ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို (၃)ကြိမ် ပြင်ဆင်ခဲ့

 418

စော (NP News) - မတ် ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို (၂၀၁၁) ခုနှစ်နောက်ပိုင်းတွင် (၃)ကြိမ်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြင်ဆင်ရာတွင် ပထမအကြိမ်မှာ (၂၀၁၃) ခုနှစ် ၊ (မေလ ၂၆) ရက်နေ့တွင် အမှုဆောင်သက်တမ်းကို (၂) နှစ်မှ (၃) နှစ် သို့ပြောင်းလဲပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်ကို (၂၀၁၉)ခုနှစ် ၊ (စက်တင်ဘာလ ၂၁) ရက်တွင် ဒုတိယအကြိမ် ပြင်ဆင်ခဲ့ကြောင်း UMFCCI ၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် (မတ်လ ၂၀ရက်)က တတိယအကြိမ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ထပ်မံပြင်ဆင်ခဲ့ပြီး ပြင်ဆင်သည့်အချက်များအနက် အမှုဆောင်သက်တမ်းကို (၂၀၂၅-၂၀၂၈) သက်တမ်း (၃)နှစ်အစား (၂၀၂၅-၂၀၃၀) သက်တမ်း (၅) နှစ်သို့ပြောင်းလဲခဲ့ကာ ဥက္ကဋ္ဌ တစ်ဦးတည်း၏ သက်တမ်းအပြင် အမှုဆောင်အဖွဲ့တစ်ဖွဲ့လုံး၏ သက်တမ်းအား ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပြင်ဆင်ရန်အတွက် အသင်းသားစုံညီအထွေထွေ အထူးအစည်းအဝေးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်၌ ယခုနှစ်၊ (မတ်လ ၂၀ ရက်)က ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ပြင်ဆင်ခြင်းအပေါ် အသင်းသားစုံညီအထွေထွေအထူးအစည်းအဝေးသို့ တက်ရောက်ရန် မှတ်ပုံတင်ပိတ် သည့် (မတ်လ ၁၇ ရက်)အထိ ဆက်သွယ်မေးမြန်းစုံစမ်းခြင်းမရှိသည့်အပြင် တက်ရောက်ခဲ့ကြသည့် အသင်းသား (၅၃၀) ကျော်ကလည်း ကန့်ကွက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ဦးအေးဝင်းသည် ကုန်သည်စက်မှုအသင်းချုပ်တွင် (၂၀၂၂-၂၀၂၅)သက်တမ်းမှစ၍ UMFCCI ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဒေါ်ခိုင်ခိုင်နွယ်ကလည်း (၂၀၂၂-၂၀၂၅) သက်တမ်းမှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးချုပ်ရာထူးတို့သည် UMFCCI ၏ ယခင်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အရလည်းကောင်း၊ လက်ရှိ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရလည်းကောင်း သက်တမ်း (၂) ကြိမ် ထက်ပို၍ တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း သိရသည်။

Zawgyi Version;
ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းကို (၃)ႀကိမ္ ျပင္ဆင္ခဲ့
ေစာ (NP News) - မတ္ ၂၄
ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း (UMFCCI) ဖြဲ႕စည္းပုံ အေျခခံစည္းမ်ဥ္းကို (၂၀၁၁) ခုႏွစ္ေနာက္ပိုင္းတြင္ (၃)ႀကိမ္ျပင္ဆင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပင္ဆင္ရာတြင္ ပထမအႀကိမ္မွာ (၂၀၁၃) ခုႏွစ္ ၊ (ေမလ ၂၆) ရက္ေန႔တြင္ အမႈေဆာင္သက္တမ္းကို (၂) ႏွစ္မွ (၃) ႏွစ္ သို႔ေျပာင္းလဲျပင္ဆင္ခဲ့ၿပီး ဒုတိယအႀကိမ္ကို (၂၀၁၉)ခုႏွစ္ ၊ (စက္တင္ဘာလ ၂၁) ရက္တြင္ ဒုတိယအႀကိမ္ ျပင္ဆင္ခဲ့ေၾကာင္း UMFCCI ၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ (မတ္လ ၂၀ရက္)က တတိယအႀကိမ္ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းကို ထပ္မံျပင္ဆင္ခဲ့ၿပီး ျပင္ဆင္သည့္အခ်က္မ်ားအနက္ အမႈေဆာင္သက္တမ္းကို (၂၀၂၅-၂၀၂၈) သက္တမ္း (၃)ႏွစ္အစား (၂၀၂၅-၂၀၃၀) သက္တမ္း (၅) ႏွစ္သို႔ေျပာင္းလဲခဲ့ကာ ဥကၠ႒ တစ္ဦးတည္း၏ သက္တမ္းအျပင္ အမႈေဆာင္အဖြဲ႕တစ္ဖြဲ႕လုံး၏ သက္တမ္းအား ျပင္ဆင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ျပင္ဆင္ရန္အတြက္ အသင္းသားစုံညီအေထြေထြ အထူးအစည္းအေဝးကို ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ မင္းရဲေက်ာ္စြာလမ္းရွိ UMFCCI ႐ုံးခ်ဳပ္၌ ယခုႏွစ္၊ (မတ္လ ၂၀ ရက္)က က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ျပင္ဆင္ျခင္းအေပၚ အသင္းသားစုံညီအေထြေထြအထူးအစည္းအေဝးသို႔ တက္ေရာက္ရန္ မွတ္ပုံတင္ပိတ္ သည့္ (မတ္လ ၁၇ ရက္)အထိ ဆက္သြယ္ေမးျမန္းစုံစမ္းျခင္းမရွိသည့္အျပင္ တက္ေရာက္ခဲ့ၾကသည့္ အသင္းသား (၅၃၀) ေက်ာ္ကလည္း ကန႔္ကြက္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိ ဦးေအးဝင္းသည္ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ (၂၀၂၂-၂၀၂၅)သက္တမ္းမွစ၍ UMFCCI ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့ၿပီး အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ေဒၚခိုင္ခိုင္ႏြယ္ကလည္း (၂၀၂၂-၂၀၂၅) သက္တမ္းမွစ၍ တာဝန္ယူေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဥကၠ႒ႏွင့္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရာထူးတို႔သည္ UMFCCI ၏ ယခင္ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း အရလည္းေကာင္း၊ လက္ရွိ ျပင္ဆင္ထားသည့္ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းအရလည္းေကာင္း သက္တမ္း (၂) ႀကိမ္ ထက္ပို၍ တာဝန္ထမ္းေဆာင္ခြင့္မရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.