အမေရိကန်အစိုးရက (ICC) အဖွဲ့တရားသူကြီး နှင့် ရှေ့နေများကို ပစ်မှတ်ထားပိတ်ဆို့မှုများ ထပ်မံချမှတ်

381

NP News - သြဂုတ် ၂၂
အမေရိကန်အစိုးရသည် အစ္စရေးအစိုးရအဖွဲ့တာဝန်ရှိသူများ နှင့် အမေရိကန်စစ်သားများကို စွဲချက်တင်ရန် ကြိုးပမ်းခြင်းများနှင့်ပတ်သက်ပြီး နိုင်ငံတကာရာဇာဝတ်တရားရုံး(ICC) ၏ ရှေ့နေ နှစ်ဦး နှင့် တရားသူကြီး နှစ်ဦးကို ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နစ္စတန်စစ်ပွဲအတွင်း အမေရိကန်စစ်သားများ၏ အပြုအမူနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကိုခွင့်ပြုပေးခဲ့သော (ICC)တရားရုံး တရားသူကြီး ကင်ဘာလီ ပရော့ကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့်တို့ကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းသော တရားသူကြီး နီကိုလပ် ယမ်ဂူလီ ကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်လိုက်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အမေရိကန်အစိုးရသည် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နှင့် ကာကွယ်ရေးဝန်ကြီး ဂယ်လန့်တို့ကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းသော ရှေ့နေ နှစ်ဦးကိုလည်း အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရသည်။
အမေရိကန် နှင့် အစ္စရေးနိုင်ငံတို့သည် လက်ရှိအချိန်တွင် (ICC)အဖွဲ့ဝင်နိုင်ငံ မဟုတ်ကြောင်း
သိရသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက် (ICC) အဖွဲ့ တရားသူကြီးများ၊ ရှေ့နေများကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ရာ ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ပစ်မှတ်ထားပိတ်ဆို့မှုများ စတင်ချမှတ်ခဲ့ကြောင်းသိရသည်။
(ICC) သည် အမေရိကန်နိုင်ငံနှင့်မဟာမိတ် အစ္စရေးနိုင်ငံသားများကို ပစ်မှတ်ထားပြီး အဆင်ခြင်မဲ့သောလုပ်ရပ်များကို လုပ်ဆောင်နေခြင်းကြောင့် ပစ်မှတ်ထားပိတ်ဆို့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။
(ICC) သည် ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန်တို့ကို စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ စွဲချက်တင်ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကလည်း ၎င်းကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့သော (ICC) ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး လက်ရှိအချိန်တွင်(ICC) အဖွဲ့ နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္အစိုးရက (ICC) အဖြဲ႕တရားသူႀကီး ႏွင့္ ေရွ႕ေနမ်ားကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ား ထပ္မံခ်မွတ္
NP News - ၾသဂုတ္ ၂၂
အေမရိကန္အစိုးရသည္ အစၥေရးအစိုးရအဖြဲ႕တာဝန္ရွိသူမ်ား ႏွင့္ အေမရိကန္စစ္သားမ်ားကို စြဲခ်က္တင္ရန္ ႀကိဳးပမ္းျခင္းမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာရာဇာဝတ္တရား႐ုံး(ICC) ၏ ေရွ႕ေန ႏွစ္ဦး ႏွင့္ တရားသူႀကီး ႏွစ္ဦးကို ပိတ္ဆို႔မႈမ်ား ထပ္မံခ်မွတ္လိုက္ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အာဖဂန္နစၥတန္စစ္ပြဲအတြင္း အေမရိကန္စစ္သားမ်ား၏ အျပဳအမူႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကိုခြင့္ျပဳေပးခဲ့ေသာ (ICC)တရား႐ုံး တရားသူႀကီး ကင္ဘာလီ ပေရာ့ကို အမည္ပ်က္စာရင္းသြင္းလိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုႏွင့္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂယ္လန႔္တို႔ကို ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ဖမ္းဝရမ္းထုတ္ရန္ ႀကိဳးပမ္းေသာ တရားသူႀကီး နီကိုလပ္ ယမ္ဂူလီ ကိုလည္း ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္လိုက္ေၾကာင္းအေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာသည္။
အေမရိကန္အစိုးရသည္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ႏွင့္ ကာကြယ္ေရးဝန္ႀကီး ဂယ္လန႔္တို႔ကို ဖမ္းဝရမ္းထုတ္ရန္ ႀကိဳးပမ္းေသာ ေရွ႕ေန ႏွစ္ဦးကိုလည္း အမည္ပ်က္စာရင္းသြင္းလိုက္ေၾကာင္း သိရသည္။
အေမရိကန္ ႏွင့္ အစၥေရးႏိုင္ငံတို႔သည္ လက္ရွိအခ်ိန္တြင္ (ICC)အဖြဲ႕ဝင္ႏိုင္ငံ မဟုတ္ေၾကာင္း
သိရသည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ (ICC) အဖြဲ႕ တရားသူႀကီးမ်ား၊ ေရွ႕ေနမ်ားကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ရာ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလအတြင္း ပစ္မွတ္ထားပိတ္ဆို႔မႈမ်ား စတင္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။
(ICC) သည္ အေမရိကန္ႏိုင္ငံႏွင့္မဟာမိတ္ အစၥေရးႏိုင္ငံသားမ်ားကို ပစ္မွတ္ထားၿပီး အဆင္ျခင္မဲ့ေသာလုပ္ရပ္မ်ားကို လုပ္ေဆာင္ေနျခင္းေၾကာင့္ ပစ္မွတ္ထားပိတ္ဆို႔ျခင္းျဖစ္ေၾကာင္း အေမရိကန္သမၼတက ေျပာသည္။
(ICC) သည္ ၿပီးခဲ့ေသာ ၂၀၂၄ ခုႏွစ္တြင္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ႏွင့္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂယ္လန္တို႔ကို စစ္ရာဇဝတ္မႈက်ဴးလြန္သည္ဟု စြပ္စြဲကာ စြဲခ်က္တင္ဖမ္းဆီးရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကလည္း ၎ကို ဖမ္းဝရမ္းထုတ္ရန္ ႀကိဳးပမ္းခဲ့ေသာ (ICC) ၏ လုပ္ရပ္မ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး လက္ရွိအခ်ိန္တြင္(ICC) အဖြဲ႕ ႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္လ်က္ရွိေနေၾကာင္း သိရသည္။