နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသားများကို စစ်သားအဖြစ် ခန့်အပ်ခြင်း မရှိဟု စစ်ကောင်စီ ပြော
                        
                            
                             
 781
 
                             
                            
                            
                         
                        
 
                        NP News - ဇွန် ၈
စစ်တပ်ဘက်မှ နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသားများကို စစ်သားအဖြစ် ခန့်အပ်ခြင်း မရှိသလို စစ်ဆင် ရေးဝန်ထမ်းအဖြစ် ခိုင်းစေခြင်းမျိုးလည်း မရှိဟု နစကမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
အကျဉ်းသားများကို စစ်သားအသစ်အဖြစ် စစ်ကောင်စီက စုဆောင်းနေသည်ဆိုသော သတင်းနှင့် ပတ်သက်၍ နစက မှ ယခုလိုပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
“မဟုတ်ပါဘူး။ တပ်မတော်မှာ စစ်မှု့ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုရင် မျက်မြင် ၁၃ ချက် စစ်ဆေး မှုတွေ ပညာအရည်အချင်းတွေ အသက်ကန့်သတ်ချက်တွေ ရှိပြီးသားပါ။  ထောင်ကျဖူးသူ၊ ပြစ်ဒဏ်ခံ နေရတဲ့အကျဉ်းသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းတာမရှိသလို စစ်ဆင်ရေးဝန်ထမ်းအဖြစ်လဲ ခိုင်းစေမှု မရှိခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်” ဟု နစကမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 
စစ်ကောင်စီမှ ပြီးခဲ့သည့် ဧပြီလ မြန်မာနှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံထားရသည့် အကျဉ်းသား ၂၃ဝဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသားခွင့်ပေးခဲ့သည်။ 
ထို့နောက် စစ်ကောင်စီဘက်မှ အကျဉ်းထောင်မှလွတ်မြောက်လာသူများအား စစ်ဆင်ရေးဝန်ထမ်းများအဖြစ် စေခိုင်းမှုများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် NUG ၏ PDF တပ်များသည် မြန်မာနိုင်ငံအနှံ့အပြားနှင့် တိုင်းရင်းသားနယ်မြေများတွင် တိုက်ပွဲများဖြစ်ပွား လျက်ရှိပြီး နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုများရှိသည်။
#NPNews