KIA ငြင်းနေသော မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှုကို နိုင်ငံခြားသား လက်နက်ပွဲစား ဖွင့်ချ

1661

ALynn (NP News)- မတ် ၂၄
မြစ်ကြီးနားလေဆိပ်ရှိ ခရီးသည်တင်လေယာဉ်အား တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း KIA က ငြင်းဆိုထားသော်လည်း ၎င်းတို့အား စစ်သင်တန်းနှင့် ဒရုန်းနည်းပညာများ ပံ့ပိုးပေးခဲ့သည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက်အရ ယင်းတိုက်ခိုက်မှုမှာ KIA နှင့် PDF ပူးပေါင်းအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပေါ်ပေါက်လာသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ခရီးသည်များတင်ဆောင်၍ မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA နှင့် PDF အဖွဲ့များက FPV Suicide Drones များ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်ကာ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့တွင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို တိုက်ခိုက်သည့် မူဝါဒမရှိကြောင်း တုံ့ပြန်ခဲ့သည်။
“မြစ်ကြီးနား ပြည်သူလူထု လေကြောင်းကို ပစ်ခတ်တာက ကျနော်တို့ KIAနဲ့ PDF ကို စွပ်စွဲထားတာ တွေ့ရပါတယ်။ ကျနော်တို့ KIA ရဲ့ မူဝါဒက အခုလိုမျိုး ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အိုးအိမ်တွေ ကားတွေ ပစ္စည်းတွေ သင်္ဘောတွေ လေယာဉ်တွေ ပစ်ခတ်ဖို့ ကျနော်တို့ ပေါ်လစီမရှိပါဘူး။ ပြည်သူလူထု ထိခိုက်နစ်နာတာမျိုးကို ကျနော်တို့ ဘယ်တော့မှ မလုပ်ဘူး။ အရင်တုန်းကလည်း လွန်ခဲ့တဲ့ အချိန်ကာလမှာလည်း ကျနော်တို့ အဲဒါမျိုး လုပ်တာမျိုးမရှိဘူး အခုလည်း မလုပ်ပါဘူး။ နောင်မှာလည်း လုပ်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
မတ်လ ၁၃ ရက်နေ့က အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်တွင် လက်နက်နှင့် ဒရုန်းသင်တန်းများ ပို့ချခဲ့သည့် ယူကရိန်းနိုင်ငံသား (၆) ဦးနှင့် အမေရိကန်နိုင်ငံသား Van Dyke အပါအဝင် စုစုပေါင်း (၇) ဦးကို လတ်ခနောင်း၊ ကာလကတ္တားနှင့် ဒေလီမြို့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့နောက် မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ဆေးမေးမြန်းမှုများအရ အမေရိကန်နိုင်ငံသား Van Dyke က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နှင့် (၂၀) ရက်နေ့များတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့များသည် Suicide Drones များကို အသုံးပြု၍ မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် Van Dyke က KIA နှင့် PDF များ၏ စစ်လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဒရုန်းအများအပြားကို အစိတ်အပိုင်းများအဖြစ် ခွဲခြားကာ (Knock-down condition) ဖြင့် လျှို့ဝှက်သယ်ယူပို့ဆောင်ပေးခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။
ယခုဖြစ်စဉ်အရ KIA အနေဖြင့် အများပြည်သူပိုင်နေရာများကို တိုက်ခိုက်ခြင်းမရှိဟု လူသိရှင်ကြား ငြင်းဆိုနေသော်လည်း မြေပြင်တွင်မူ နိုင်ငံခြားသားကျွမ်းကျင်သူများ၏ အကူအညီဖြင့် အဆင့်မြင့်ဒရုန်းနည်းပညာများကို အသုံးပြုကာ တိုက်ခိုက်မှုများ ဖော်ဆောင်နေကြောင်း သတင်းရင်းမြစ်များအရ ပေါ်လွင်နေသည်။

Zawgyi version:
ျမစ္ႀကီးနားေလဆိပ္ရွိ ခရီးသည္တင္ေလယာဥ္အား တိုက္ခိုက္ခဲ့ျခင္းမရွိေၾကာင္း KIA က ျငင္းဆိုထားေသာ္လည္း ၎တို႔အား စစ္သင္တန္းႏွင့္ ဒ႐ုန္းနည္းပညာမ်ား ပံ့ပိုးေပးခဲ့သည့္ ႏိုင္ငံျခားသားမ်ား၏ ထြက္ဆိုခ်က္အရ ယင္းတိုက္ခိုက္မႈမွာ KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕၏ လက္ခ်က္ျဖစ္ေၾကာင္း ေပၚေပါက္လာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) သည္ ခရီးသည္မ်ားတင္ေဆာင္၍ ျမစ္ႀကီးနားေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ ထြက္ခြာရန္ ျပင္ဆင္ေနစဥ္ KIA ႏွင့္ PDF အဖြဲ႕မ်ားက FPV Suicide Drones မ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ယင္းတိုက္ခိုက္မႈေၾကာင့္ ခရီးသည္တင္ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္အလယ္ပိုင္းႏွင့္ ေနာက္မီးပိုင္းတို႔တြင္ ဗုံးစထိမွန္ကာ ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ၎တို႔တြင္ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ ေနရာမ်ားကို တိုက္ခိုက္သည့္ မူဝါဒမရွိေၾကာင္း တုံ႔ျပန္ခဲ့သည္။
“ျမစ္ႀကီးနား ျပည္သူလူထု ေလေၾကာင္းကို ပစ္ခတ္တာက က်ေနာ္တို႔ KIAနဲ႔ PDF ကို စြပ္စြဲထားတာ ေတြ႕ရပါတယ္။ က်ေနာ္တို႔ KIA ရဲ႕ မူဝါဒက အခုလိုမ်ိဳး ျပည္သူလူထုနဲ႔ ပတ္သက္တဲ့ အိုးအိမ္ေတြ ကားေတြ ပစၥည္းေတြ သေဘၤာေတြ ေလယာဥ္ေတြ ပစ္ခတ္ဖို႔ က်ေနာ္တို႔ ေပၚလစီမရွိပါဘူး။ ျပည္သူလူထု ထိခိုက္နစ္နာတာမ်ိဳးကို က်ေနာ္တို႔ ဘယ္ေတာ့မွ မလုပ္ဘူး။ အရင္တုန္းကလည္း လြန္ခဲ့တဲ့ အခ်ိန္ကာလမွာလည္း က်ေနာ္တို႔ အဲဒါမ်ိဳး လုပ္တာမ်ိဳးမရွိဘူး အခုလည္း မလုပ္ပါဘူး။ ေနာင္မွာလည္း လုပ္မွာ မဟုတ္ပါဘူး” ဟု ၎က ဆိုသည္။
မတ္လ ၁၃ ရက္ေန႔က အိႏၵိယအမ်ိဳးသားစုံစမ္းစစ္ေဆးေရးေအဂ်င္စီ (NIA) ၏ ထုတ္ျပန္ခ်က္အရ ၿပီးခဲ့သည့္ ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီလအတြင္း ခ်င္းျပည္နယ္တြင္ လက္နက္ႏွင့္ ဒ႐ုန္းသင္တန္းမ်ား ပို႔ခ်ခဲ့သည့္ ယူကရိန္းႏိုင္ငံသား (၆) ဦးႏွင့္ အေမရိကန္ႏိုင္ငံသား Van Dyke အပါအဝင္ စုစုေပါင္း (၇) ဦးကို လတ္ခေနာင္း၊ ကာလကတၱားႏွင့္ ေဒလီၿမိဳ႕တို႔တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ မတ္လ ၂၃ ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္ စစ္ေဆးေမးျမန္းမႈမ်ားအရ အေမရိကန္ႏိုင္ငံသား Van Dyke က ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၂) ရက္ႏွင့္ (၂၀) ရက္ေန႔မ်ားတြင္ KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ Suicide Drones မ်ားကို အသုံးျပဳ၍ ျမစ္ႀကီးနားေလဆိပ္ကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ Van Dyke က KIA ႏွင့္ PDF မ်ား၏ စစ္လက္နက္လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္အတြက္ ဒ႐ုန္းအမ်ားအျပားကို အစိတ္အပိုင္းမ်ားအျဖစ္ ခြဲျခားကာ (Knock-down condition) ျဖင့္ လွ်ိဳ႕ဝွက္သယ္ယူပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း ဝန္ခံခဲ့သည္။
ယခုျဖစ္စဥ္အရ KIA အေနျဖင့္ အမ်ားျပည္သူပိုင္ေနရာမ်ားကို တိုက္ခိုက္ျခင္းမရွိဟု လူသိရွင္ၾကား ျငင္းဆိုေနေသာ္လည္း ေျမျပင္တြင္မူ ႏိုင္ငံျခားသားကြၽမ္းက်င္သူမ်ား၏ အကူအညီျဖင့္ အဆင့္ျမင့္ဒ႐ုန္းနည္းပညာမ်ားကို အသုံးျပဳကာ တိုက္ခိုက္မႈမ်ား ေဖာ္ေဆာင္ေနေၾကာင္း သတင္းရင္းျမစ္မ်ားအရ ေပၚလြင္ေနသည္။