နိုင်ငံပိုင်နှင့်ပြည်တွင်း၊ပြည်ပ ပုလဲကုမ္ပဏီ (၁၃) ခုက(၅)နှစ်အတွင်း ပုလဲအလုံးရေ(၇)သန်းကျော် ထုတ်လုပ်နိုင်ခဲ့

 93

သန့်ဇင်(NP News) - မတ်လ ၂၆
(၂၀၂၁-၂၀၂၂) မှ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်နှင့် ပြည်တွင်း၊ ပြည်ပ ပုလဲကုမ္ပဏီ (၁၃) ခုက ပုလဲအလုံးရေ (၇)သန်းကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။
အဆိုပါ (၅) နှစ်အတွင်း မြန်မာ့ပုလဲထုတ် လုပ်ရေး၊ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ အခြေစိုက် TASAKI ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ထားသော MYANMAR TASAKI ကုမ္ပဏီက ပုလဲအလုံးရေ (၂၁၄၀ဝ၇၂) လုံး၊ အလေးချိန် (၁၆၈ ၉၉၆၅) မိုမီဖြင့် အများဆုံးထုတ်လုပ်ထားကြောင်း သိရသည်။
ထို့ပြင် ဒုတိယအများဆုံးအဖြစ်အရှေ့ တိုင်းပုလဲ (ဂျလန်းကျွန်း) က ပုလဲအလုံးရေ (၁၄၈၅ ၄၃၀)လုံး၊ အလေးချိန် (၈၂၅၉၁၁) မိုမီဖြင့် ထုတ် လုပ်ခဲ့ပြီး တတိယအများဆုံးအဖြစ် အရှေ့တိုင်းပုလဲ (ဇင်ယော်ကျွန်း) က ပုလဲအလုံးရေ (၇၁၇၂၃၁)လုံး အလေးချိန် (၄၃၆၈၆၀) မိုမီဖြင့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် Myanmar Atlantic က ပုလဲ အလုံးရေ (၅၅၃၀၇၈) လုံး အလေးချိန် (၃၄၅၄၀၉) မိုမီ၊ BELPEARL MYANMAR က အလုံးရေ (၄၇၇၆၈၅) လုံး အလေးချိန် (၂၄၂၃၈၀) မိုမီ၊ အဏ္ဏ ဝါပုလဲက ပုလဲအလုံးရေ (၄၇၂၆၄၉) လုံး အလေးချိန် (၂၇၇၅၈၈) မိုမီ နှင့် Aquarius Star (Pyin Sa Island) က ပုလဲလုံးရေ (၄၅၆၉၇၉) လုံး အလေးချိန် (၂၂၀၈၈၉) မိုမီ အသီးသီးထုတ်လုပ်ခဲ့ကြောင်း သိရ သည်။
အလားတူ မြန်မာအန်ဒါမန်ပါးလ်က အ လုံးရေ (၃၉၉၈၅၈) လုံး အလေးချိန် (၂၂၀၄၂၇) မိုမီ၊ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်က အလုံးရေ (၃၇၁၀၈၀) လုံးဖြင့် အလေးချိန် (၂၃၃၄၇၂) မိုမီ၊ နီနိုပုလဲ မွေးမြူရေးက အလုံးရေ (၃၃၆၄၂၁) လုံးဖြင့် အလေးချိန် (၁၆၈၉၀၅) မိုမီ၊ အာကွားဂိုးလ် မြန်မာ ပုလဲက အလုံးရေ (၄၂၇၁၀) လုံး အလေးချိန် (၁၉၂၃၇) မိုမီနှင့် Aquarius Star (Shar Island) လုပ်ငန်းက ပုလဲလုံးရေ (၁၀၆၅၁) လုံးဖြင့် အလေး ချိန် (၅၁၇၃) မိုမီ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံပိုင်လုပ်ငန်းဖြစ်သော ပုလဲ ကျွန်းစခန်းကလည်း အဆိုပါ (၅) နှစ်အတွင်း ပုလဲ လုံးရေ (၃၃၂၆၅၅) လုံးဖြင့် အလေးချိန် (၁၅၆၁၇၄) မိုမီ ထုတ်လုပ်နိုင်ခဲ့ပြီးကြောင်း သိရသည်။ ထို့ကြောင့် (၂၀၂၁-၂၀၂၂) မှ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှင့်အထိ မြန်မာ့ပုလဲထုတ်လုပ်ရေးကဏ္ဍတွင် ပုလဲအလုံးရေ (၇၇၉၆၄၉၉) လုံးနှင့် အလေးချိန်အားဖြင့် (၄၇၆ ၂၀၂၀) မိုမီ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ႏိုင္ငံပိုင္ႏွင့္ျပည္တြင္း၊ျပည္ပ ပုလဲကုမၸဏီ (၁၃) ခုက(၅)ႏွစ္အတြင္း ပုလဲအလုံးေရ(၇)သန္းေက်ာ္ ထုတ္လုပ္ႏိုင္ခဲ့
သန႔္ဇင္(NP News) - မတ္လ ၂၆
(၂၀၂၁-၂၀၂၂) မွ (၂၀၂၅-၂၀၂၆)ဘ႑ာႏွစ္အတြင္း ႏိုင္ငံပိုင္ႏွင့္ ျပည္တြင္း၊ ျပည္ပ ပုလဲကုမၸဏီ (၁၃) ခုက ပုလဲအလုံးေရ (၇)သန္းေက်ာ္ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ အခ်က္အလက္ မ်ားအရ သိရသည္။
အဆိုပါ (၅) ႏွစ္အတြင္း ျမန္မာ့ပုလဲထုတ္ လုပ္ေရး၊ ေရာင္းဝယ္ေရးလုပ္ငန္းႏွင့္ ဂ်ပန္ႏိုင္ငံ အေျခစိုက္ TASAKI ကုမၸဏီတို႔ အက်ိဳးတူ ပူးေပါင္း ထားေသာ MYANMAR TASAKI ကုမၸဏီက ပုလဲအလုံးေရ (၂၁၄၀ဝ၇၂) လုံး၊ အေလးခ်ိန္ (၁၆၈ ၉၉၆၅) မိုမီျဖင့္ အမ်ားဆုံးထုတ္လုပ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ဒုတိယအမ်ားဆုံးအျဖစ္အေရွ႕ တိုင္းပုလဲ (ဂ်လန္းကြၽန္း) က ပုလဲအလုံးေရ (၁၄၈၅ ၄၃၀)လုံး၊ အေလးခ်ိန္ (၈၂၅၉၁၁) မိုမီျဖင့္ ထုတ္ လုပ္ခဲ့ၿပီး တတိယအမ်ားဆုံးအျဖစ္ အေရွ႕တိုင္းပုလဲ (ဇင္ေယာ္ကြၽန္း) က ပုလဲအလုံးေရ (၇၁၇၂၃၁)လုံး အေလးခ်ိန္ (၄၃၆၈၆၀) မိုမီျဖင့္ ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ Myanmar Atlantic က ပုလဲ အလုံးေရ (၅၅၃၀၇၈) လုံး အေလးခ်ိန္ (၃၄၅၄၀၉) မိုမီ၊ BELPEARL MYANMAR က အလုံးေရ (၄၇၇၆၈၅) လုံး အေလးခ်ိန္ (၂၄၂၃၈၀) မိုမီ၊ အဏၰ ဝါပုလဲက ပုလဲအလုံးေရ (၄၇၂၆၄၉) လုံး အေလးခ်ိန္ (၂၇၇၅၈၈) မိုမီ ႏွင့္ Aquarius Star (Pyin Sa Island) က ပုလဲလုံးေရ (၄၅၆၉၇၉) လုံး အေလးခ်ိန္ (၂၂၀၈၈၉) မိုမီ အသီးသီးထုတ္လုပ္ခဲ့ေၾကာင္း သိရ သည္။
အလားတူ ျမန္မာအန္ဒါမန္ပါးလ္က အ လုံးေရ (၃၉၉၈၅၈) လုံး အေလးခ်ိန္ (၂၂၀၄၂၇) မိုမီ၊ ျပည့္ၿဖိဳးထြန္းအင္တာေနရွင္နယ္က အလုံးေရ (၃၇၁၀၈၀) လုံးျဖင့္ အေလးခ်ိန္ (၂၃၃၄၇၂) မိုမီ၊ နီႏိုပုလဲ ေမြးျမဴေရးက အလုံးေရ (၃၃၆၄၂၁) လုံးျဖင့္ အေလးခ်ိန္ (၁၆၈၉၀၅) မိုမီ၊ အာကြားဂိုးလ္ ျမန္မာ ပုလဲက အလုံးေရ (၄၂၇၁၀) လုံး အေလးခ်ိန္ (၁၉၂၃၇) မိုမီႏွင့္ Aquarius Star (Shar Island) လုပ္ငန္းက ပုလဲလုံးေရ (၁၀၆၅၁) လုံးျဖင့္ အေလး ခ်ိန္ (၅၁၇၃) မိုမီ ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံပိုင္လုပ္ငန္းျဖစ္ေသာ ပုလဲ ကြၽန္းစခန္းကလည္း အဆိုပါ (၅) ႏွစ္အတြင္း ပုလဲ လုံးေရ (၃၃၂၆၅၅) လုံးျဖင့္ အေလးခ်ိန္ (၁၅၆၁၇၄) မိုမီ ထုတ္လုပ္ႏိုင္ခဲ့ၿပီးေၾကာင္း သိရသည္။ ထို႔ေၾကာင့္ (၂၀၂၁-၂၀၂၂) မွ (၂၀၂၅-၂၀၂၆)ဘ႑ာႏွင့္အထိ ျမန္မာ့ပုလဲထုတ္လုပ္ေရးက႑တြင္ ပုလဲအလုံးေရ (၇၇၉၆၄၉၉) လုံးႏွင့္ အေလးခ်ိန္အားျဖင့္ (၄၇၆ ၂၀၂၀) မိုမီ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.