တိုင်းရင်းဆေးအတွက် ရည်ရွယ်ထားတဲ့ ကြောင်အသေ အကောင်ရေ ၂ဝဝဝ လောက်ကို ဗီယက်နမ်ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိ

 735

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၉

တိုင်းရင်းဆေးမှာ အသုံးပြုဖို့ ရည်ရွယ်ကာ သတ်ဖြတ်ထားတဲ့ ကြောင်အသေကောင်ရေ ၂ဝဝဝ ခန့်ကို ဗီယက်နမ် ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မှာ ပြောကြားခဲ့ပါ တယ်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၊ ဒေါင်သက်ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှာ သက်ရှိတိရစ္ဆာန်ပေါင်း ၄၈ဝ နဲ့ အတူ ကြောင်အသေကောင်တွေကို ကြသပတေးနေ့က တွေ့ရှိခဲ့ကြောင်း ပြည်နယ်သတင်းစာမှ ဖော်ပြချက်အရ သိရပါတယ်။ ကြောင်အသေကောင်တွေကို အအေးခန်းထဲမှာ ထားရှိပြီး ၎င်းတို့ကို ဗီယက်နမ် မြောက်ပိုင်းသို့ ယူဆောင်သွားဖို့ ကြံစည်ထားတာ ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ဗီယက်နမ်မှာ ကြောင်ရဲ့အရိုးတွေဟာ ပန်းနာ ရင်ကျပ်နဲ့ အရိုးပွရောဂါကဲ့သို့သော အခြေအနေများကို ကုသရာမှာ ကူညီပေးတယ်လို့ ယုံကြည်ကြပါတယ်။

ဗီယက်နမ်မှာ နှစ်စဉ် တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုကြောင့် ကြောင်တစ်သန်းခန့်အထိ ဒုက္ခရောက် နေကြောင်း တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်း Four Paws International က ခန့်မှန်းထားပါတယ်။ ခွေးနဲ့ ကြောင်သား စားသုံးမှုများဟာလည်း နိုင်ငံမှာ တရားဝင်ဖြစ်နေပြီး စားသောက်ဆိုင်များစွာဟာ ယင်ူအသားအတွက် menu ပေးရင် တိရစ္ဆာန်များတွေရဲ့ဇစ်မြစ်ကိုပါ ဖော်ပြပေးဖို့ လိုအပ်ပါတယ်။သို့ပေမယ့် ဒေါင်သက်ရှိ သားသတ်ရုံ ဟာ သတ်ဖြတ်ခြင်းအတွက် ခွင့်ပြုချက် စာရွက်စာတန်းများ ထုတ်ပေးနိုင်ခြင်းမရှိခဲ့ဘဲ ခြေရာခံနိုင်မှုကိုလည်း အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပါဘူး။

တိုင်းရင်းဆေးလုပ်ငန်းဟာ အာရှမှာ တရားမဝင် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုအတွက် အဓိက မောင်းနှင်အားဖြစ်ပြီး ဗီယက်နမ်ဟာ ယင်းရောင်းဝယ်မှုအချက်အချာဖြစ်နေပါတယ်။

Zawgyi Version;
တိုင္းရင္းေဆးအတြက္ ရည္႐ြယ္ထားတဲ့ ေၾကာင္အေသ အေကာင္ေရ ၂ဝဝဝ ေလာက္ကို ဗီယက္နမ္ရဲတပ္ဖြဲ႕က ရွာေဖြ ေတြ႕ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၉

တိုင္းရင္းေဆးမွာ အသုံးျပဳဖို႔ ရည္႐ြယ္ကာ သတ္ျဖတ္ထားတဲ့ ေၾကာင္အေသေကာင္ေရ ၂ဝဝဝ ခန႔္ကို ဗီယက္နမ္ ရဲတပ္ဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၁၇ ရက္) မွာ ေျပာၾကားခဲ့ပါ တယ္။

မဲေခါင္ျမစ္ဝကြၽန္းေပၚေဒသ၊ ေဒါင္သက္ျပည္နယ္ရွိ သားသတ္႐ုံတစ္ခုမွာ သက္ရွိတိရစာၦန္ေပါင္း ၄၈ဝ နဲ႔ အတူ ေၾကာင္အေသေကာင္ေတြကို ၾကသပေတးေန႔က ေတြ႕ရွိခဲ့ေၾကာင္း ျပည္နယ္သတင္းစာမွ ေဖာ္ျပခ်က္အရ သိရပါတယ္။ ေၾကာင္အေသေကာင္ေတြကို အေအးခန္းထဲမွာ ထားရွိၿပီး ၎တို႔ကို ဗီယက္နမ္ ေျမာက္ပိုင္းသို႔ ယူေဆာင္သြားဖို႔ ႀကံစည္ထားတာ ျဖစ္မယ္လို႔ ယုံၾကည္ရပါတယ္။ ဗီယက္နမ္မွာ ေၾကာင္ရဲ႕အ႐ိုးေတြဟာ ပန္းနာ ရင္က်ပ္နဲ႔ အ႐ိုးပြေရာဂါကဲ့သို႔ေသာ အေျခအေနမ်ားကို ကုသရာမွာ ကူညီေပးတယ္လို႔ ယုံၾကည္ၾကပါတယ္။

ဗီယက္နမ္မွာ ႏွစ္စဥ္ ေတာ႐ိုင္းတိရိစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈေၾကာင့္ ေၾကာင္တစ္သန္းခန႔္အထိ ဒုကၡေရာက္ ေနေၾကာင္း တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕အစည္း Four Paws International က ခန႔္မွန္းထားပါတယ္။ ေခြးနဲ႔ ေၾကာင္သား စားသုံးမႈမ်ားဟာလည္း ႏိုင္ငံမွာ တရားဝင္ျဖစ္ေနၿပီး စားေသာက္ဆိုင္မ်ားစြာဟာ ယင္ူအသားအတြက္ menu ေပးရင္ တိရစာၦန္မ်ားေတြရဲ႕ဇစ္ျမစ္ကိုပါ ေဖာ္ျပေပးဖို႔ လိုအပ္ပါတယ္။သို႔ေပမယ့္ ေဒါင္သက္ရွိ သားသတ္႐ုံ ဟာ သတ္ျဖတ္ျခင္းအတြက္ ခြင့္ျပဳခ်က္ စာ႐ြက္စာတန္းမ်ား ထုတ္ေပးႏိုင္ျခင္းမရွိခဲ့ဘဲ ေျခရာခံႏိုင္မႈကိုလည္း အေသးစိတ္ေဖာ္ျပျခင္း မရွိခဲ့ပါဘူး။

တိုင္းရင္းေဆးလုပ္ငန္းဟာ အာရွမွာ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္မ်ား ေရာင္းဝယ္ေဖာက္ကားမႈအတြက္ အဓိက ေမာင္းႏွင္အားျဖစ္ၿပီး ဗီယက္နမ္ဟာ ယင္းေရာင္းဝယ္မႈအခ်က္အခ်ာျဖစ္ေနပါတယ္။

Related news

© 2021. All rights reserved.