ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ချမှတ်

548

ဂျန်ဇက် (NP News) - စက်တင်ဘာ ၉
ထိုင်းနိုင်ငံ၊ တရားရုံးချုပ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စက်တင်ဘာ ၉ရက်နေ့မှာ ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရေးလောကမှာ သြဇာလွှမ်းမိုးမှုရှိတဲ့သက်ဆင်ဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်အတွင်း အာဏာအလွဲသုံးစားလုပ်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရပေမယ့် ပြည်ပကို တိမ်းရှောင်ခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်မှာ ပြည်တွင်းကို ပြန်လာချိန် ဘုရင်မင်းမြတ်က သူ့ ထောင်ဒဏ် တစ်နှစ်ကျခံဖို့ လျှော့ပေါ့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သက်ဆင်ဟာ ပြည်တွင်းကို ပြန်လာချိန်မှာလည်း ကျန်းမာရေးကြောင့် ရဲဆေးရုံမှာ လပိုင်းနေခဲ့ရပြီး အာမခံနဲ့ အပြင်မှာနေထိုင်တာဖြစ်ပါတယ်။
တရားရုံးချုပ်တရားသူကြီးက မစ္စတာ သက်ဆင်ဟာ အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ကျခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ရဲဆေးရုံမှာ ထိန်းသိမ်းခံခဲ့ရတဲ့ လပိုင်းအခြားကိုတော့ တရားရုံးက ထည့်သွင်းစဉ်းစားခဲ့တာ မရှိလို့ သက်ဆင်ဟာ ထောင်ဒဏ် ၁ နှစ်တိတိကျခံဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
သက်ဆင်ကတော့ သူ့ရဲ့ပြစ်ဒဏ်ကို တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့တဲ့ ဘုရင်မင်းမြတ်ရဲ့ကြည့်ရှုစောင်မမှုကို ကျေးဇူးတင်တယ်လို့ လူမှုကွန်ရက်ကနေ ပြောပါတယ်။
သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ ၂၃ ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှာ တာဝန်ထမ်းခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်း ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်တယ်လို့ သိပါတယ်။
သက်ဆင်ရဲ့သမီးဖြစ်သူ ပေထုံတန်ရှင်နာဝါထရာဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဝန်ကြီးချုပ်ရာထူးကထုတ်ပယ်ခံရပြီးနောက် သင်ဆင်ဟာ ပြည်ပထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းနိုင်ငံကိုပြန်လာကာ အမှုကို ရင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကို ေထာင္ဒဏ္ တစ္ႏွစ္ ျပစ္ဒဏ္ခ်မွတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၉
ထိုင္းႏိုင္ငံ၊ တရား႐ုံးခ်ဳပ္ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကို စက္တင္ဘာ ၉ရက္ေန႔မွာ ေထာင္ဒဏ္ တစ္ႏွစ္ အမိန႔္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။
ထိုင္းႏိုင္ငံေရးေလာကမွာ ၾသဇာလႊမ္းမိုးမႈရွိတဲ့သက္ဆင္ဟာ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္အတြင္း အာဏာအလြဲသုံးစားလုပ္မႈနဲ႔ ျပစ္မႈထင္ရွားေၾကာင္း ေထာင္ဒဏ္ ၈ ႏွစ္ခ်မွတ္ခံထားရေပမယ့္ ျပည္ပကို တိမ္းေရွာင္ခဲ့ၿပီးတဲ့ေနာက္ ၂၀၂၃ ခုႏွစ္မွာ ျပည္တြင္းကို ျပန္လာခ်ိန္ ဘုရင္မင္းျမတ္က သူ႔ ေထာင္ဒဏ္ တစ္ႏွစ္က်ခံဖို႔ ေလွ်ာ့ေပါ့ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
သက္ဆင္ဟာ ျပည္တြင္းကို ျပန္လာခ်ိန္မွာလည္း က်န္းမာေရးေၾကာင့္ ရဲေဆး႐ုံမွာ လပိုင္းေနခဲ့ရၿပီး အာမခံနဲ႔ အျပင္မွာေနထိုင္တာျဖစ္ပါတယ္။
တရား႐ုံးခ်ဳပ္တရားသူႀကီးက မစၥတာ သက္ဆင္ဟာ အက်ဥ္းေထာင္မွာ ေထာင္ဒဏ္ တစ္ႏွစ္က်ခံဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
ရဲေဆး႐ုံမွာ ထိန္းသိမ္းခံခဲ့ရတဲ့ လပိုင္းအျခားကိုေတာ့ တရား႐ုံးက ထည့္သြင္းစဥ္းစားခဲ့တာ မရွိလို႔ သက္ဆင္ဟာ ေထာင္ဒဏ္ ၁ ႏွစ္တိတိက်ခံဖို႔ တရား႐ုံးက ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
သက္ဆင္ကေတာ့ သူ႔ရဲ႕ျပစ္ဒဏ္ကို တစ္ႏွစ္အထိ ေလွ်ာ့ေပါ့ေပးခဲ့တဲ့ ဘုရင္မင္းျမတ္ရဲ႕ၾကည့္ရႈေစာင္မမႈကို ေက်းဇူးတင္တယ္လို႔ လူမႈကြန္ရက္ကေန ေျပာပါတယ္။
သက္ဆင္ဟာ ထိုင္းႏိုင္ငံရဲ႕ ၂၃ ဦးေျမာက္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀၀၆ ခုႏွစ္မွာ တာဝန္ထမ္းခဲ့ေပမဲ့ စစ္အာဏာသိမ္းမႈျဖစ္ၿပီးတဲ့ေနာက္ပိုင္း ရာထူးကေန ဖယ္ရွားခံခဲ့ရသူျဖစ္တယ္လို႔ သိပါတယ္။
သက္ဆင္ရဲ႕သမီးျဖစ္သူ ေပထုံတန္ရွင္နာဝါထရာဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ဝန္ႀကီးခ်ဳပ္ရာထူးကထုတ္ပယ္ခံရၿပီးေနာက္ သင္ဆင္ဟာ ျပည္ပထြက္ေျပးခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထိုင္းႏိုင္ငံကိုျပန္လာကာ အမႈကို ရင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။