ပင်လယ်ကွေ့ကို စစ်သင်္ဘောစေလွှတ်ဖို့ ဂျပန်အနေနဲ့ ဥပဒေရေးရာ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ဆို

 143

ရောင်နီ (NP News) - မတ် ၁၇

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲမှာ အမေရိကန်နဲ့ အီရန်အကြား စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ကြား ပင်လယ်ကွေ့ရေနံလမ်းကြောင်း ကာကွယ်ရေးအတွက် ဂျပန်စစ်သင်္ဘောတွေစေလွှတ်ဖို့ ဥပဒေကြောင်းအရ အလွန်ခက်ခဲတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဂျပန်အာဏာရပါတီမူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်က မတ်လ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဂျပန် အပါအဝင် မဟာမိတ်နိုင်ငံတွေ ပူးပေါင်းပါဝင်ဖို့တောင်းဆိုခဲ့ခြင်းအပေါ် ဂျပန်ဘက်က အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဂျပန်နိုင်ငံရဲ့ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ကို ပြည်ပ စေလွှတ်ဖို့ဟာ နိုင်ငံရေးအရ အလွန်ထိလွယ်ရှလွယ်ရှိတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာရ Liberal Democratic Party (LDP) ရဲ့ မူဝါဒအကြီးအကဲ တကာယူကီ ကိုဘာရာရှီ က NHK ရုပ်သံ အစီအစဉ်မှာ ပြောကြားချက်အရ "လက်ရှိဥပဒေတွေအရ စစ်သင်္ဘောတွေ စေလွှတ်ဖို့ဆိုတာ အလွန်မြင့်မားတဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဥပဒေအရ ဖြစ်နိုင်ခြေကို လုံးဝပယ်ချတာမျိုး မဟုတ်ပေမဲ့ လက်ရှိ ပဋိပက္ခ အခြေအနေတွေအရ အလွန်ကို သတိထားစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်" ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာ့ပဉ္စမမြောက် ရေနံတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ရေနံလိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရပါတယ်။ ယခု အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းကြောင့် ဂျပန်ကိုတင်သွင်းတဲ့ ရေနံ ၇၀ ရာခိုင်နှုန်းခန့် လမ်းကြောင်းပြတ်တောက်နေကာ စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဆာနဲတာကိုင်ရှီက ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ကိုသွားရောက်ကာ သမ္မတထရမ့်နဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲဒီခရီးစဉ်မှာ အီရန်ပဋိပက္ခနဲ့ပင်လယ်ကွေ့လုံခြုံရေး ကိစ္စရပ်တွေ၊ အမေရိကန်က တောင်းဆိုထားတဲ့ စစ်ရေး အင်အားဖြည့်တင်းမှုအသေးစိတ်အစီအစဉ်တွေနဲ့ အရှေ့အာရှလုံခြုံရေးဘောင်အတွင်း လစ်ဟာမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
ပင္လယ္ေကြ႕ကို စစ္သေဘၤာေစလႊတ္ဖို႔ ဂ်ပန္အေနနဲ႔ ဥပေဒေရးရာ ကန႔္သတ္ခ်က္ေတြ ရွိေနတယ္လို႔ ဆို
ေရာင္နီ (NP News) - မတ္ ၁၇
အေရွ႕အလယ္ပိုင္းေဒသစစ္ပြဲမွာ အေမရိကန္နဲ႔ အီရန္အၾကား စစ္ေရးပဋိပကၡျပင္းထန္ေနတဲ့ၾကား ပင္လယ္ေကြ႕ေရနံလမ္းေၾကာင္း ကာကြယ္ေရးအတြက္ ဂ်ပန္စစ္သေဘၤာေတြေစလႊတ္ဖို႔ ဥပေဒေၾကာင္းအရ အလြန္ခက္ခဲတဲ့အေျခအေနမွာ ရွိေနတယ္လို႔ ဂ်ပန္အာဏာရပါတီမူဝါဒေရးရာ အႀကံေပးပုဂၢိဳလ္က မတ္လ ၁၅ ရက္မွာ ေျပာၾကားလိုက္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေဟာ္မုဇ္ေရလက္ၾကား လုံၿခဳံေရးအတြက္ ဂ်ပန္ အပါအဝင္ မဟာမိတ္ႏိုင္ငံေတြ ပူးေပါင္းပါဝင္ဖို႔ေတာင္းဆိုခဲ့ျခင္းအေပၚ ဂ်ပန္ဘက္က အခုလိုတုံ႔ျပန္လိုက္တာျဖစ္ပါတယ္။ လက္ရွိ ဂ်ပန္ႏိုင္ငံရဲ႕ၿငိမ္းခ်မ္းေရး ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ (SDF) ကို ျပည္ပ ေစလႊတ္ဖို႔ဟာ ႏိုင္ငံေရးအရ အလြန္ထိလြယ္ရွလြယ္ရွိတဲ့ကိစၥရပ္တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။
အာဏာရ Liberal Democratic Party (LDP) ရဲ႕ မူဝါဒအႀကီးအကဲ တကာယူကီ ကိုဘာရာရွီ က NHK ႐ုပ္သံ အစီအစဥ္မွာ ေျပာၾကားခ်က္အရ "လက္ရွိဥပေဒေတြအရ စစ္သေဘၤာေတြ ေစလႊတ္ဖို႔ဆိုတာ အလြန္ျမင့္မားတဲ့ ကန႔္သတ္ခ်က္ေတြ ရွိေနပါတယ္။ ဥပေဒအရ ျဖစ္ႏိုင္ေျခကို လုံးဝပယ္ခ်တာမ်ိဳး မဟုတ္ေပမဲ့ လက္ရွိ ပဋိပကၡ အေျခအေနေတြအရ အလြန္ကို သတိထားစဥ္းစားရမယ့္ကိစၥျဖစ္ပါတယ္" ဆိုပါတယ္။
ဂ်ပန္ႏိုင္ငံဟာ ကမာၻ႔ပၪၥမေျမာက္ ေရနံတင္သြင္းမႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ေရနံလိုအပ္ခ်က္ ၉၅ ရာခိုင္ႏႈန္းကို အေရွ႕အလယ္ပိုင္းမွ တင္သြင္းေနရပါတယ္။ ယခု အီရန္က ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ထားျခင္းေၾကာင့္ ဂ်ပန္ကိုတင္သြင္းတဲ့ ေရနံ ၇၀ ရာခိုင္ႏႈန္းခန႔္ လမ္းေၾကာင္းျပတ္ေတာက္ေနကာ စြမ္းအင္လုံၿခဳံေရးအတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာနဲတာကိုင္ရွီက ယခုသီတင္းပတ္အတြင္း အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ကိုသြားေရာက္ကာ သမၼတထရမ့္နဲ႔ေတြ႕ဆုံဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
အဲဒီခရီးစဥ္မွာ အီရန္ပဋိပကၡနဲ႔ပင္လယ္ေကြ႕လုံၿခဳံေရး ကိစၥရပ္ေတြ၊ အေမရိကန္က ေတာင္းဆိုထားတဲ့ စစ္ေရး အင္အားျဖည့္တင္းမႈအေသးစိတ္အစီအစဥ္ေတြနဲ႔ အေရွ႕အာရွလုံၿခဳံေရးေဘာင္အတြင္း လစ္ဟာမႈမရွိေစေရး ပူးေပါင္းေဆာင္႐ြက္မႈေတြကို ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.