ရဲစခန်းအသီးသီးတွင် အမှုဖွင့်ခံထားရသူများထဲမှ ပြန်လည်ခိုလှုံရန် ဆက်သွယ်လာသူ (၆ဝဝ) ခန့်ရှိ

 2692

NP News - သြဂုတ် ၂၈
ရဲစခန်းအသီးသီးတွင် ရေးဖွင့်ထားသည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာပြီးနောက်ပိုင်း ဆက်သွယ်လာသူ အယောက် (၆ဝဝ) ခန့်ရှိပြီး ယင်းတို့အနက် အယောက် (၂ဝဝ) ကိုအမှုရုတ်သိမ်းပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိ ကပိုင်အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြစ်ဖြင့်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ်များအား ၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့မှစ၍ နေ့စဉ်သတင်းထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ဩဂုတ်လ (၄) ရက်မှ (၂၆) ရက်အထိ ကျန်းမာရေးနှင့် ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ (၅၉၁) ဦး ဆက်သွယ်လာခဲ့ပြီး အဆိုပါဆက်သွယ်လာသူများနှင့်ပတ်သက်သည့် မှုခင်းများအား တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ ဩဂုတ်လ (၃)ရက် ထုတ်ပြန်ကြေငြာချက်ပါ အမှုပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်သူ (၂ဝဝ) ဦးတို့၏ အမှုများအား ပိတ်သိမ်းပေးပြီးဖြစ်ကာ ကျန်ရှိသော အမှုများနှင့်ပတ်သက်၍ အမြန်ပိတ်သိမ်းနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.