NDF အနေဖြင့် ယခု ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းနေဟုဆို

 692

Pearl (NP News) - စက်တင်ဘာ ၁၀

ယခု ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းနေကြောင်း ယမန်နေ့ ( စက်တင်ဘာလ ၉ရက်)တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ပါတီအဖြစ်က ပယ်ဖျက်ထားသော အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF) ကထုတ်ပြန်ထားသည်။

လာမည့်ရွေးကောက်ပွဲတွင် NDF အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်၍ ပါတီရုံးခန်းပြည့်မှီရေး၊ ပါတီဝင်အင်အား ရရှိရေးအတွက် နိုင်ငံရေး အကျပ်အတည်းများ ကြားမှ ကြိုးစားခဲ့ကြောင်း NDF က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

UEC ၏ သတ်မှတ် ရက်ဖြစ်သည့် စက်တင်ဘာလ (၇)ရက် နေ့အမှီ ပါတီဝင်ဦးရေ (၈၈၈၂၀) ဦး နှင့် မြို့နယ်ရုံးခန်း (၁၁၇) ရုံးအား ပေးပို့ တင်ပြခဲ့သော်လည်း UEC ၏ ကြေညာချက် အမှတ် ၉၅/၂၀၂၅အရ ပါတီဝင်ဦးရေပြည့်မီခြင်းမရှိပါသဖြင့် NDFပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

“ပြောရမယ်ဆိုရင် လူအင်အားကို သိပ်ခေါင်းထဲတောင် မထည့်တော့ဘူး။ ကျွန်‌တော်တို့က ၄၁၇ပေါ့နော်။ ဒီဘက်က ၄၁၇ ယောက် ကိုယ်စားလှယ်လောင်းရရှိရေးကိုပဲ အသဲအသန်ပေါ့။ မနေ့ကဆိုရင် ရန်ကုန်တိုင်း စာရင်းပိတ်ပေါ့။ ဧရာဝတီတွေ ဘာတွေ ဆက်လုပ်မယ်ဆိုပြီး အသဲအသန် လုပ်နေတုန်းညက ဖြစ်သွားတော့လည်း ဒီလိုပေါ့ဗျာ” ဟု NDFပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က NP News သို့ပြောသည်။

NDF အနေဖြင့် လက်ရှိ ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းတွင် အခွင့်အရေး ရှိခဲ့ပါက ယခု ရွေးကောက်ပွဲ ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးနည်းလမ်းအား မမှိတ်မသုန် ဆက်လက်ကိုင်စွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတိုင်းပြည် အသွင်ကူးပြောင်းရေးကဏ္ဍများတွင်လည်း NDF အနေဖြင့် တတ်စွမ်းနိုင်သော ကိုယ်စွမ်းဥာဏ်စွမ်း များဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

NDFပါတီဝင်များ အနေဖြင့်လည်း တစ်ဦးချင်းဆန္ဒဖြင့် နိုင်ငံသားအခွင့်အရေး အရသော်လည်းကောင်း ဒီမိုကရေစီအခွင့်အရေးအရသော် လည်းကောင်း တစ်သီးပုဂ္ဂလ (သို့မဟုတ်) နိုင်ငံရေးယုံကြည်ချက် တူညီသော နိုင်ငံရေးပါတီ များမှ ပါဝင်ယှဉ်ပြိုင်ရန် တိုက်တွန်း ထားသည်။

Zawgyi Version:
NDF အေနျဖင့္ ယခု ေ႐ြးေကာက္ပြဲတြင္ ဆက္လက္ပါဝင္ခြင့္ရရန္ ႀကိဳးပမ္းေနဟုဆို
Pearl (NP News) - စက္တင္ဘာ ၁၀

ယခု ေ႐ြးေကာက္ပြဲတြင္ ဆက္လက္ပါဝင္ခြင့္ရရန္ ႀကိဳးပမ္းေနေၾကာင္း ယမန္ေန႔ ( စက္တင္ဘာလ ၉ရက္)တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) မွ ပါတီအျဖစ္က ပယ္ဖ်က္ထားေသာ အမ်ိဳးသားဒီမိုကေရစီ အင္အားစု ပါတီ (NDF) ကထုတ္ျပန္ထားသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္ NDF အေနျဖင့္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒႏွင့္အညီ ျပန္လည္မွတ္ပုံတင္၍ ပါတီ႐ုံးခန္းျပည့္မွီေရး၊ ပါတီဝင္အင္အား ရရွိေရးအတြက္ ႏိုင္ငံေရး အက်ပ္အတည္းမ်ား ၾကားမွ ႀကိဳးစားခဲ့ေၾကာင္း NDF က ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

UEC ၏ သတ္မွတ္ ရက္ျဖစ္သည့္ စက္တင္ဘာလ (၇)ရက္ ေန႔အမွီ ပါတီဝင္ဦးေရ (၈၈၈၂၀) ဦး ႏွင့္ ၿမိဳ႕နယ္႐ုံးခန္း (၁၁၇) ႐ုံးအား ေပးပို႔ တင္ျပခဲ့ေသာ္လည္း UEC ၏ ေၾကညာခ်က္ အမွတ္ ၉၅/၂၀၂၅အရ ပါတီဝင္ဦးေရျပည့္မီျခင္းမရွိပါသျဖင့္ NDFပါတီကို ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့ေၾကာင္း သိရသည္။

“ေျပာရမယ္ဆိုရင္ လူအင္အားကို သိပ္ေခါင္းထဲေတာင္ မထည့္ေတာ့ဘူး။ ကြၽန္‌ေတာ္တို႔က ၄၁၇ေပါ့ေနာ္။ ဒီဘက္က ၄၁၇ ေယာက္ ကိုယ္စားလွယ္ေလာင္းရရွိေရးကိုပဲ အသဲအသန္ေပါ့။ မေန႔ကဆိုရင္ ရန္ကုန္တိုင္း စာရင္းပိတ္ေပါ့။ ဧရာဝတီေတြ ဘာေတြ ဆက္လုပ္မယ္ဆိုၿပီး အသဲအသန္ လုပ္ေနတုန္းညက ျဖစ္သြားေတာ့လည္း ဒီလိုေပါ့ဗ်ာ” ဟု NDFပါတီ ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္က NP News သို႔ေျပာသည္။

NDF အေနျဖင့္ လက္ရွိ ၂၀၂၅ အေထြေထြေ႐ြးေကာက္ပြဲ အခင္းအက်င္းတြင္ အခြင့္အေရး ရွိခဲ့ပါက ယခု ေ႐ြးေကာက္ပြဲ ဆက္လက္ပါဝင္ခြင့္ရရန္ ႀကိဳးပမ္းေနေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ႏိုင္ငံေရးနည္းလမ္းအား မမွိတ္မသုန္ ဆက္လက္ကိုင္စြဲ ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး လက္ရွိတိုင္းျပည္ အသြင္ကူးေျပာင္းေရးက႑မ်ားတြင္လည္း NDF အေနျဖင့္ တတ္စြမ္းႏိုင္ေသာ ကိုယ္စြမ္းဥာဏ္စြမ္း မ်ားျဖင့္ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

NDFပါတီဝင္မ်ား အေနျဖင့္လည္း တစ္ဦးခ်င္းဆႏၵျဖင့္ ႏိုင္ငံသားအခြင့္အေရး အရေသာ္လည္းေကာင္း ဒီမိုကေရစီအခြင့္အေရးအရေသာ္ လည္းေကာင္း တစ္သီးပုဂၢလ (သို႔မဟုတ္) ႏိုင္ငံေရးယုံၾကည္ခ်က္ တူညီေသာ ႏိုင္ငံေရးပါတီ မ်ားမွ ပါဝင္ယွဥ္ၿပိဳင္ရန္ တိုက္တြန္း ထားသည္။

Related news

© 2021. All rights reserved.