PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင် ရန်ဆန္ဒရှိပါက ကြိုဆိုမည် ဖြစ်ကြောင်း ထပ်မံ ဖိတ်ခေါ်

292

ပီယ (NP News) - စက်တင်ဘာလ ၉
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင် ရန်ဆန္ဒရှိပါက ကြိုဆိုမည် ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ထုတ်ပြန်ချက် ထုတ်ပြန်ချက် ထုတ်ကာ ထပ်မံ ဖိတ်ခေါ်ထားသည်။
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာ အမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည် မဲစာရင်းမှားယွင်းမှုများ အတွက် အောက်ပါ တို့ကိုဆောင်ရွက်ပေးရန် မေတ္တာရပ်ခံတောင်းဆိုမှုများအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အတင်းအဓမ္မကြိုးပမ်း ခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုပင်ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းဆောင်ရွက် ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က နည်းလမ်း ရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံ ဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိခြင်း တို့ကို လုပ်ဆောင်မှုများသည် မဲမသမာမှုများရှိခဲ့၍သာ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းမရှိသည်ကို ပေါ်လွင်စေခဲ့သည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်အရမဟုတ်သည့် ပုဂ္ဂလိကပြစ်မှုကျူးလွန်မှုများရှိခဲ့၍ အရေးယူခံရသည့် အချိန်လည်းဖြစ်ခဲ့သည်။ ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေ အနေ ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက် စေခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့သည်ကို ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင် ဝါဒမှိုင်းတိုက်ကာ ၎င်းတို့သာ ရွေးကောက်ခံအစိုးအရအဖြစ်ပုံဖော်လျက် CRPH, NUG တို့ကို တရားမဝင်ဖွဲ့စည်းခဲ့ကြပြီး ပြည်သူလူထုနှင့် လူငယ်လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များပေးကာ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်။ CRPH, NUG တို့သည် PDF အမည်ခံအဖွဲ့များကို ဖွဲ့စည်းကာ လက်နက်၊ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်း ခဲ့ပြီး အချို့သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ်အသုံးပြုစေကာ PDF တို့၏ ဘဝ များကို စတေးခဲ့ကြောင်း ဖော်ပြထားသည်။
ယခုအခါ နိုင်ငံတော်အစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် အချို့သော အကြမ်းဖက် EAO တို့သည် ရပ်တည်ရန် ခက်ခဲလာကြပြီး PDF အမည်ခံတို့ သည်လည်း ပိုမိုအတိဒုက္ခရောက်လာကြရသည်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက် ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ကြရန် အချိန်တန်ပြီဖြစ်ကြေငာ်း ရေးသားထားသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော် အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပြင် PDF များသည်ပင် လိုလားကြပြီး ရည်မှန်းချက်ချင်း တူညီကြသည်။ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကို မက်မောကြသည့် CRPH, NUG တို့၏ လိုလားချက်မှာ ၎င်းတို့သာရွေးကောက်ခံအစိုးရဆိုသည့် ရပ်တည်မှု မပျောက်ဆုံးရေးအတွက် အကြမ်းဖက် လက်နက် ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏နှောင့်ယှက်မှုများကြောင့်သာ ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပ တော့မည့် ရွေးကောက်ပွဲကြီးအလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပြီး တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း ထပ်မံဖိတ်ခေါ်အပ်သည်ဟု ဖော်ပြထားသည်။

Zawgyi Version:
PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ ႏိုင္ငံေတာ္အက်ိဳး၊ ေဒသအက်ိဳးကို ေဖာ္ေဆာင္ ရန္ဆႏၵရွိပါက ႀကိဳဆိုမည္ ျဖစ္ေၾကာင္း ထပ္မံ ဖိတ္ေခၚ
ပီယ (NP News) - စက္တင္ဘာလ ၉
PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ ႏိုင္ငံေတာ္အက်ိဳး၊ ေဒသအက်ိဳးကို ေဖာ္ေဆာင္ ရန္ဆႏၵရွိပါက ႀကိဳဆိုမည္ ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ က ထုတ္ျပန္ခ်က္ ထုတ္ျပန္ခ်က္ ထုတ္ကာ ထပ္မံ ဖိတ္ေခၚထားသည္။
PDF အမည္ခံမ်ားအပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီးေပၚထြန္းလာေရးကိုေမွ်ာ္မွန္းကာ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ႏိုင္ေရး ျပည္ေထာင္စုအက်ိဳးအတြက္ ဖိတ္ေခၚခ်က္အရ ႏိုင္ငံေတာ္၏ေစတနာ အမွန္ကို သိရွိနားလည္ၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ေသာ PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားအား မိဘမ်ားထံအပ္ႏွံၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
၂၀၂၀ျပည့္ႏွစ္၊ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည္ မဲစာရင္းမွားယြင္းမႈမ်ား အတြက္ ေအာက္ပါ တို႔ကိုေဆာင္႐ြက္ေပးရန္ ေမတၱာရပ္ခံေတာင္းဆိုမႈမ်ားအေပၚ ျငင္းပယ္ခဲ့ၿပီး ျပႆနာျဖစ္ပြားေနသည့္ ေ႐ြးေကာက္ပြဲရလဒ္ျဖင့္ပင္ လႊတ္ေတာ္ေခၚယူရန္ အတင္းအဓမၼႀကိဳးပမ္း ခဲ့မႈသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၇ အရ ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ ႀကိဳးပမ္းမႈပင္ျဖစ္ေၾကာင္း၊ မဲစာရင္းမွားယြင္းမႈမ်ားႏွင့္ မဲမသမာမႈမ်ားကို စိစစ္ေတြ႕ရွိရသျဖင့္ ေျဖရွင္းေပးရန္ ေတာင္းဆိုမႈကို ျငင္းဆန္ခဲ့ျခင္း၊ ျပည္ေထာင္စုလႊတ္ေတာ္ အထူးအစည္းအေဝးအားေခၚယူ၍ ေျဖရွင္းေဆာင္႐ြက္ ေပးရန္ ေတာင္းဆိုခ်က္ကို ျငင္းပယ္ခဲ့ျခင္း၊ ႏိုင္ငံေတာ္အစိုးရ၊ ျပည္ေထာင္စုလႊတ္ေတာ္ႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္တို႔က နည္းလမ္း ရွာေဆာင္႐ြက္ေပးရန္ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ျခင္း၊ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝးေခၚယူ၍ ေတြ႕ဆုံ ေဆြးေႏြးေပးပါရန္ ႏွစ္ႀကိမ္တိုင္တိုင္တင္ျပခဲ့ေသာ္လည္း ေဆာင္႐ြက္ေပးမႈမရွိျခင္း တို႔ကို လုပ္ေဆာင္မႈမ်ားသည္ မဲမသမာမႈမ်ားရွိခဲ့၍သာ ပြင့္လင္းျမင္သာစြာ ခ်ျပႏိုင္ျခင္းမရွိသည္ကို ေပၚလြင္ေစခဲ့သည့္အျပင္ ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ ႀကိဳးပမ္းမႈတြင္ ထိုစဥ္က ႏိုင္ငံေတာ္သမၼတကိုယ္တိုင္ ဦးေဆာင္ပါဝင္ပတ္သက္မႈရွိခဲ့ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးအပ္ထားသည့္ တာဝန္အရမဟုတ္သည့္ ပုဂၢလိကျပစ္မႈက်ဴးလြန္မႈမ်ားရွိခဲ့၍ အေရးယူခံရသည့္ အခ်ိန္လည္းျဖစ္ခဲ့သည္။ ထိုေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ယာယီသမၼတက အေရးေပၚအေျခ အေန ေၾကညာၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ႏိုင္ငံေတာ္အာဏာလႊဲအပ္ေဆာင္႐ြက္ ေစခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တပ္မေတာ္အေနျဖင့္ မဲမသမာမႈမ်ားကို စိစစ္ေဖာ္ထုတ္၍ လြတ္လပ္ၿပီးတရားမွ်တေသာ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပေပးႏိုင္ေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ႏိုင္ငံေတာ္ အာဏာကို ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ က်င့္သုံးေဆာင္႐ြက္ခဲ့သည္ကို ျပည္တြင္းျပည္ပက အထင္အျမင္လြဲမွားေအာင္ တပ္မေတာ္က ဒီမိုကေရစီကို ေနာက္ျပန္ဆြဲသေယာင္ ဝါဒမႈိင္းတိုက္ကာ ၎တို႔သာ ေ႐ြးေကာက္ခံအစိုးအရအျဖစ္ပုံေဖာ္လ်က္ CRPH, NUG တို႔ကို တရားမဝင္ဖြဲ႕စည္းခဲ့ၾကၿပီး ျပည္သူလူထုႏွင့္ လူငယ္လူ႐ြယ္မ်ားကို လြဲမွားသည့္ ေမွ်ာ္လင့္ခ်က္မ်ားေပးကာ အၾကမ္းဖက္ လက္နက္ကိုင္လမ္းစဥ္သို႔ တြန္းပို႔ခဲ့သည္။ CRPH, NUG တို႔သည္ PDF အမည္ခံအဖြဲ႕မ်ားကို ဖြဲ႕စည္းကာ လက္နက္၊ခဲယမ္းရရွိေရးအတြက္ အခ်ိဳ႕ေသာ EAO မ်ား လက္ေအာက္သို႔ သြတ္သြင္း ခဲ့ၿပီး အခ်ိဳ႕ေသာ EAO မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားလုပ္ေဆာင္ျခင္း၊ နယ္ေျမက်ဴးေက်ာ္ ခ်ဲ႕ထြင္ျခင္းမ်ားအတြက္ PDF မ်ားကို လက္ကိုင္တုတ္အျဖစ္အသုံးျပဳေစကာ PDF တို႔၏ ဘဝ မ်ားကို စေတးခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ယခုအခါ ႏိုင္ငံေတာ္အစိုးရ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေၾကာင့္ အခ်ိဳ႕ေသာ အၾကမ္းဖက္ EAO တို႔သည္ ရပ္တည္ရန္ ခက္ခဲလာၾကၿပီး PDF အမည္ခံတို႔ သည္လည္း ပိုမိုအတိဒုကၡေရာက္လာၾကရသည္။ ဒီမိုကေရစီေနာက္ျပန္ဆြဲျခင္းသည္ လက္နက္ ကိုင္လမ္းစဥ္ေၾကာင့္ျဖစ္သည္ကို အမွန္အတိုင္းရႈျမင္ၾကရန္ အခ်ိန္တန္ၿပီျဖစ္ေၾကငာ္း ေရးသားထားသည္။
ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီးကို ႏိုင္ငံေတာ္ အစိုးရ၊ ျပည္သူ၊ တပ္မေတာ္ႏွင့္ ႏိုင္ငံေရးပါတီမ်ားအျပင္ PDF မ်ားသည္ပင္ လိုလားၾကၿပီး ရည္မွန္းခ်က္ခ်င္း တူညီၾကသည္။ ဒီမိုကေရစီမ်က္ႏွာဖုံးတပ္ၿပီး ႏိုင္ငံေတာ္အာဏာကို မက္ေမာၾကသည့္ CRPH, NUG တို႔၏ လိုလားခ်က္မွာ ၎တို႔သာေ႐ြးေကာက္ခံအစိုးရဆိုသည့္ ရပ္တည္မႈ မေပ်ာက္ဆုံးေရးအတြက္ အၾကမ္းဖက္ လက္နက္ ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ေနျခင္း ျဖစ္ေၾကာင္း၊ ၎တို႔၏ေႏွာင့္ယွက္မႈမ်ားေၾကာင့္သာ ဒီမိုကေရစီခရီးလမ္း ေႏွာင့္ေႏွးၾကန႔္ၾကာ ေနရျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ မၾကာမီတြင္ က်င္းပ ေတာ့မည့္ ေ႐ြးေကာက္ပြဲႀကီးအလြန္ အားလုံးေမွ်ာ္မွန္းထားသည့္ စစ္မွန္စည္းကမ္းျပည့္ဝေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီးကို တည္ေဆာက္ႏိုင္ေရးကို ေမွ်ာ္မွန္းကာ ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္တို႔ႏွင့္လက္တြဲ၍ ႏိုင္ငံေတာ္အက်ိဳး၊ ေဒသအက်ိဳးကို ေဖာ္ေဆာင္ရန္ဆႏၵရွိပါက ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္က ႀကိဳဆိုလက္ခံမည္ျဖစ္ၿပီး တစ္ဦး ခ်င္းျဖစ္ေစ၊ အဖြဲ႕လိုက္ျဖစ္ေစ နီးစပ္ရာတပ္စခန္းမ်ား၊ ေဒသအာဏာပိုင္မ်ားထံ ဆက္သြယ္ ညႇိႏႈိင္း ေဆာင္႐ြက္ႏိုင္ေၾကာင္း ထပ္မံဖိတ္ေခၚအပ္သည္ဟု ေဖာ္ျပထားသည္။