သိန္နီတွင် တရုတ်လုပ်ငန်းရှင်များက MNDAA အားကိုးဖြင့် လောင်းကစားလုပ်ငန်းများအပြင် ဒေသခံစီးပွားရေးလုပ်ငန်းများကိုပါ လက်ဝါးကြီးအုပ်လာ

 741

Pearl (NP News) - ဇန်နဝါရီ ၂၈

MNDAA အဖွဲ့များထိန်းချုပ်ထားသော ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်တွင် ၎င်းတို့ ခေါ်သွင်းလာသော တရုတ်နိုင်ငံသားလုပ်ငန်းရှင်များ က လောင်းကစားလုပ်ငန်းများအပြင် ဒေသခံ စီးပွားရေးလုပ်ငန်းများကိုပါ လက်ဝါးကြီးအုပ်လာကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ် မေးမြန်းထားချက်များအရ သိရသည်။
လက်ရှိတွင် သိန္နီမြို့၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များပိုမိုများပြားလာပြီး တရုတ်လုပ်ငန်းရှင် များက လောင်းကစားလုပ်ငန်းများအပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းများဖြစ်သည့် သီးနှံရောင်းဝယ် ရေးလုပ်ငန်းများနှင့် ကြံစိုက်ပျိုးခြင်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လက်ဝါးကြီးအုပ် လုပ် ကိုင်နေကြောင်းသိရသည်။
“ကိုးကန့်ရဲ့ထိန်းချုပ်မှုတွေအောက်မှာ ရှိတော့ တော်တော်များများကတော့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေများလာတယ်။ နောက်ပိုင်း ဖုန်းတာဝါတိုင်ကအစ တရုတ်တိုင်တွေဖြစ်ကုန်တယ်။ တရုတ်ဖုန်းလိုင်းတွေသုံးနေကြတယ်။ ဒေသခံတွေက စီးပွားရေးလုပ်ငန်းတွေမလုပ်ရဘဲနဲ့ သူတို့ခေါ်သွင်း လာတဲ့ တရုတ်တွေကပဲ လက်ဝါးကြီးအုပ်တဲ့အနေအထားဖြစ်နေတာ။ တရုတ်လုပ်ငန်းတွေကတော့ ပိုပြီး များလာတာပဲ။ အဓိကကတော့ လောင်းကစားနဲ့ပတ်သက်တာတွေများတယ်။ ဒေသတွင်း သီးနှံ ရောင်းဝယ်ရေးတွေကိုလည်း လက်ဝါးကြီးအုပ်တာမျိုးတွေဖြစ်လာတယ်”ဟု ရှမ်းမြောက်ဒေသခံ တစ်ဦး ကပြောသည်။
သိန္နီဒေသခံ စိုက်ပျိုးရေးလုပ်ငန်းရှင် အချို့အနေဖြင့်လည်း တရုတ်လုပ်ငန်းရှင်များ လက်ဝါးကြီး အုပ်လုပ်ကိုင်နေသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်သမားအဖြစ် ပြန်လည်လုပ်ကိုင်နေရခြင်းမျိုး ပင်ရှိနေကြောင်းလည်းသိရသည်။
လက်ရှိတွင် နေရပ်စွန့်ခွာ၍ တပ်မတော်ထိန်းချုပ်ထားသည့် အစိုးရအုပ်ချုပ်မှုယန္တရားအောက်သို့ လာရောက်ရွှေ့ပြောင်းနေထိုင်နေကြသည့် သိန္နီ ဒေသခံအများအပြားရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့် သိန္နီတွင်နေထိုင်နေကြသူများအနေဖြင့် လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ ၎င်းတို့၏ တပ်သားသစ်စု ဆောင်းမှုများကြောင့် စိုးရိမ်မှုများဖြင့်နေထိုင်နေရကြောင်းလည်းသိရသည်။
“ဒေသခံတွေကတော့ နောက်ခံ Background မရှိတဲ့လူကတော့ နီးစပ်ရာ လားရှိုးတို့ ဘာတို့ကို ပြောင်းပြီးတော့နေကြရတာပေါ့။ အများစုကတော့ နေရပ်စွန့်ခွာပြီးတော့ အစိုးရအုပ်ချုပ်မှုယန္တရား အောက်ပဲသွားကြတယ်။ ဒေသခံတွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်လိုပဲ သိန္နီကို အစိုးရအုပ် ချုပ်မှု ယန္တရားအောက်မှာပဲ အေးအေးချမ်းချမ်းနေချင်တာပေါ့။ လွတ်လပ်ခွင့်ပေါ့နော်။ အခုက လူ့အခွင့် အရေး ဆုံးရှုံးမှုတွေများတယ်လေ။ မလွှဲသာလို့ နေရတဲ့လူတွေကလည်း တပ်သားသစ်စုမှာ စိုးရိမ်ကြတာ ပေါ့။ အပစ်ရပ်စဲကာလမှာတော့ သိန္နီဘက်မှာ အစိုးရနဲ့ညှိနှိုင်းတယ် ဘာညာဆိုပြီး ထူးထူးခြားခြား လည်းမရှိဘူး”ဟုပြောသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်၌ တပ်မတော်နှင့် ကိုးကန့် အဖွဲ့ ကြား တွေ့ဆုံဆွေးမှုများပြုလုပ်ခဲ့ပြီးနောက် သိန္နီမြို့ကို တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ MNDAA အဖွဲ့ များ ထိန်းချုပ်ထားဆဲဖြစ်ကာ ဒေသခံများအနေဖြင့် သိန္နီ မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ရန် မျှော်လင့်လျက်ရှိကြောင်းလည်းသိရသည်။

Zawgyi Version;
သိႏၷီတြင္ တ႐ုတ္လုပ္ငန္းရွင္မ်ားက MNDAA အားကိုးျဖင့္ ေလာင္းကစားလုပ္ငန္းမ်ားအျပင္ ေဒသခံစီးပြားေရး လုပ္ငန္းမ်ားကိုပါ လက္ဝါးႀကီးအုပ္လာ
Pearl (NP News) - ဇန္နဝါရီ ၂၈
MNDAA အဖြဲ႕မ်ားထိန္းခ်ဳပ္ထားေသာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္တြင္ ၎တို႔ ေခၚသြင္းလာေသာ တ႐ုတ္ႏိုင္ငံသားလုပ္ငန္းရွင္မ်ား က ေလာင္းကစားလုပ္ငန္းမ်ားအျပင္ ေဒသခံ စီးပြားေရးလုပ္ငန္းမ်ားကိုပါ လက္ဝါးႀကီးအုပ္လာေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
လက္ရွိတြင္ သိႏၷီၿမိဳ႕၌ တ႐ုတ္ႏိုင္ငံသားလုပ္ငန္းရွင္မ်ားပိုမိုမ်ားျပားလာၿပီး တ႐ုတ္လုပ္ငန္းရွင္ မ်ားက ေလာင္းကစားလုပ္ငန္းမ်ားအျပင္ ေဒသတြင္း စီးပြားေရးလုပ္ငန္းမ်ားျဖစ္သည့္ သီးႏွံေရာင္းဝယ္ ေရးလုပ္ငန္းမ်ားႏွင့္ ႀကံစိုက္ပ်ိဳးျခင္းအပါအဝင္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကိုလည္း လက္ဝါးႀကီးအုပ္ လုပ္ ကိုင္ေနေၾကာင္းသိရသည္။
“ကိုးကန႔္ရဲ႕ထိန္းခ်ဳပ္မႈေတြေအာက္မွာ ရွိေတာ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္ေတြမ်ားလာတယ္။ ေနာက္ပိုင္း ဖုန္းတာဝါတိုင္ကအစ တ႐ုတ္တိုင္ေတြျဖစ္ကုန္တယ္။ တ႐ုတ္ဖုန္းလိုင္းေတြသုံးေနၾကတယ္။ ေဒသခံေတြက စီးပြားေရးလုပ္ငန္းေတြမလုပ္ရဘဲနဲ႔ သူတို႔ေခၚသြင္း လာတဲ့ တ႐ုတ္ေတြကပဲ လက္ဝါးႀကီးအုပ္တဲ့အေနအထားျဖစ္ေနတာ။ တ႐ုတ္လုပ္ငန္းေတြကေတာ့ ပိုၿပီး မ်ားလာတာပဲ။ အဓိကကေတာ့ ေလာင္းကစားနဲ႔ပတ္သက္တာေတြမ်ားတယ္။ ေဒသတြင္း သီးႏွံ ေရာင္းဝယ္ေရးေတြကိုလည္း လက္ဝါးႀကီးအုပ္တာမ်ိဳးေတြျဖစ္လာတယ္”ဟု ရွမ္းေျမာက္ေဒသခံ တစ္ဦး ကေျပာသည္။
သိႏၷီေဒသခံ စိုက္ပ်ိဳးေရးလုပ္ငန္းရွင္ အခ်ိဳ႕အေနျဖင့္လည္း တ႐ုတ္လုပ္ငန္းရွင္မ်ား လက္ဝါးႀကီး အုပ္လုပ္ကိုင္ေနသည့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အလုပ္သမားအျဖစ္ ျပန္လည္လုပ္ကိုင္ေနရျခင္းမ်ိဳး ပင္ရွိေနေၾကာင္းလည္းသိရသည္။
လက္ရွိတြင္ ေနရပ္စြန႔္ခြာ၍ တပ္မေတာ္ထိန္းခ်ဳပ္ထားသည့္ အစိုးရအုပ္ခ်ဳပ္မႈယႏၲရားေအာက္သို႔ လာေရာက္ေ႐ႊ႕ေျပာင္းေနထိုင္ေနၾကသည့္ သိႏၷီ ေဒသခံအမ်ားအျပားရွိေနၿပီး အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ သိႏၷီတြင္ေနထိုင္ေနၾကသူမ်ားအေနျဖင့္ လူ႔အခြင့္အေရးဆုံးရႈံးမႈမ်ား၊ ၎တို႔၏ တပ္သားသစ္စု ေဆာင္းမႈမ်ားေၾကာင့္ စိုးရိမ္မႈမ်ားျဖင့္ေနထိုင္ေနရေၾကာင္းလည္းသိရသည္။
“ေဒသခံေတြကေတာ့ ေနာက္ခံ Background မရွိတဲ့လူကေတာ့ နီးစပ္ရာ လားရႈိးတို႔ ဘာတို႔ကို ေျပာင္းၿပီးေတာ့ေနၾကရတာေပါ့။ အမ်ားစုကေတာ့ ေနရပ္စြန႔္ခြာၿပီးေတာ့ အစိုးရအုပ္ခ်ဳပ္မႈယႏၲရား ေအာက္ပဲသြားၾကတယ္။ ေဒသခံေတြကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္လိုပဲ သိႏၷီကို အစိုးရအုပ္ ခ်ဳပ္မႈ ယႏၲရားေအာက္မွာပဲ ေအးေအးခ်မ္းခ်မ္းေနခ်င္တာေပါ့။ လြတ္လပ္ခြင့္ေပါ့ေနာ္။ အခုက လူ႔အခြင့္ အေရး ဆုံးရႈံးမႈေတြမ်ားတယ္ေလ။ မလႊဲသာလို႔ ေနရတဲ့လူေတြကလည္း တပ္သားသစ္စုမွာ စိုးရိမ္ၾကတာ ေပါ့။ အပစ္ရပ္စဲကာလမွာေတာ့ သိႏၷီဘက္မွာ အစိုးရနဲ႔ညႇိႏႈိင္းတယ္ ဘာညာဆိုၿပီး ထူးထူးျခားျခား လည္းမရွိဘူး”ဟုေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္က လားရႈိးၿမိဳ႕၊ ဆင္ႏွစ္ေကာင္ဟိုတယ္၌ တပ္မေတာ္ႏွင့္ ကိုးကန႔္ အဖြဲ႕ ၾကား ေတြ႕ဆုံေဆြးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ သိႏၷီၿမိဳ႕ကို တပ္မေတာ္ထံ ျပန္လည္လႊဲေျပာင္းေပးရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း လက္ရွိအခ်ိန္ထိ MNDAA အဖြဲ႕ မ်ား ထိန္းခ်ဳပ္ထားဆဲျဖစ္ကာ ေဒသခံမ်ားအေနျဖင့္ သိႏၷီ ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ရန္ ေမွ်ာ္လင့္လ်က္ရွိေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.