အာဖဂန်ရှိ ရာနှင့်ချီသော ဆေးဘက်ဆိုင်ရာအဆောက်အအုံများပိတ်ပင်ရမည့် အန္တရာယ်ဖြင့်ရင်ဆိုင်နေရ

 1243

ရောင်နီ (NP News) - စက်တင်ဘာ ၇
အာဖဂန်နစ္စတန်နိုင်ငံရှိ ရာချီသော ဆေးဘက်ဆိုင်ရာ အဆောက်အဦးများသည် ၎င်းတို့ကို ထောက်ပံ့မှုပေးနေသည့် အနောက်နိုင်ငံများနှင့် ဆက်သွယ်မှုမပြုလုပ်ရန်တာ လီဘန်အစိုးရသစ်က တားမြစ်လိုက်ခြင်းကြောင့် ပိတ်ပစ်ရမည့်အန္တရာယ်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရာရှိတစ်ဦးက စက်တင်ဘာလ (၆) ရက်တွင်ပြော သည်။

နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဌာန (၂၃ဝဝ) ၏ (၉ဝ) ရာခိုင်နှုန်းခန့်သည် ယခုသီတင်း ပတ်အတွင်း အမြန်ဆုံးပိတ်ပစ်ရမည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံများနှင့်ဆက်ဆံခြင်း မပြုလုပ်ရန်တားဆီးသည့် စည်းမျည်းစည်းကမ်းများရှိနေကြောင်း ကုလသမဂ္ဂကျန်းမာ ရေးအေဂျင်စီ၏ ဒေသဆိုင်ရာအရေးပေါ် ဒါရိုက်တာ Rick Brennan က Reuters သ တင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ သို့သော် အနောက်နိုင်ငံအလှူရှင်များကို ၎င်းက အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိကြောင်းသိရသည်။

"အဲဒီ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတွေရဲ့ ကြီးမားတဲ့အော်ပရေးရှင်းတွေကို ခဏရပ်ထားရလိမ့်မယ်။ ခန့်မှန်းခြေအားဖြင့် ဒီသီတင်းပတ်နှောင်းပိုင်းလောက်မှာ ဆေးဘက်ဆိုင်ရာ အဆောက်အဦး (၉ဝ)ရာခိုင်နှုန်းလောက် အလုပ်တွေ ရပ်သွားလိမ့်မယ်၊ ယင်းနဲ့ ဆက်စပ်ပြီး ဖျားနာမှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာလိမ့်မယ်" ဟု Brennan က ပြောသည်။

WHO သည် ထောက်ပံ့ရေးပစ္စည်းများ၊ ကိရိယာများနှင့်ကျန်းမာရေးစင်တာ (၅ဝဝ) ကို ထောက်ပံ့ခြင်းဖြင့် ကွာဟချက်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေကြောင်းသိရသည်။ WHO သည် အာဖဂန်သို့ လေယာဉ်နှင့်ဆေးဝါးများ ပို့ဆောင်နိုင်ရန် ကာတာနိုင်ငံနှင့်လည်းဆက်သွယ်ခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ဆေးဝါးထောက်ပံ့ရေး လေယာဉ် နှစ်စီး သို့မဟုတ် သုံးစင်းအထိ ရောက်လာမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။ အခြားအကူအညီပေးရေး အေဂျင်စီများ နှင့် WHO သည် ကဘူးလ်လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများကြောင့် ဆေးဝါးအထောက်အပံ့များကို ယူဆောင်ရန်ရုန်းကန်ခဲ့ရပြီး ဆေးဘက်ဆိုင်ရာ အထောက်အပံ့များပေးပို့နိုင်ရန်အတွက် WHO သည် ပါကစ္စတန်မှ ကုန်တင်ကားများဖြင့် ကုန်းလမ်းမှပို့ဆောင်နိုင်ရန်စီစဉ်ခဲ့ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.