ကသာမြို့တိုက်ပွဲတွင် မြို့ခံ (၁၅၀၀) ဝန်းကျင် ပိတ်မိနေ

 823

သန့်ဇင် (NP News) - မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) ကသာမြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး မြို့ခံ (၁၅၀၀) ဝန်းကျင် ပိတ်မိနေ ကြောင်း ဒေသခံများက NP News ကိုပြောသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်က စတင်ကာ KIA ၊ PDF တို့ဖော်ဆောင်ခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံများစွာ နေရပ်စွန့်ခွာခဲ့ရပြီး လက်ရှိအချိန်အထိ KIA ၊ PDF အဖွဲ့က မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ ထားသောကြောင့် ကျန်ရှိနေသည့် ဒေသခံများ၏ ထွက်ခွါခွင့်မရဖြစ်နေကြောင်း သိရသည်။
“ကသာ အထွက်လမ်းမှန်သမျှအကုန်ပိတ်ထားတာပါ။ အခုထိ မြို့ထဲမှာက လူတွေကျန်ပါသေးတယ်။ စုစုပေါင်း (၁၅၀၀) ဝန်းကျင်လောက် ကျန်ပါသေးတယ်။ ထွက်လမ်းမရှိတာကြောင့်ပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။
လက်ရှိအချိန်ထိလည်း ကသာမြို့ပေါ် ရပ်ကွက် (၁၀)ရပ်ကွက်အနက် (၅) ရပ်ကွက်တွင် တိုက်ပွဲများပြင်းထန်နေပြီး မြို့ဧရိယာ (၅၀) ရာခိုင်နှုန်းလည်း ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။
“အခုက ဒီမှာက ဖုန်းလိုင်းကော အင်တာနက်က အဆင်မပြေဘူးဗျ။ အဓိက တိုက်နေတာက PDF တွေပါ။ အဝါ ကျား ဦးထုတ်ကို ဆောင်းတယ်။ ရပ်ကွက် (၁၀) ရပ်ကွက်မှာ (၅) ရပ်ကွက်မှာ အဓိက တိုက်ပွဲတွေဖြစ်တယ်။ အရင်ကနဲ့ အခုကွာခြားမှုကတော့ အကုန်နီးပါးပါပဲ။ လူတွေလဲ သေဖို့ ထိုင်စောင့်နေသလိုပဲဗျာ။ ဘယ်အချိန် ရှော့တိုက်ကျလာမလဲဆိုတာ မသိနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်က စတင်ခဲ့သည့် ကသာမြို့တိုက်ပွဲကြောင့် ဒေသခံများစွာနေရပ်စွန့်ခွာခဲ့ရာမှ ဇန်နဝါရီ ပထမအပတ်တွင် တိုက်ပွဲများ ပြန်လည်တည်ငြိမ်သွားခဲ့သည့်အတွက် ဒေသခံများပြန်လည်ဝင်ရောက်လာခဲ့ ကြောင်း သိရသည်။
ထို့နောက် မတ်လ ၁၉ ရက်က ခြေမြန်တပ်ရင်း (ခမရ-၃၀၉) အနီးနှင့် သဖန်းကိုင်းကျေးရွာအနီးတို့တွင် တစ်ကြော့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် (၂) ဖက်အပြန်အလှန်ပစ်ခတ်မှုများအကြား မတ်လ ၂ဝ ရက် နှင့် မတ်လ ၂၁ တို့တွင် ဒေသခံများလည်း သေဆုံးခဲ့ ရကြောင်း သိရသည်။

Zawgyi Version;
ကသာၿမိဳ႕တိုက္ပြဲတြင္ ၿမိဳ႕ခံ (၁၅၀၀) ဝန္းက်င္ ပိတ္မိေန
သန႔္ဇင္ (NP News) - မတ္ ၂၄
စစ္ကိုင္းတိုင္းေဒသႀကီး (အထက္ပိုင္း) ကသာၿမိဳ႕တြင္ တိုက္ပြဲျဖစ္ပြားေနၿပီး ၿမိဳ႕ခံ (၁၅၀၀) ဝန္းက်င္ ပိတ္မိေန ေၾကာင္း ေဒသခံမ်ားက NP News ကိုေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၉) ရက္က စတင္ကာ KIA ၊ PDF တို႔ေဖာ္ေဆာင္ခဲ့သည့္ တိုက္ပြဲေၾကာင့္ ေဒသခံမ်ားစြာ ေနရပ္စြန႔္ခြာခဲ့ရၿပီး လက္ရွိအခ်ိန္အထိ KIA ၊ PDF အဖြဲ႕က ၿမိဳ႕အဝင္အထြက္အားလုံးကို ပိတ္ဆို႔ ထားေသာေၾကာင့္ က်န္ရွိေနသည့္ ေဒသခံမ်ား၏ ထြက္ခြါခြင့္မရျဖစ္ေနေၾကာင္း သိရသည္။
“ကသာ အထြက္လမ္းမွန္သမွ်အကုန္ပိတ္ထားတာပါ။ အခုထိ ၿမိဳ႕ထဲမွာက လူေတြက်န္ပါေသးတယ္။ စုစုေပါင္း (၁၅၀၀) ဝန္းက်င္ေလာက္ က်န္ပါေသးတယ္။ ထြက္လမ္းမရွိတာေၾကာင့္ပါ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာ သည္။
လက္ရွိအခ်ိန္ထိလည္း ကသာၿမိဳ႕ေပၚ ရပ္ကြက္ (၁၀)ရပ္ကြက္အနက္ (၅) ရပ္ကြက္တြင္ တိုက္ပြဲမ်ားျပင္းထန္ေနၿပီး ၿမိဳ႕ဧရိယာ (၅၀) ရာခိုင္ႏႈန္းလည္း ပ်က္စီးေနၿပီျဖစ္ေၾကာင္း သိရသည္။
“အခုက ဒီမွာက ဖုန္းလိုင္းေကာ အင္တာနက္က အဆင္မေျပဘူးဗ်။ အဓိက တိုက္ေနတာက PDF ေတြပါ။ အဝါ က်ား ဦးထုတ္ကို ေဆာင္းတယ္။ ရပ္ကြက္ (၁၀) ရပ္ကြက္မွာ (၅) ရပ္ကြက္မွာ အဓိက တိုက္ပြဲေတြျဖစ္တယ္။ အရင္ကနဲ႔ အခုကြာျခားမႈကေတာ့ အကုန္နီးပါးပါပဲ။ လူေတြလဲ ေသဖို႔ ထိုင္ေစာင့္ေနသလိုပဲဗ်ာ။ ဘယ္အခ်ိန္ ေရွာ့တိုက္က်လာမလဲဆိုတာ မသိႏိုင္ဘူး” ဟု ၎က ဆက္ေျပာသည္။
၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလကုန္က စတင္ခဲ့သည့္ ကသာၿမိဳ႕တိုက္ပြဲေၾကာင့္ ေဒသခံမ်ားစြာေနရပ္စြန႔္ခြာခဲ့ရာမွ ဇန္နဝါရီ ပထမအပတ္တြင္ တိုက္ပြဲမ်ား ျပန္လည္တည္ၿငိမ္သြားခဲ့သည့္အတြက္ ေဒသခံမ်ားျပန္လည္ဝင္ေရာက္လာခဲ့ ေၾကာင္း သိရသည္။
ထို႔ေနာက္ မတ္လ ၁၉ ရက္က ေျချမန္တပ္ရင္း (ခမရ-၃၀၉) အနီးႏွင့္ သဖန္းကိုင္းေက်း႐ြာအနီးတို႔တြင္ တစ္ေၾကာ့ တိုက္ပြဲမ်ား ျပန္လည္ ျဖစ္ပြားခဲ့ၿပီးေနာက္ (၂) ဖက္အျပန္အလွန္ပစ္ခတ္မႈမ်ားအၾကား မတ္လ ၂ဝ ရက္ ႏွင့္ မတ္လ ၂၁ တို႔တြင္ ေဒသခံမ်ားလည္း ေသဆုံးခဲ့ ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.