စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်အသား/ငါးများဈေးမြင့်တက်

267

ကိုဖြိုး(NP News) မတ်-၂၆
ပြည်တွင်း အသားငါးဈေးကွက်တွင် ငါးကြင်းနှင့် ဆိတ်သားဈေးနှုန်းများ ထပ်မံမြင့်တက်လာသကဲ့သို့ ကြက်ဥ၊ ဘဲဥဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာကြောင်း လက်လီဈေးကွက်ပေါက်ဈေးများအရ သိရသည်။
လက်ရှိ အသားငါးဈေးကွက်တွင် ဆိတ်သားတစ်ပိဿာလျှင် (၁၁၀,၀၀၀) ကျပ်အထိ မြင့်တက်လာပြီး ငါးကြင်းမှာ တစ်ပိဿာလျှင် (၂၈,၀၀၀) ကျပ် ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
ယခင်ရက်ပိုင်းတွင် ငါးကြင်းတစ်ပိဿာလျှင် (၂၆,၀၀၀) ကျပ်ဝန်းကျင်သာရှိပြီး ဆိတ်သားမှာလည်း တစ်ပိဿာလျှင် (၉၀,၀၀၀) ကျော်သာ ရှိခဲ့ကြောင်း သိရသည်။
"ဆိတ်သားကလည်း ဈေးတော်တော်လေး တက်နေတယ်။ ဆိတ်သား တစ်ပိဿာ (၁၁၀,၀၀၀) ဆိုတာတော့ အရမ်းများသွားပြီလို့ ဆိုရမှာပေါ့။ ဈေးတွေတက်တော့ စားသုံးမှုနည်းသွားတယ်" ဟု အသားငါး ရောင်းချသူတစ်ဦးက ပြောသည်။
အလားတူ လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် (၆၀၀) ကျပ်အထိ မြင့်တက်လာခဲ့ပြီး ဘဲဥမှာလည်း တစ်လုံးလျှင် (၆၀၀) ကျပ်မှ (၇၀၀) ကျပ်နှုန်းအထိ ဈေးပေါက်နေကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ကြက်ဥတစ်လုံးလျှင် (၄၀၀) ကျပ်မှ (၅၀၀) ကျပ်အတွင်းသာ ရှိခဲ့ပြီး ဘဲဥဈေးနှုန်းမှာလည်း တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၅၅၀ ကျပ်အတွင်းသာ ရှိခဲ့ခြင်းဖြစ်သည်။
"ကြက်ဥ၊ ဘဲဥတွေ ဈေးပြန်တက်လာတယ်။ အကြီးအသေးအပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်။ ကြက်ဥကတော့ ရောင်းအားရှိပေမဲ့ ဘဲဥကတော့ နဂိုကတည်းက အဝင်နည်းတယ်" ဟု ကြက်ဥ၊ ဘဲဥ ရောင်းချသူတစ်ဦးက ဆိုသည်။
ကြက်ဥနှင့် ငါးသည် ပြည်တွင်းစားသုံးမှုဈေးကွက်တွင် စားသုံးမှုနှုန်းများပြီး ဆိတ်သားနှင့် ဘဲဥမှာမူ စားသုံးမှုနှုန်း နည်းပါးကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာသကဲ့သို့ သယ်ယူပို့ဆောင်စရိတ်များပါ မြင့်တက်လာသည့်အတွက် အသားငါး၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းများလည်း မြင့်တက်လာရခြင်း ဖြစ်သည်ဟု သိရသည်။

Zawgyi Version:
စက္သုံးဆီေဈးျမင့္တက္မႈေၾကာင့္ အေျခခံစားေသာက္ကုန္အသား/ငါးမ်ားေဈးျမင့္တက္
ကိုၿဖိဳး(NP News) မတ္-၂၆
ျပည္တြင္း အသားငါးေဈးကြက္တြင္ ငါးၾကင္းႏွင့္ ဆိတ္သားေဈးႏႈန္းမ်ား ထပ္မံျမင့္တက္လာသကဲ့သို႔ ၾကက္ဥ၊ ဘဲဥေဈးႏႈန္းမ်ားလည္း ျပန္လည္ျမင့္တက္လာေၾကာင္း လက္လီေဈးကြက္ေပါက္ေဈးမ်ားအရ သိရသည္။
လက္ရွိ အသားငါးေဈးကြက္တြင္ ဆိတ္သားတစ္ပိႆာလွ်င္ (၁၁၀,၀၀၀) က်ပ္အထိ ျမင့္တက္လာၿပီး ငါးၾကင္းမွာ တစ္ပိႆာလွ်င္ (၂၈,၀၀၀) က်ပ္ ရွိလာျခင္းျဖစ္ေၾကာင္းသိရသည္။
ယခင္ရက္ပိုင္းတြင္ ငါးၾကင္းတစ္ပိႆာလွ်င္ (၂၆,၀၀၀) က်ပ္ဝန္းက်င္သာရွိၿပီး ဆိတ္သားမွာလည္း တစ္ပိႆာလွ်င္ (၉၀,၀၀၀) ေက်ာ္သာ ရွိခဲ့ေၾကာင္း သိရသည္။
"ဆိတ္သားကလည္း ေဈးေတာ္ေတာ္ေလး တက္ေနတယ္။ ဆိတ္သား တစ္ပိႆာ (၁၁၀,၀၀၀) ဆိုတာေတာ့ အရမ္းမ်ားသြားၿပီလို႔ ဆိုရမွာေပါ့။ ေဈးေတြတက္ေတာ့ စားသုံးမႈနည္းသြားတယ္" ဟု အသားငါး ေရာင္းခ်သူတစ္ဦးက ေျပာသည္။
အလားတူ လက္ရွိတြင္ ၾကက္ဥတစ္လုံးလွ်င္ (၆၀၀) က်ပ္အထိ ျမင့္တက္လာခဲ့ၿပီး ဘဲဥမွာလည္း တစ္လုံးလွ်င္ (၆၀၀) က်ပ္မွ (၇၀၀) က်ပ္ႏႈန္းအထိ ေဈးေပါက္ေနေၾကာင္း သိရသည္။
လြန္ခဲ့သည့္ ရက္သတၱပတ္ခန႔္က ၾကက္ဥတစ္လုံးလွ်င္ (၄၀၀) က်ပ္မွ (၅၀၀) က်ပ္အတြင္းသာ ရွိခဲ့ၿပီး ဘဲဥေဈးႏႈန္းမွာလည္း တစ္လုံးလွ်င္ ၅၀၀ က်ပ္မွ ၅၅၀ က်ပ္အတြင္းသာ ရွိခဲ့ျခင္းျဖစ္သည္။
"ၾကက္ဥ၊ ဘဲဥေတြ ေဈးျပန္တက္လာတယ္။ အႀကီးအေသးအေပၚ မူတည္ၿပီး ေဈးႏႈန္းအမ်ိဳးမ်ိဳးရွိတယ္။ ၾကက္ဥကေတာ့ ေရာင္းအားရွိေပမဲ့ ဘဲဥကေတာ့ နဂိုကတည္းက အဝင္နည္းတယ္" ဟု ၾကက္ဥ၊ ဘဲဥ ေရာင္းခ်သူတစ္ဦးက ဆိုသည္။
ၾကက္ဥႏွင့္ ငါးသည္ ျပည္တြင္းစားသုံးမႈေဈးကြက္တြင္ စားသုံးမႈႏႈန္းမ်ားၿပီး ဆိတ္သားႏွင့္ ဘဲဥမွာမူ စားသုံးမႈႏႈန္း နည္းပါးေၾကာင္း သိရသည္။
လက္ရွိျဖစ္ေပၚေနသည့္ စက္သုံးဆီေဈးႏႈန္း ျမင့္တက္မႈေၾကာင့္ ထုတ္လုပ္မႈကုန္က်စရိတ္ ျမင့္မားလာသကဲ့သို႔ သယ္ယူပို႔ေဆာင္စရိတ္မ်ားပါ ျမင့္တက္လာသည့္အတြက္ အသားငါး၊ ၾကက္ဥ၊ ဘဲဥေဈးႏႈန္းမ်ားလည္း ျမင့္တက္လာရျခင္း ျဖစ္သည္ဟု သိရသည္။