦးကို အခြားလူတစ်စုက ထပ်မံတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီ ဖြစ်စဉ်မှာတော့ ငွေသားတစ်စုံတစ်ရာ ပါသွားတာမျိုး မရှိပေမယ့် ရဲတပ်ဖွဲ့ကတော့ ယခုဖမ်းမိထားတဲ့အဖွဲ့နဲ့ ဆက်စပ်နိုင်ခြေရှိတယ်လို့ ယူဆထားပါတယ်။ လက်ရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူတွေကို ဆက်လက်စစ်ဆေး မေးမြန်းနေပြီး ပျောက်ဆုံးနေတဲ့ငွေကြေးကိုလည်း ပြန်လည်ရရှိအောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ ေဒၚလာ (၃.၃) သန္းေက်ာ္ လုယက္မႈနဲ႔ ယာကူဇာဂိုဏ္းဝင္ အပါအဝင္ လူ ၇ ဦးကို ဖမ္းဆီးရမိ
ေရာင္နီ (NP News) - မတ္ ၁၇
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕၊ ယူႏိုခ႐ိုင္မွာ ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္းက ျဖစ္ပြားခဲ့တဲ့ ယန္း ၄၂၀ သန္း (စင္ကာပူ ေဒၚလာ ၃.၃ သန္းခန႔္) လုယက္မႈနဲ႔ပတ္သက္ၿပီး ယာကူဇာဂိုဏ္းဝင္ေတြ အပါအဝင္ အမ်ိဳးသား ၇ ဦးကို ရဲတပ္ဖြဲ႕က မတ္လ ၁၄ ရက္ မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။
ဖမ္းဆီးခံရသူေတြဟာ ဂ်ပန္ရဲ႕အင္အားအႀကီးဆုံး ရာဇဝတ္ဂိုဏ္းတစ္ခုျဖစ္တဲ့ Yamaguchi-gumi ရဲ႕ လက္ေအာက္ခံအဖြဲ႕မွ အသက္ ၂၁ ႏွစ္အ႐ြယ္ အမႈေဆာင္အဖြဲ႕ဝင္ ဂ်ီယူကာႏို နဲ႔ အျခားအမ်ိဳးသား ၆ ဦး ျဖစ္တယ္လို႔ သိရပါတယ္။ ၄င္းတို႔ဟာ ဇန္နဝါရီလ ၂၉ ရက္ ညက ယူႏို ခ႐ိုင္မွာ အသက္ ၄၀ ေက်ာ္အ႐ြယ္ တ႐ုတ္အမ်ိဳးသား တစ္ဦးထံမွ ေငြသားအျပည့္ထည့္ထားတဲ့ ခရီးေဆာင္အိတ္ ၃ လုံးကို လုယက္ခဲ့တယ္လို႔ ဆိုထားပါတယ္။ လုယက္မႈ က်ဴးလြန္စဥ္အတြင္း တရားခံေတြက တ႐ုတ္အမ်ိဳးသားကို င႐ုတ္ေကာင္းစပေရး နဲ႔ ပက္ဖ်န္းတိုက္ခိုက္ခဲ့ၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာမွ အျမန္ေမာင္းႏွင္ ထြက္ေျပးခဲ့ၾကတယ္လို႔ သိရပါတယ္။
ယူႏိုခ႐ိုင္မွာ အဲဒီလုယက္ခံရမႈၿပီးေနာက္ နာရီပိုင္းအၾကာ ဟာနီဒါေလဆိပ္မွာ ယန္း ၁၉၀ သန္း သယ္ေဆာင္ လာတဲ့ အမ်ိဳးသား ၄ ဦးကို အျခားလူတစ္စုက ထပ္မံတိုက္ခိုက္ခဲ့တဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါေသးတယ္။ အဲဒီ ျဖစ္စဥ္မွာေတာ့ ေငြသားတစ္စုံတစ္ရာ ပါသြားတာမ်ိဳး မရွိေပမယ့္ ရဲတပ္ဖြဲ႕ကေတာ့ ယခုဖမ္းမိထားတဲ့အဖြဲ႕နဲ႔ ဆက္စပ္ႏိုင္ေျခရွိတယ္လို႔ ယူဆထားပါတယ္။ လက္ရွိ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိသူေတြကို ဆက္လက္စစ္ေဆး ေမးျမန္းေနၿပီး ေပ်ာက္ဆုံးေနတဲ့ေငြေၾကးကိုလည္း ျပန္လည္ရရွိေအာင္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။