ကမ္ဘောဒီးယားငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူမြန်မာနိုင်ငံသား (၅၀၀) ကျော်ကို တပ်မတော်လေယာဉ်၊ ရေယာဉ်တို့ဖြင့် ရန်ကုန်သို့ပြန်လည်ခေါ်ဆောင်

121

သန့်မင်းအိမ်(NP News)-ဇန်နဝါရီ ၂၉
ကမ္ဘောဒီးယားငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူမြန်မာနိုင်ငံသား (၅၀၀)ကျော်ကို တပ်မတော်လေယာဉ်၊ ရေယာဉ်တို့ဖြင့် ရန်ကုန်သို့ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအနက် တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ် ဆောင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား (၅၄၃) ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စစ်ရေယာဉ်များဖြင့် တင်ဆောင်၍ ကျွန်းစုမြို့နယ်၊ မော်တုံးကြီးကျေးရွာအနီးရှိ ပင်လယ်ပြင်၌ စောင့်ဆိုင်းနေသည့် စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့ ပို့ဆောင်ပေးရာ ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အမှတ်(၃)ဆိပ်ခံတံတားသို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော် ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့( ဇန်နဝါရီ ၂၈ ရက်)အထိ မြန်မာနိုင်ငံသား (၇၂၉) ဦးကိုတပ်မတော်လေယာဉ်များ၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)တို့ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကေမာၻဒီးယားေငြလိမ္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္သူျမန္မာႏိုင္ငံသား (၅၀၀) ေက်ာ္ကို တပ္မေတာ္ေလယာဥ္၊ ေရယာဥ္တို႔ျဖင့္ ရန္ကုန္သို႔ျပန္လည္ေခၚေဆာင္
သန႔္မင္းအိမ္(NP News)-ဇန္နဝါရီ ၂၉
ကေမာၻဒီးယားေငြလိမ္လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္သူျမန္မာႏိုင္ငံသား (၅၀၀)ေက်ာ္ကို တပ္မေတာ္ေလယာဥ္၊ ေရယာဥ္တို႔ျဖင့္ ရန္ကုန္သို႔ျပန္လည္ေခၚေဆာင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ကေမာၻဒီးယားႏိုင္ငံမွ ျပန္လည္ေခၚေဆာင္ေပးခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားအနက္ တပ္မေတာ္ေလယာဥ္ျဖင့္ ၿမိတ္ၿမိဳ႕သို႔ ျပန္လည္ေခၚ ေဆာင္ေရာက္ရွိခဲ့သည့္ ျမန္မာႏိုင္ငံသား (၅၄၃) ဦးကို ၿမိတ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ေဆာင္႐ြက္ခဲ့ရာ ၿမိတ္ၿမိဳ႕၊ ဆိပ္ငယ္တံတားမွ စစ္ေရယာဥ္မ်ားျဖင့္ တင္ေဆာင္၍ ကြၽန္းစုၿမိဳ႕နယ္၊ ေမာ္တုံးႀကီးေက်း႐ြာအနီးရွိ ပင္လယ္ျပင္၌ ေစာင့္ဆိုင္းေနသည့္ စစ္ေရယာဥ္ (မုတၱမ)ေပၚသို႔ ပို႔ေဆာင္ေပးရာ ဇန္နဝါရီ ၂၇ ရက္ ညပိုင္းတြင္ စတင္ထြက္ခြာခဲ့ၿပီး ဇန္နဝါရီ ၂၈ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ဆိပ္ခံတံတားသို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျပန္လည္ေခၚေဆာင္လာေသာ ျမန္မာႏိုင္ငံသားမ်ားအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ စီစဥ္ေပးေသာ ေမာ္ေတာ္ ယာဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ စုရပ္ေနရာသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပါဝင္ပတ္သက္သည္ဟုသံသယရွိေသာ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာႏိုင္ငံသို႔ျပန္လည္ လႊဲေျပာင္းေခၚယူသည့္ လုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ရွိရာ ယမန္ေန႔( ဇန္နဝါရီ ၂၈ ရက္)အထိ ျမန္မာႏိုင္ငံသား (၇၂၉) ဦးကိုတပ္မေတာ္ေလယာဥ္မ်ား၊ အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္း (MAI)တို႔ျဖင့္ ျပန္လည္ေခၚေဆာင္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကေမာၻဒီးယားႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသားမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ား၊ လိုအပ္သည့္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။