ပင်လယ်ကွေ့မှာ ရေတပ်မိုင်းတွေ ချထားသွားမယ်လို့ အီရန်ခြိမ်းခြောက်

450

Pika (NP News) - မတ် ၂၄
အမေရိကန်နဲ့အစ္စရေးတို့က အီရန်ရဲ့ကမ်းရိုးတန်းတွေ ဒါမှမဟုတ် ကျွန်းတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ် ဆိုရင် ပင်လယ်ကွေ့မှာ ရေတပ်မိုင်းတွေ ချထားသွားမယ်လို့ အီရန်အစိုးရက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
အီရန်ကာကွယ်ရေးကောင်စီက “ရန်သူတွေက အီရန်ကမ်းရိုးတန်း ဒါမှမဟုတ် ကျွန်းတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ပင်လယ်ကွေ့နဲ့ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ဝင်ရောက်ခွင့်လမ်းကြောင်းတွေနဲ့ ဆက်သွယ်ရေးလိုင်းတွေအားလုံးကို ကမ်းရိုးတန်းကနေချထားနိုင်တဲ့ ရေမျောမိုင်းတွေအပါအဝင် ရေတပ်မိုင်း အမျိုးအစား အမျိုးမျိုးနဲ့ မိုင်းထောင်တာတွေ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အီရန်အပေါ် တိုက်ခိုက်မှုတွေ မလုပ်ဆောင်တဲ့နိုင်ငံတွေကပဲ အီရန်နဲ့ လမ်းကြောင်း ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်လိမ့်မယ်လို့လည်း အီရန်ကာကွယ်ရေးကောင်စီက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခု စတင် ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
ပင္လယ္ေကြ႕မွာ ေရတပ္မိုင္းေတြ ခ်ထားသြားမယ္လို႔ အီရန္ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၂၄
အေမရိကန္နဲ႔အစၥေရးတို႔က အီရန္ရဲ႕ကမ္း႐ိုးတန္းေတြ ဒါမွမဟုတ္ ကြၽန္းေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့မယ္ ဆိုရင္ ပင္လယ္ေကြ႕မွာ ေရတပ္မိုင္းေတြ ခ်ထားသြားမယ္လို႔ အီရန္အစိုးရက ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
အီရန္ကာကြယ္ေရးေကာင္စီက “ရန္သူေတြက အီရန္ကမ္း႐ိုးတန္း ဒါမွမဟုတ္ ကြၽန္းေတြကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ပင္လယ္ေကြ႕နဲ႔ကမ္း႐ိုးတန္းေဒသေတြမွာရွိတဲ့ ဝင္ေရာက္ခြင့္လမ္းေၾကာင္းေတြနဲ႔ ဆက္သြယ္ေရးလိုင္းေတြအားလုံးကို ကမ္း႐ိုးတန္းကေနခ်ထားႏိုင္တဲ့ ေရေမ်ာမိုင္းေတြအပါအဝင္ ေရတပ္မိုင္း အမ်ိဳးအစား အမ်ိဳးမ်ိဳးနဲ႔ မိုင္းေထာင္တာေတြ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အီရန္အေပၚ တိုက္ခိုက္မႈေတြ မလုပ္ေဆာင္တဲ့ႏိုင္ငံေတြကပဲ အီရန္နဲ႔ လမ္းေၾကာင္း ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ၿပီး ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားလာႏိုင္လိမ့္မယ္လို႔လည္း အီရန္ကာကြယ္ေရးေကာင္စီက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲတစ္ခု စတင္ ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာခဲ့ၿပီး တင္းမာမႈေတြက သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။