အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် သတင်းပေး ပြည်သူများအား ဆုကြေးငွေချီးမြှင့်ပေးရန် ကောင်စီအဖွဲ့ဝင်များတင်ပြ

726

NP News - သြဂုတ် ၂၅
အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားများနှင့်ပတ်သက်သည့် သတင်းပေးပြည်သူများအား ဆုကြေးငွေချီးမြှင့်ပေးရန် ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က သြဂုတ်လ (၂၃) ရက်က ကျင်းပသည့် နစက အစည်းအဝေးတွင် နစက ဥက္ကဋ္ဌကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် အကြမ်းဖက်သမားများအား ငွေကြေးနှင့်ပစ္စည်းများ စုဆောင်းထောက်ပံ့ပေးနေသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူရေး၊ အများပြည်သူသိရှိစေရေး သတင်းထုတ်ပြန်ပေးရန်၊ ဒေါ်လာဈေးနှင့် ရွှေဈေးများ ဈေးကစားနေသူများအား ရှာဖွေဖော်ထုတ်အရေးယူနိုင်ရေး၊ အ ကြမ်းဖက်အဖွဲ့အစည်းများအား သင်တန်းပေးခြင်းနှင့် လက်နက်ပစ္စည်းများ ကူညီထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား ထိရောက်စွာတားဆီးနိုင်ရေးတို့ကို နစက ဥက္ကဋ္ဌထံ ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးချက်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က CRPH နှင့် NUG လက် အောက်ခံအဖွဲ့အစည်းများအား ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ယ ခင်အစိုးရလက်ထက်တွင် ဥပဒေနှင့်မညီညွတ်သည့်ဆောင်ရွက်ချက်များကို အဂတိလိုက်စားမှုတိုက်ဖျက် ကော်မ ရှင်က စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်အောင် ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ မဲမသမားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်သာ နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရခြင်းဖြစ်ပြီး မည်သို့ပင်ပြောနေစေကာမူ ရှေ့လုပ်ငန်းစဉ်များအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
#NPNews