ထိုင်းဘုရင်စနစ်ကိုဝေဖန်တိုက်ခိုက်မှုဖြင့်စွဲချက်တင်ခံထားရသည့် သက်ဆင်ကို တရားသေလွှတ်ပေး

610

Pika (NP News) - သြဂုတ် ၂၂
ဘန်ကောက်မြို့တရားရုံးသည် ထိုင်းစည်းမျဉ်းခံဘုရင်စနစ်ကိုဝေဖန်တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။
ထိုင်းဘီလျံနာ သက်ဆင်သည် ပြီးခဲ့သော ၁၀ နှစ်ကျော်က တောင်ကိုရီးယားသတင်းစာနှင့်ပြုလုပ်သော အင်တာဗျူးတွင်ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများရင်ဆိုင်ခဲ့ရသူဖြစ်သည်။
သက်ဆင်သည် ပြစ်မှုထင်ရှားမည်ဆိုလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကို ဝေဖန်စော်ကားခြင်းကို တားမြစ်ပိတ်ပင်သည့် ဥပဒေများထုတ်ပြန်ထားပြီး ဘုရင်စနစ်ကို ဝေဖန်ပြစ်တင်သူများကို ထောင်ဒဏ်ချမှတ်မှုများကြောင့် ဝေဖန်ပြစ်တင်ခြင်းများရှိနေသည်။
သက်ဆင်၏ရှေ့နေဖြစ်သူက ချာမွန်ထရီက တရားရုံးသည် သက်ဆင်အပေါ် စွဲဆိုထားသောအမှုနှင့်ပတ်သက်ပြီးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရာ သက်ဆင်သည် ပြုံးပျော်ခွင့်ရခဲ့ကြောင်း ပြောသည်။ သက်ဆင်သည် လက်ရှိအချိန်တွင် နိုင်ငံအကျိုးစီးပွားအတွက် အလုပ်များကိုလုပ်ကိုင်လျက်ရှိနေကြောင်း သက်ဆင်၏ ရှေ့နေဖြစ်သူက ပြောသည်။
သက်ဆင်၏ရှေ့နေဖြစ်သူက ''တရားရုံးဟာ သက်ဆင်အပေါ် စွဲဆိုထားတဲ့စွဲချက်ကို ငြင်းဆန်ပယ်ချခဲ့တယ်။ သက်ဆင်အပေါ် စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး သက်သေတွေကခိုင်မာလုံလောက်မှုမရှိဘူး၊တရားရုံးသာ သက်သေခိုင်လုံမှုမရှိတဲ့အတွက် အမှုကို ပယ်ချခဲ့တယ်'' ဟု ပြောသည်။
သြဂုတ် ၂၂ ရက်တွင် ချမှတ်ခဲ့သော ဘန်ကောက်တရားရုံး၏ဆုံးဖြတ်ချက်က သက်ဆင်မိသားစု နှင့်အားပေးထောက်ခံသူများကို စိတ်သက်သာရာရစေခဲ့ကြောင်း သိရသည်။
သက်ဆင်၏ သမီးဖြစ်သူ ပေထုံတန်ရှင်နာဝါရာကသည် ထိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်သော်လည်း လွှတ်တော်အတွင်း အယုံကြည်မရှိကြောင်း အဆိုတင်သွင်းခံရပြီးနောက် လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရကြောင်း သိရသည်။
သင်ဆင်တို့ မိသားစုသည် ထိုင်းနိုင်ငံရေးလောကတွင် လူကြိုက်များသော မိသားစုဖြစ်ပြီး သက်ဆင်အပြင် ညီမဖြစ်သူ ယဥ်လက်သမီးဖြစ်သူ ပေထုံတန်ရှင်နာဝါရာတို့သည် ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။ သက်ဆင်သည် ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပြီး စစ်တပ်၏ အာဏာသိမ်းမှုများကြောင့် ပြည်ပထွက်ပြေးခဲ့ဖူးသည့် ဝန်ကြီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်သည်။

ထိုင္းဘုရင္စနစ္ကိုေဝဖန္တိုက္ခိုက္မႈျဖင့္စြဲခ်က္တင္ခံထားရသည့္ သက္ဆင္ကို တရားေသလႊတ္ေပး
Pika (NP News) - ၾသဂုတ္ ၂၂
ဘန္ေကာက္ၿမိဳ႕တရား႐ုံးသည္ ထိုင္းစည္းမ်ဥ္းခံဘုရင္စနစ္ကိုေဝဖန္တိုက္ခိုက္မႈျဖင့္ စြဲခ်က္တင္ခံထားရသည့္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္နာဝါထရာကို တရားေသလႊတ္ေပးလိုက္ေၾကာင္း သိရသည္။
ထိုင္းဘီလ်ံနာ သက္ဆင္သည္ ၿပီးခဲ့ေသာ ၁၀ ႏွစ္ေက်ာ္က ေတာင္ကိုရီးယားသတင္းစာႏွင့္ျပဳလုပ္ေသာ အင္တာဗ်ဴးတြင္ထိုင္းဘုရင္စနစ္ကို ေဝဖန္တိုက္ခိုက္ခဲ့ေၾကာင္း စြပ္စြဲမႈမ်ားရင္ဆိုင္ခဲ့ရသူျဖစ္သည္။
သက္ဆင္သည္ ျပစ္မႈထင္ရွားမည္ဆိုလွ်င္ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ ျပစ္ဒဏ္က်ခံရဖြယ္ရွိေနေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္ ဘုရင္စနစ္ကို ေဝဖန္ေစာ္ကားျခင္းကို တားျမစ္ပိတ္ပင္သည့္ ဥပေဒမ်ားထုတ္ျပန္ထားၿပီး ဘုရင္စနစ္ကို ေဝဖန္ျပစ္တင္သူမ်ားကို ေထာင္ဒဏ္ခ်မွတ္မႈမ်ားေၾကာင့္ ေဝဖန္ျပစ္တင္ျခင္းမ်ားရွိေနသည္။
သက္ဆင္၏ေရွ႕ေနျဖစ္သူက ခ်ာမြန္ထရီက တရား႐ုံးသည္ သက္ဆင္အေပၚ စြဲဆိုထားေသာအမႈႏွင့္ပတ္သက္ၿပီးဆုံးျဖတ္ခ်က္ကိုခ်မွတ္ခဲ့ရာ သက္ဆင္သည္ ၿပဳံးေပ်ာ္ခြင့္ရခဲ့ေၾကာင္း ေျပာသည္။ သက္ဆင္သည္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံအက်ိဳးစီးပြားအတြက္ အလုပ္မ်ားကိုလုပ္ကိုင္လ်က္ရွိေနေၾကာင္း သက္ဆင္၏ ေရွ႕ေနျဖစ္သူက ေျပာသည္။
သက္ဆင္၏ေရွ႕ေနျဖစ္သူက ''တရား႐ုံးဟာ သက္ဆင္အေပၚ စြဲဆိုထားတဲ့စြဲခ်က္ကို ျငင္းဆန္ပယ္ခ်ခဲ့တယ္။ သက္ဆင္အေပၚ စြဲဆိုထားတဲ့အမႈနဲ႔ပတ္သက္ၿပီး သက္ေသေတြကခိုင္မာလုံေလာက္မႈမရွိဘူး၊တရား႐ုံးသာ သက္ေသခိုင္လုံမႈမရွိတဲ့အတြက္ အမႈကို ပယ္ခ်ခဲ့တယ္'' ဟု ေျပာသည္။
ၾသဂုတ္ ၂၂ ရက္တြင္ ခ်မွတ္ခဲ့ေသာ ဘန္ေကာက္တရား႐ုံး၏ဆုံးျဖတ္ခ်က္က သက္ဆင္မိသားစု ႏွင့္အားေပးေထာက္ခံသူမ်ားကို စိတ္သက္သာရာရေစခဲ့ေၾကာင္း သိရသည္။
သက္ဆင္၏ သမီးျဖစ္သူ ေပထုံတန္ရွင္နာဝါရာကသည္ ထိုင္းအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ျဖစ္ေသာ္လည္း လႊတ္ေတာ္အတြင္း အယုံၾကည္မရွိေၾကာင္း အဆိုတင္သြင္းခံရၿပီးေနာက္ လက္ရွိအခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ဆိုင္းငံ့ခံထားရေၾကာင္း သိရသည္။
သင္ဆင္တို႔ မိသားစုသည္ ထိုင္းႏိုင္ငံေရးေလာကတြင္ လူႀကိဳက္မ်ားေသာ မိသားစုျဖစ္ၿပီး သက္ဆင္အျပင္ ညီမျဖစ္သူ ယဥ္လက္သမီးျဖစ္သူ ေပထုံတန္ရွင္နာဝါရာတို႔သည္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့ဖူးေၾကာင္း သိရသည္။ သက္ဆင္သည္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ၂၀၀၁ ခုႏွစ္မွ ၂၀၀၆ ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးၿပီး စစ္တပ္၏ အာဏာသိမ္းမႈမ်ားေၾကာင့္ ျပည္ပထြက္ေျပးခဲ့ဖူးသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္းတစ္ဦးလည္းျဖစ္သည္။