ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ခဲ့သည့် နေပြည်တော်ပေါ်ဆန်းကို ဧက (၄၀ဝ) အထိ တိုးချဲ့စိုက်ပျိုးမည်

368

Pearl (NP News) - မတ်လ ၂၆
ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ခဲ့သည့် နေ ပြည်တော်ပေါ်ဆန်းကို ဧက(၄၀ဝ)အထိ တိုးချဲ့စိုက် ပျိုးမည်ဖြစ်ကြောင်း သုခထွန်းစိုက်ပျိုးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် သနပ်ပင်ဆိပ်ကျေးရွာတွင် ပုသိမ်မှ ပေါ်ဆန်း မျိုးစေ့များဝယ်ယူကာ နမူနာအဖြစ် (၃)ဧကကို ရေ ဆင်းတက္ကသိုလ်မှတာဝန်ရှိသူများ၏ ကြီးကြပ်လမ်း ညွှန်မှုများအတိုင်း ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် (၇)လ ပိုင်းက စမ်းသပ်စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာနောက်ဆုံးပတ် များတွင်ရိတ်သိမ်းခဲ့ရာ ထွက်ရှိသည့်ပေါ်ဆန်းစပါး များကို ဓာတ်ခွဲစမ်းသပ်ခဲ့ကြောင်းသိရသည်။
ဓာတ်ခွဲစမ်းသပ်ခဲ့သည့်အဖြေများအရ အဆိုပါဆန်အမျိုးအစားသည် အဆီဓာတ်နည်းခြင်း ဆန်အဖြစ်တွင်လည်း ကြာကြာအထားခံခြင်း၊ ထမင်း အဖြစ်တွင်လည်း မပုပ်မသိုးဘဲ ကြာကြာအထားခံ ခြင်း၊ ဆိုဒီယမ်များခြင်း၊ ထမင်းအကျက်မြန်ခြင်း ထမင်းအရသာကို ပိုမိုကောင်းမွန်စေခြင်း ဖိုင်ဘာ များခြင်း၊ အစာခြေခြင်းကို ပိုမိုကောင်းမွန်ခြင်း၊ ကိုလက်စထရော(အဆီ)များခြင်းကို လျော့ကျစေ ခြင်း၊ သွေးထဲတွင် အချိုဓာတ်ကိုထိန်းညှိပေးသဖြင့် ဆီးချိုရောဂါကိုလျော့ကျစေခြင်း၊ အနည်းငယ်စား ရုံဖြင့် အချိန်ကြာကြာ ဗိုက်ပြည့်နေသကဲ့သို့ခံစားရ ခြင်း၊ ပရိုတိန်းများခြင်း၊ သံဓာတ်များခြင်း၊ အဆိပ် ဓာတ် လုံးဝ(လုံးဝ)မပါခြင်း၊ အစိုဓာတ်နည်းခြင်း၊ အာဟာရဓာတ်များပါဝင်မှုများခြင်း စသည့် ကောင်း ကျိုးများစွာပါဝင်နေကြောင်းသိရသည်။
" အဖြေရတော့ ကမ္ဘာ့အကောင်းဆုံးဆန် ဖြစ်နေတယ်။ အချက် (၁၃)ချက်နဲ့ထောက်ပြတယ်။ ပရိုတိန်းဆိုရင် ကမ္ဘာ့အကောင်းဆုံးဆန်ထက်ပိုပါ တယ်။ ဒီဆန်က တစ်ဘူးချက်ရင် (၄)ဘူးစာဖြစ်သွား တယ်။ အိုးတက်တယ်။ စားတဲ့အခါမှာလည်း ဂျယ် လီတုံးလေးတွေစားရသလို ချက်ထားပြီးရင်လည်း နောက်ထပ် (၂)ရက်လောက် မပုပ်မသိုးဘဲစားလို့ရ တယ်။ ကောင်းတဲ့ဂုဏ်သတင်းတွေများတော့ အော်ဒါ မှာတာတွေက စိုက်တဲ့ (၃)ဧကနဲ့ မဆံ့အောင်ဖြစ် သွားတယ်။ အော်ဂဲနစ်ဆန်ဆန်စိုက်တာ။ (၃) ဧကကို စပါးတင်း(၂၀ဝ)ထွက်တယ်။ ကျွန်တော်က သုခထွန်း ပေါ်ဆန်းလို့ နာမည်ပေးထားတယ်။ ဒါပေမဲ့ နေပြည် တော်ကောင်စီဥက္ကဋ္ဌက သူက နေပြည်တော်ဆိုတဲ့ စကားလုံးကို တပ်စေချင်တယ်ဆိုတာနဲ့ နေပြည် တော်ပေါ်ဆန်းလို့ ရေးထားတယ်" ဟုပြောသည်။
အဆိုပါ (၃)ဧကမှ စပါးတင်း(၂၀ဝ)ခန့် ထွက်ရှိခဲ့ပြီး လက်ရှိတွင် 2 Kg ပါတစ်ထုပ်လျှင် (၁၂၀ဝဝ)ခန့်ဖြင့်ရောင်းချနေကြောင်းလည်းသိရ သည်။
" အော်ဂဲနစ်ဆန်ဆန်စိုက်ခဲ့တာ။ စပြီးစိုက် တာဆိုတော့ အခက်အခဲတွေတော့အများကြီးပေါ့။ ကြွက်ဖမ်းတာ အကောင်(၁၀ဝ)မိတယ်။ ကြွက်တွေ ဖျက်ဆီးသွားတာတစ်ဝက်ကျော်တယ်။ ကျွန်တော်သိ တဲ့အချိန်နောက်ကျသွားတာ။ အဲဒါနဲ့ ထောင်ချောက် ဆင်ဖမ်းတာ။ ပြီးတော့ စာကလေးတွေ လာဖျက်တယ်။ ငှက်ဖမ်းတာက အကောင် (၃၀ဝ)လောက်မိတယ်။ တကယ်တမ်းက တင်း (၄၀ဝ)လောက်ထွက်ရမှာကို အခု တင်း(၂၀ဝ)လောက်ထွက်တယ်။ အခု ပြည် တွင်းမှာ တစ်ထုပ်ကို (၁၂၀ဝဝ)နဲ့ရောင်းနေတာ။ ပြည်ပဆိုရင် (၂၅၀ဝဝ)လောက်ရတယ်"ဟု ပြော သည်။
လာမည့်ဘဏ္ဍာနှစ်တွင် ဧက (၅၀) တိုးချဲ့ စိုက်ပျိုးရန် လျာထားဆောင်ရွက်နေပြီး ဧက (၄၀ဝ) ခန့်အထိ နှစ်စဉ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
" နောက်နှစ်ကို ထပ်ပြီး တိုးချဲ့စိုက်ဖို့ လယ်လိုက်ငှားနေတယ်။ အခု (၁၀)ဧကပဲ ရသေး တယ်။ စိုက်မယ်ဆိုရင် ကျွန်တော် ဧက (၄၀ဝ) လောက်ထိကို တစ်နိုင်တစ်ပိုင်စိုက်လို့ရတယ်။ ဒါပေမဲ့ လယ်ငှားနေတာမရသေးဘူး။ လာမယ့်နှစ်ကို ဧက (၅၀) စိုက်ဖို့လျာထားတယ်။ တင်း (၁၀ဝဝ)ထွက်ရင် တင်း (၅၀ဝ)ကို ပြည်တွင်းမှာရောင်းပြီး တင်း (၅၀ဝ) ကိုနိုင်ငံခြားကိုတင်ပို့မယ်။ နိုင်ငံခြားရောင်းတာက ပိုက်ဆံပိုရတယ်။ တစ်နှစ်ကို နည်းနည်းချင်းတိုးသွား မှာ။ တောင်သူတွေကလည်း စည်းရုံးရတာ နည်းနည်း ခက်တယ်။ အခု တစ်ဧကကို တစ်နှစ်ကို (၁၂)သိန်း ပေးပြီးငှားနေတာ။ တစ်နှစ်ကို (၃)သီးစိုက်တယ်" ဟုပြောသည်။

Zawgyi Version:
ကမာၻ႔အေကာင္းဆုံးစာရင္းဝင္ခဲ့သည့္ ေနျပည္ေတာ္ေပၚဆန္းကို ဧက (၄၀ဝ) အထိ တိုးခ်ဲ႕စိုက္ပ်ိဳးမည္
Pearl (NP News) - မတ္လ ၂၆
ကမာၻ႔အေကာင္းဆုံးစာရင္းဝင္ခဲ့သည့္ ေန ျပည္ေတာ္ေပၚဆန္းကို ဧက(၄၀ဝ)အထိ တိုးခ်ဲ႕စိုက္ ပ်ိဳးမည္ျဖစ္ေၾကာင္း သုခထြန္းစိုက္ပ်ိဳးေရးလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမ ပ်ဥ္းမနား ၿမိဳ႕နယ္ သနပ္ပင္ဆိပ္ေက်း႐ြာတြင္ ပုသိမ္မွ ေပၚဆန္း မ်ိဳးေစ့မ်ားဝယ္ယူကာ နမူနာအျဖစ္ (၃)ဧကကို ေရ ဆင္းတကၠသိုလ္မွတာဝန္ရွိသူမ်ား၏ ႀကီးၾကပ္လမ္း ၫႊန္မႈမ်ားအတိုင္း ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ (၇)လ ပိုင္းက စမ္းသပ္စိုက္ပ်ိဳးခဲ့ၿပီး ဒီဇင္ဘာေနာက္ဆုံးပတ္ မ်ားတြင္ရိတ္သိမ္းခဲ့ရာ ထြက္ရွိသည့္ေပၚဆန္းစပါး မ်ားကို ဓာတ္ခြဲစမ္းသပ္ခဲ့ေၾကာင္းသိရသည္။
ဓာတ္ခြဲစမ္းသပ္ခဲ့သည့္အေျဖမ်ားအရ အဆိုပါဆန္အမ်ိဳးအစားသည္ အဆီဓာတ္နည္းျခင္း ဆန္အျဖစ္တြင္လည္း ၾကာၾကာအထားခံျခင္း၊ ထမင္း အျဖစ္တြင္လည္း မပုပ္မသိုးဘဲ ၾကာၾကာအထားခံ ျခင္း၊ ဆိုဒီယမ္မ်ားျခင္း၊ ထမင္းအက်က္ျမန္ျခင္း ထမင္းအရသာကို ပိုမိုေကာင္းမြန္ေစျခင္း ဖိုင္ဘာ မ်ားျခင္း၊ အစာေျချခင္းကို ပိုမိုေကာင္းမြန္ျခင္း၊ ကိုလက္စထေရာ(အဆီ)မ်ားျခင္းကို ေလ်ာ့က်ေစ ျခင္း၊ ေသြးထဲတြင္ အခ်ိဳဓာတ္ကိုထိန္းညႇိေပးသျဖင့္ ဆီးခ်ိဳေရာဂါကိုေလ်ာ့က်ေစျခင္း၊ အနည္းငယ္စား ႐ုံျဖင့္ အခ်ိန္ၾကာၾကာ ဗိုက္ျပည့္ေနသကဲ့သို႔ခံစားရ ျခင္း၊ ပ႐ိုတိန္းမ်ားျခင္း၊ သံဓာတ္မ်ားျခင္း၊ အဆိပ္ ဓာတ္ လုံးဝ(လုံးဝ)မပါျခင္း၊ အစိုဓာတ္နည္းျခင္း၊ အာဟာရဓာတ္မ်ားပါဝင္မႈမ်ားျခင္း စသည့္ ေကာင္း က်ိဳးမ်ားစြာပါဝင္ေနေၾကာင္းသိရသည္။
" အေျဖရေတာ့ ကမာၻ႔အေကာင္းဆုံးဆန္ ျဖစ္ေနတယ္။ အခ်က္ (၁၃)ခ်က္နဲ႔ေထာက္ျပတယ္။ ပ႐ိုတိန္းဆိုရင္ ကမာၻ႔အေကာင္းဆုံးဆန္ထက္ပိုပါ တယ္။ ဒီဆန္က တစ္ဘူးခ်က္ရင္ (၄)ဘူးစာျဖစ္သြား တယ္။ အိုးတက္တယ္။ စားတဲ့အခါမွာလည္း ဂ်ယ္ လီတုံးေလးေတြစားရသလို ခ်က္ထားၿပီးရင္လည္း ေနာက္ထပ္ (၂)ရက္ေလာက္ မပုပ္မသိုးဘဲစားလို႔ရ တယ္။ ေကာင္းတဲ့ဂုဏ္သတင္းေတြမ်ားေတာ့ ေအာ္ဒါ မွာတာေတြက စိုက္တဲ့ (၃)ဧကနဲ႔ မဆံ့ေအာင္ျဖစ္ သြားတယ္။ ေအာ္ဂဲနစ္ဆန္ဆန္စိုက္တာ။ (၃) ဧကကို စပါးတင္း(၂၀ဝ)ထြက္တယ္။ ကြၽန္ေတာ္က သုခထြန္း ေပၚဆန္းလို႔ နာမည္ေပးထားတယ္။ ဒါေပမဲ့ ေနျပည္ ေတာ္ေကာင္စီဥကၠ႒က သူက ေနျပည္ေတာ္ဆိုတဲ့ စကားလုံးကို တပ္ေစခ်င္တယ္ဆိုတာနဲ႔ ေနျပည္ ေတာ္ေပၚဆန္းလို႔ ေရးထားတယ္" ဟုေျပာသည္။
အဆိုပါ (၃)ဧကမွ စပါးတင္း(၂၀ဝ)ခန႔္ ထြက္ရွိခဲ့ၿပီး လက္ရွိတြင္ 2 Kg ပါတစ္ထုပ္လွ်င္ (၁၂၀ဝဝ)ခန႔္ျဖင့္ေရာင္းခ်ေနေၾကာင္းလည္းသိရ သည္။
" ေအာ္ဂဲနစ္ဆန္ဆန္စိုက္ခဲ့တာ။ စၿပီးစိုက္ တာဆိုေတာ့ အခက္အခဲေတြေတာ့အမ်ားႀကီးေပါ့။ ႂကြက္ဖမ္းတာ အေကာင္(၁၀ဝ)မိတယ္။ ႂကြက္ေတြ ဖ်က္ဆီးသြားတာတစ္ဝက္ေက်ာ္တယ္။ ကြၽန္ေတာ္သိ တဲ့အခ်ိန္ေနာက္က်သြားတာ။ အဲဒါနဲ႔ ေထာင္ေခ်ာက္ ဆင္ဖမ္းတာ။ ၿပီးေတာ့ စာကေလးေတြ လာဖ်က္တယ္။ ငွက္ဖမ္းတာက အေကာင္ (၃၀ဝ)ေလာက္မိတယ္။ တကယ္တမ္းက တင္း (၄၀ဝ)ေလာက္ထြက္ရမွာကို အခု တင္း(၂၀ဝ)ေလာက္ထြက္တယ္။ အခု ျပည္ တြင္းမွာ တစ္ထုပ္ကို (၁၂၀ဝဝ)နဲ႔ေရာင္းေနတာ။ ျပည္ပဆိုရင္ (၂၅၀ဝဝ)ေလာက္ရတယ္"ဟု ေျပာ သည္။
လာမည့္ဘ႑ာႏွစ္တြင္ ဧက (၅၀) တိုးခ်ဲ႕ စိုက္ပ်ိဳးရန္ လ်ာထားေဆာင္႐ြက္ေနၿပီး ဧက (၄၀ဝ) ခန႔္အထိ ႏွစ္စဥ္ တိုးခ်ဲ႕စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း လည္းသိရသည္။
" ေနာက္ႏွစ္ကို ထပ္ၿပီး တိုးခ်ဲ႕စိုက္ဖို႔ လယ္လိုက္ငွားေနတယ္။ အခု (၁၀)ဧကပဲ ရေသး တယ္။ စိုက္မယ္ဆိုရင္ ကြၽန္ေတာ္ ဧက (၄၀ဝ) ေလာက္ထိကို တစ္ႏိုင္တစ္ပိုင္စိုက္လို႔ရတယ္။ ဒါေပမဲ့ လယ္ငွားေနတာမရေသးဘူး။ လာမယ့္ႏွစ္ကို ဧက (၅၀) စိုက္ဖို႔လ်ာထားတယ္။ တင္း (၁၀ဝဝ)ထြက္ရင္ တင္း (၅၀ဝ)ကို ျပည္တြင္းမွာေရာင္းၿပီး တင္း (၅၀ဝ) ကိုႏိုင္ငံျခားကိုတင္ပို႔မယ္။ ႏိုင္ငံျခားေရာင္းတာက ပိုက္ဆံပိုရတယ္။ တစ္ႏွစ္ကို နည္းနည္းခ်င္းတိုးသြား မွာ။ ေတာင္သူေတြကလည္း စည္း႐ုံးရတာ နည္းနည္း ခက္တယ္။ အခု တစ္ဧကကို တစ္ႏွစ္ကို (၁၂)သိန္း ေပးၿပီးငွားေနတာ။ တစ္ႏွစ္ကို (၃)သီးစိုက္တယ္" ဟုေျပာသည္။