မော်ရိုကိုနိုင်ငံ၏ သမိုင်းဝင်မြို့(၄)မြို့ထဲက မာရာကတ်ရှ်မြို့အကြောင်း

 134

Pika (NP News) - သြဂုတ် ၂၂

မာရာကတ်ရှ်မြို့သည် မော်ရိုကိုနိုင်ငံတွင် လေးခုမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး မော်ရိုကို ၏ သမိုင်းဝင်မြို့(၄)မြို့ထဲမှတစ်မြို့လည်းဖြစ်ကာ Marrakesh–Safi ဒေသ၏မြို့တော်လည်းဖြစ် ကြောင်းသိရသည်။ မာရာကတ်ရှ်မြို့သည် ကျော် ကြားသောနန်းတော်များ၊ ကြယ်(၅)ပွင့်စားသောက် ဆိုင်များ၊ ဇိမ်ခံချင်စရာများနှင့် ချစ်စရာကောင်းသော ရိုးရာနေအိမ်များကြောင့် နာမည်ကျော်ကြားသည်။ မာရာကတ်ရှ်မြို့သည် Atlas တောင်ခြေ၏အ နောက်ဘက်တွင်တည်ရှိပြီး (၂၀၂၅)ခုနှစ်အထိ စုစုပေါင်းနေထိုင်သူလူဦးရေမှာ (၁၀၈၅၃၃၀)ဦးရှိ ကြောင်းသိရသည်။သမိုင်းကြောင်းမာရာကတ်ရှ်မြို့ကို Almoravid မင်း ဆက်၏မြို့တော်အဖြစ် Lamtuna Berber မျိုး နွယ်စုအကြီးအကဲ Abu Bakr ibn Umar က (၁၀၇၀)ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ Almoravid မင်းဆက်သည် မာရာကတ်ရှ်မြို့တွင် ပထမဆုံးသော အဓိကအ ဆောက်အအုံများကိုတည်ဆောက်ခဲ့ပြီး ရာစုနှစ်များ စွာကြာအောင် ၎င်း၏အပြင်အဆင်များကို ပုံဖော်ခဲ့ ကြောင်းသိရသည်။ (၁၁၂၂)ခုနှစ်နှင့် (၁၁၂၃)ခုနှစ်တို့တွင် Almoravid မင်းဆက်၏ (၅)ယောက်မြောက်ဘုရင်ခံ Ali ibn Yusuf တည် ဆောက်ခဲ့သော အနီရောင်မြို့ရိုးများနှင့် နောက်ပိုင်း တွင် သဲကျောက်နီဖြင့်တည်ဆောက်ခဲ့သောအ ဆောက်အအုံအမျိုးမျိုးတို့သည် မာရာကတ်ရှ်မြို့ကို အနီရောင်မြို့တော် သို့မဟုတ် ]Ochre City အပ အဖြစ် အမည်ပေးသည်အထိ ဖြစ်စေခဲ့ကြောင်းသိရ သည်။ နောက်ပိုင်းတွင် မာရာကတ်ရှ်မြို့သည် လျင် မြန်စွာကြီးထွားလာခဲ့ပြီး Maghreb ဒေသအတွက် ယဉ်ကျေးမှု၊ ဘာသာရေးနှင့်ကုန်သွယ်ရေးစင်တာတစ် ခုဖြစ်လာခဲ့ကြောင်းသိရသည်။ ကာလအတော်ကြာ ကျဆင်းမှုများကိုကြုံတွေ့ခဲ့ရပြီးနောက် မာရာကတ်ရှ် မြို့သည် (၁၆)ရာစုအစောပိုင်းတွင် Saadian မင်း ဆက်၏မြို့တော်အဖြစ် ၎င်း၏အဆင့်အတန်းကို ပြန်လည်ရရှိခဲ့ပြီး စူလ်တန်များဖြစ်သည့် Abd­allah al-Ghalib နှင့် Ahmad al-Mansur တို့က ခမ်းနားသောအထိမ်းအမှတ်များဖြင့် မာရာကတ်ရှ်မြို့ ကိုအလှဆင်ခဲ့ကြောင်းသိရသည်။ (၁၉၁၂)ခုနှစ်တွင် မော်ရိုကိုတွင် ပြင်သစ်ကာကွယ်ရေးဌာနကိုတည် ထောင်ခဲ့ကာ Thami El Glaoui သည် မာရာ ကတ်ရှ်၏ခေါင်းဆောင်ဖြစ်လာခဲ့ပြီး မော်ရိုကို လွတ် လပ်ရေးရပြီး (၁၉၅၆)ခုနှစ်တွင် ဘုရင်စနစ် ပြန်လည် ထူထောင်ချိန်အထိ အဆိုပါရာထူးကိုချုပ်ကိုင်ခဲ့ ကြောင်းသိရသည်။ မာရာကတ်ရှ်မြို့တွင် ဈေးသည် များ၊ ဆိုင်ခန်းများဖြင့်ဖွဲ့စည်းထားသည့် မြို့ဟောင်း တစ်ခုပါဝင်ပြီး မီဒီနာရပ်ကွက်သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ကာJemaa el-Fnaa ရင်ပြင်၊ ဈေးများ၊ Kutubiyya ဗလီ၊ Kasbah ခံတပ်နှင့် အခြား သမိုင်းဝင်နေရာများစွာတို့ပါရှိကြောင်း သိရသည်။ ထို့ပြင် မာရာကတ်ရှ်မြို့သည် အဓိကစီး ပွားရေးစင်တာနှင့် ခရီးသွားနေရာတစ်ခုအဖြစ် ဆောင်ရွက်ပြီး အိမ်ခြံမြေနှင့် ဟိုတယ် ဖွံ့ဖြိုးတိုးတက် မှုသည် (၂၁) ရာစုတွင် သိသိသာသာကြီးထွားလာခဲ့ ကြောင်းသိရသည်။ မာရာကတ်ရှ်မြို့သည် ပြင်သစ်လူ မျိုးများအတွက် အထူးရေပန်းစားပြီး ပြင်သစ်နာမည် ကျော်များစွာသည် မာရာကတ်ရှ်မြို့တွင် ပိုင်ဆိုင်မှုများ ရှိကြကြောင်းသိရသည်။ မာရာကတ်ရှ်မြို့ကို Casa­blanca မြို့နှင့် မော်ရိုကိုမြောက်ပိုင်းသို့ဆက်သွယ်ပေးသော Ménara အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Marrakesh မီးရထားဘူတာတို့က ဝန်ဆောင်မှုပေး ထားကြောင်းသိရသည်။ မာရာကတ်ရှ်မြို့တွင် Cadi Ayyad တက္ကသိုလ်အပါအဝင် တက္ကသိုလ်နှင့် ကျောင်းပေါင်းများစွာရှိပြီးNajm de Marrakech, KAC Marrakech, Mouloudia de Marrakech နှင့် Chez Ali Club de Marrakech တို့အပါအဝင် မော်ရိုကိုဘောလုံးအသင်းများစွာသည် မြို့တွင်အခြေ စိုက်ကြကြောင်းသိရသည်။ ထို့ပြင် Marrakesh Street Circuitonf World Touring Car Championship, Auto GP နှင့် FIA Formula Two Championship ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်နေရာတစ်ခုလည်း ဖြစ်သည်။

စီးပွားရေး
မာရာကတ်ရှ်မြို့သည် မော်ရိုကိုနိုင်ငံ၏ စီး ပွားရေးနှင့်ယဉ်ကျေးမှု၏ အဓိကအစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။ မာရာကတ်ရှ်မြို့မှ Casablanca မြို့၊ Agadir မြို့တို့သို့ အဝေးပြေးလမ်းမကြီးများ၊ ဒေသတွင်းလေဆိပ်များ ဖွံ့ဖြိုးတိုးတက်လာမှုတို့သည် မြို့တွင်းတွင် ခရီးသွားများ သိသိသာသာတိုးမြင့်လာ စေခဲ့ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား နှစ်သန်းကျော်ကို ဆွဲဆောင်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် မာရာ ကတ်ရှ်မြို့သည် ပြင်သစ်လူမျိုးများကြားတွင် အလွန် ရေပန်းစားပြီး ဖက်ရှင်သူဌေးများဖြစ်သည့် Yves St Laurentနှင့် Jean-Paul Gaultier တို့အပါအဝင် ပြင်သစ်နာမည်ကျော်များစွာသည် မာရာကတ်ရှ်မြို့ တွင်းတွင် အိမ်ခြံမြေများကိုဝယ်ယူခဲ့ကြကြောင်း သိရ သည်။ (၁၉၉၀)ပြည့်နှစ်များအထိ မာရာကတ်ရှ်မြို့ တွင်နေထိုင်သော နိုင်ငံခြားသားများမှာ အနည်းငယ် သာရှိခဲ့သော်လည်း အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုသည် လွန်ခဲ့သော(၁၅)နှစ်အတွင်း သိသိသာသာတိုးမြင့်လာ ခဲ့ကြောင်းသိရသည်။ စီးပွားရေးပျက်ကပ်ကြီးနှင့် (၂၀ဝ၈)ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းများအပြီး (၂၀၁၁)ခုနှစ်တွင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများသည် ကမ္ဘာလှည့်ခရီးသွားများတည်းခိုနေထိုင်ရေးနှင့် လူမှု ရေးအိမ်ရာများတွင် သိသိသာသာတိုးတက်လာခဲ့ ကြောင်းသိရသည်။ (၂၀၁၁)ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁ ဒသမ ၂၈)ဘီလျံရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဂေါက်ကွင်းနှင့် ကျန်းမာရေး ျစေ များကဲ့သို့သော ဟိုတယ်နှင့် အပန်းဖြေစင်တာများအပါအဝင် ခရီး သွားများအတွက် အဆောက်အအုံများတွင် အဓိကဖွံ့ ဖြိုးတိုးတက်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် မာရာ ကတ်ရှ်မြို့တွင်းရှိ အပန်းဖြေစခန်းများသည် ဒေသ တွင်းနှင့် နိုင်ငံ၏စီးပွားရေးကို သိသာထင်ရှားစွာ ပံ့ပိုးကူညီနိုင်ပြီး အလုပ်အကိုင်ပေါင်းများစွာ ဖန်တီး ပေးကာ နှစ်စဉ် လာရောက်လည်ပတ်သူထောင်ပေါင်း များစွာကိုဆွဲဆောင်နိုင်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြကြောင်းလည်းသိရသည်။ ကုန် သွယ်မှုနှင့်လက်မှုပညာသည် ဒေသတွင်း ခရီးသွား လာရေးကိုတွန်းအားပေးသည့် စီးပွားရေးလုပ်ငန်း အတွက် အလွန်အရေးကြီးကြောင်းသိရသည်။ မာရာကတ်ရှ်မြို့တွင် ဈေးကွက် (၁၈)ခုရှိပြီး မြေအိုး၊ ကြေးထည်ပစ္စည်း၊ သားရေနှင့် အခြား လက်မှုပညာ များတွင် လူပေါင်း(၄၀ဝဝဝ)ကျော်ကို အလုပ်ခန့် အပ်ထားသည်။ မာရာကတ်ရှ်မြို့ရှိ ဈေးကွက်များ တွင် ပလတ်စတစ်ခြေညှပ်ဖိနပ်မှသည် အိန္ဒိယ သို့မ ဟုတ် တရုတ်နိုင်ငံတို့မှတင်သွင်းသော ပါလက်စ တိုင်းစတိုင်ပဝါများအထိ ပစ္စည်းအမြောက်အမြား ပါဝင်ကြောင်းသိရသည်။ မာရာကတ်ရှ်မြို့ရှိ စက်မှု ထုတ်လုပ်မှုသည် ကြီးမားသော စက်ရုံများ၊ အလုပ်ရုံ များ၊ သိုလှောင်ရုံများနှင့် အရောင်းပြခန်းများပါဝင်သော Sidi Ghanem Al Massar ရပ်ကွက်တွင် အခြေပြုကြောင်းသိရသည်။ အီတလီဘိလပ်မြေ ကုမ္ပဏီ၏လုပ်ငန်းခွဲဖြစ်သော Ciments Mo­rocco သည် မာရာကတ်ရှ်မြို့တွင် စက်ရုံတစ်ခုတည် ရှိကြောင်းလည်းသိရသည်။ မာရာကတ်ရှ်မြို့သည် မြောက်အာဖရိက၏ အကြီးဆုံး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေးစင်တာများထဲမှတစ်ခုဖြစ်ပြီး ယင်း ကုန်သွယ်မှုအများစုမှာ တရားမဝင်သော်လည်း အများစုကို မီဒီနာရပ်ကွက်နှင့်ကပ်လျက်ရှိသော ရင်ပြင်များတွင် တွေ့ရှိနိုင်ကြောင်းသိရသည်။

Zawgyi Version:
ေမာ္႐ိုကိုႏိုင္ငံ၏ သမိုင္းဝင္ၿမိဳ႕(၄)ၿမိဳ႕ထဲက မာရာကတ္ရွ္ၿမိဳ႕အေၾကာင္း
Pika (NP News) - ၾသဂုတ္ ၂၂

မာရာကတ္ရွ္ၿမိဳ႕သည္ ေမာ္႐ိုကိုႏိုင္ငံတြင္ ေလးခုေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေမာ္႐ိုကို ၏ သမိုင္းဝင္ၿမိဳ႕(၄)ၿမိဳ႕ထဲမွတစ္ၿမိဳ႕လည္းျဖစ္ကာ Marrakesh–Safi ေဒသ၏ၿမိဳ႕ေတာ္လည္းျဖစ္ ေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕သည္ ေက်ာ္ ၾကားေသာနန္းေတာ္မ်ား၊ ၾကယ္(၅)ပြင့္စားေသာက္ ဆိုင္မ်ား၊ ဇိမ္ခံခ်င္စရာမ်ားႏွင့္ ခ်စ္စရာေကာင္းေသာ ႐ိုးရာေနအိမ္မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ မာရာကတ္ရွ္ၿမိဳ႕သည္ Atlas ေတာင္ေျခ၏အ ေနာက္ဘက္တြင္တည္ရွိၿပီး (၂၀၂၅)ခုႏွစ္အထိ စုစုေပါင္းေနထိုင္သူလူဦးေရမွာ (၁၀၈၅၃၃၀)ဦးရွိ ေၾကာင္းသိရသည္။သမိုင္းေၾကာင္းမာရာကတ္ရွ္ၿမိဳ႕ကို Almoravid မင္း ဆက္၏ၿမိဳ႕ေတာ္အျဖစ္ Lamtuna Berber မ်ိဳး ႏြယ္စုအႀကီးအကဲ Abu Bakr ibn Umar က (၁၀၇၀)ျပည့္ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ Almoravid မင္းဆက္သည္ မာရာကတ္ရွ္ၿမိဳ႕တြင္ ပထမဆုံးေသာ အဓိကအ ေဆာက္အအုံမ်ားကိုတည္ေဆာက္ခဲ့ၿပီး ရာစုႏွစ္မ်ား စြာၾကာေအာင္ ၎၏အျပင္အဆင္မ်ားကို ပုံေဖာ္ခဲ့ ေၾကာင္းသိရသည္။ (၁၁၂၂)ခုႏွစ္ႏွင့္ (၁၁၂၃)ခုႏွစ္တို႔တြင္ Almoravid မင္းဆက္၏ (၅)ေယာက္ေျမာက္ဘုရင္ခံ Ali ibn Yusuf တည္ ေဆာက္ခဲ့ေသာ အနီေရာင္ၿမိဳ႕႐ိုးမ်ားႏွင့္ ေနာက္ပိုင္း တြင္ သဲေက်ာက္နီျဖင့္တည္ေဆာက္ခဲ့ေသာအ ေဆာက္အအုံအမ်ိဳးမ်ိဳးတို႔သည္ မာရာကတ္ရွ္ၿမိဳ႕ကို အနီေရာင္ၿမိဳ႕ေတာ္ သို႔မဟုတ္ ]Ochre City အပ အျဖစ္ အမည္ေပးသည္အထိ ျဖစ္ေစခဲ့ေၾကာင္းသိရ သည္။ ေနာက္ပိုင္းတြင္ မာရာကတ္ရွ္ၿမိဳ႕သည္ လ်င္ ျမန္စြာႀကီးထြားလာခဲ့ၿပီး Maghreb ေဒသအတြက္ ယဥ္ေက်းမႈ၊ ဘာသာေရးႏွင့္ကုန္သြယ္ေရးစင္တာတစ္ ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ ကာလအေတာ္ၾကာ က်ဆင္းမႈမ်ားကိုႀကဳံေတြ႕ခဲ့ရၿပီးေနာက္ မာရာကတ္ရွ္ ၿမိဳ႕သည္ (၁၆)ရာစုအေစာပိုင္းတြင္ Saadian မင္း ဆက္၏ၿမိဳ႕ေတာ္အျဖစ္ ၎၏အဆင့္အတန္းကို ျပန္လည္ရရွိခဲ့ၿပီး စူလ္တန္မ်ားျဖစ္သည့္ Abd­allah al-Ghalib ႏွင့္ Ahmad al-Mansur တို႔က ခမ္းနားေသာအထိမ္းအမွတ္မ်ားျဖင့္ မာရာကတ္ရွ္ၿမိဳ႕ ကိုအလွဆင္ခဲ့ေၾကာင္းသိရသည္။ (၁၉၁၂)ခုႏွစ္တြင္ ေမာ္႐ိုကိုတြင္ ျပင္သစ္ကာကြယ္ေရးဌာနကိုတည္ ေထာင္ခဲ့ကာ Thami El Glaoui သည္ မာရာ ကတ္ရွ္၏ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီး ေမာ္႐ိုကို လြတ္ လပ္ေရးရၿပီး (၁၉၅၆)ခုႏွစ္တြင္ ဘုရင္စနစ္ ျပန္လည္ ထူေထာင္ခ်ိန္အထိ အဆိုပါရာထူးကိုခ်ဳပ္ကိုင္ခဲ့ ေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕တြင္ ေဈးသည္ မ်ား၊ ဆိုင္ခန္းမ်ားျဖင့္ဖြဲ႕စည္းထားသည့္ ၿမိဳ႕ေဟာင္း တစ္ခုပါဝင္ၿပီး မီဒီနာရပ္ကြက္သည္ ယူနက္စကို၏ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုျဖစ္ကာJemaa el-Fnaa ရင္ျပင္၊ ေဈးမ်ား၊ Kutubiyya ဗလီ၊ Kasbah ခံတပ္ႏွင့္ အျခား သမိုင္းဝင္ေနရာမ်ားစြာတို႔ပါရွိေၾကာင္း သိရသည္။ ထို႔ျပင္ မာရာကတ္ရွ္ၿမိဳ႕သည္ အဓိကစီး ပြားေရးစင္တာႏွင့္ ခရီးသြားေနရာတစ္ခုအျဖစ္ ေဆာင္႐ြက္ၿပီး အိမ္ၿခံေျမႏွင့္ ဟိုတယ္ ဖြံ႕ၿဖိဳးတိုးတက္ မႈသည္ (၂၁) ရာစုတြင္ သိသိသာသာႀကီးထြားလာခဲ့ ေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕သည္ ျပင္သစ္လူ မ်ိဳးမ်ားအတြက္ အထူးေရပန္းစားၿပီး ျပင္သစ္နာမည္ ေက်ာ္မ်ားစြာသည္ မာရာကတ္ရွ္ၿမိဳ႕တြင္ ပိုင္ဆိုင္မႈမ်ား ရွိၾကေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕ကို Casa­blanca ၿမိဳ႕ႏွင့္ ေမာ္႐ိုကိုေျမာက္ပိုင္းသို႔ဆက္သြယ္ေပးေသာ Ménara အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ Marrakesh မီးရထားဘူတာတို႔က ဝန္ေဆာင္မႈေပး ထားေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕တြင္ Cadi Ayyad တကၠသိုလ္အပါအဝင္ တကၠသိုလ္ႏွင့္ ေက်ာင္းေပါင္းမ်ားစြာရွိၿပီးNajm de Marrakech, KAC Marrakech, Mouloudia de Marrakech ႏွင့္ Chez Ali Club de Marrakech တို႔အပါအဝင္ ေမာ္႐ိုကိုေဘာလုံးအသင္းမ်ားစြာသည္ ၿမိဳ႕တြင္အေျခ စိုက္ၾကေၾကာင္းသိရသည္။ ထို႔ျပင္ Marrakesh Street Circuitonf World Touring Car Championship, Auto GP ႏွင့္ FIA Formula Two Championship ၿပိဳင္ပြဲမ်ားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ေနရာတစ္ခုလည္း ျဖစ္သည္။

စီးပြားေရး
မာရာကတ္ရွ္ၿမိဳ႕သည္ ေမာ္႐ိုကိုႏိုင္ငံ၏ စီး ပြားေရးႏွင့္ယဥ္ေက်းမႈ၏ အဓိကအစိတ္အပိုင္းတစ္ခု လည္းျဖစ္သည္။ မာရာကတ္ရွ္ၿမိဳ႕မွ Casablanca ၿမိဳ႕၊ Agadir ၿမိဳ႕တို႔သို႔ အေဝးေျပးလမ္းမႀကီးမ်ား၊ ေဒသတြင္းေလဆိပ္မ်ား ဖြံ႕ၿဖိဳးတိုးတက္လာမႈတို႔သည္ ၿမိဳ႕တြင္းတြင္ ခရီးသြားမ်ား သိသိသာသာတိုးျမင့္လာ ေစခဲ့ၿပီး ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား ႏွစ္သန္းေက်ာ္ကို ဆြဲေဆာင္လ်က္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ မာရာ ကတ္ရွ္ၿမိဳ႕သည္ ျပင္သစ္လူမ်ိဳးမ်ားၾကားတြင္ အလြန္ ေရပန္းစားၿပီး ဖက္ရွင္သူေဌးမ်ားျဖစ္သည့္ Yves St Laurentႏွင့္ Jean-Paul Gaultier တို႔အပါအဝင္ ျပင္သစ္နာမည္ေက်ာ္မ်ားစြာသည္ မာရာကတ္ရွ္ၿမိဳ႕ တြင္းတြင္ အိမ္ၿခံေျမမ်ားကိုဝယ္ယူခဲ့ၾကေၾကာင္း သိရ သည္။ (၁၉၉၀)ျပည့္ႏွစ္မ်ားအထိ မာရာကတ္ရွ္ၿမိဳ႕ တြင္ေနထိုင္ေသာ ႏိုင္ငံျခားသားမ်ားမွာ အနည္းငယ္ သာရွိခဲ့ေသာ္လည္း အိမ္ၿခံေျမဖြံ႕ၿဖိဳးတိုးတက္မႈသည္ လြန္ခဲ့ေသာ(၁၅)ႏွစ္အတြင္း သိသိသာသာတိုးျမင့္လာ ခဲ့ေၾကာင္းသိရသည္။ စီးပြားေရးပ်က္ကပ္ႀကီးႏွင့္ (၂၀ဝ၈)ခုႏွစ္ ဘ႑ာေရးအက်ပ္အတည္းမ်ားအၿပီး (၂၀၁၁)ခုႏွစ္တြင္ အိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ ကမာၻလွည့္ခရီးသြားမ်ားတည္းခိုေနထိုင္ေရးႏွင့္ လူမႈ ေရးအိမ္ရာမ်ားတြင္ သိသိသာသာတိုးတက္လာခဲ့ ေၾကာင္းသိရသည္။ (၂၀၁၁)ခုႏွစ္တြင္ အေမရိကန္ ေဒၚလာ(၁ ဒသမ ၂၈)ဘီလ်ံရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္အတူ ေဂါက္ကြင္းႏွင့္ က်န္းမာေရး ်ေစ မ်ားကဲ့သို႔ေသာ ဟိုတယ္ႏွင့္ အပန္းေျဖစင္တာမ်ားအပါအဝင္ ခရီး သြားမ်ားအတြက္ အေဆာက္အအုံမ်ားတြင္ အဓိကဖြံ႕ ၿဖိဳးတိုးတက္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ မာရာ ကတ္ရွ္ၿမိဳ႕တြင္းရွိ အပန္းေျဖစခန္းမ်ားသည္ ေဒသ တြင္းႏွင့္ ႏိုင္ငံ၏စီးပြားေရးကို သိသာထင္ရွားစြာ ပံ့ပိုးကူညီႏိုင္ၿပီး အလုပ္အကိုင္ေပါင္းမ်ားစြာ ဖန္တီး ေပးကာ ႏွစ္စဥ္ လာေရာက္လည္ပတ္သူေထာင္ေပါင္း မ်ားစြာကိုဆြဲေဆာင္ႏိုင္မည္ဟု အာဏာပိုင္မ်ားက ေမွ်ာ္လင့္ထားၾကေၾကာင္းလည္းသိရသည္။ ကုန္ သြယ္မႈႏွင့္လက္မႈပညာသည္ ေဒသတြင္း ခရီးသြား လာေရးကိုတြန္းအားေပးသည့္ စီးပြားေရးလုပ္ငန္း အတြက္ အလြန္အေရးႀကီးေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕တြင္ ေဈးကြက္ (၁၈)ခုရွိၿပီး ေျမအိုး၊ ေၾကးထည္ပစၥည္း၊ သားေရႏွင့္ အျခား လက္မႈပညာ မ်ားတြင္ လူေပါင္း(၄၀ဝဝဝ)ေက်ာ္ကို အလုပ္ခန႔္ အပ္ထားသည္။ မာရာကတ္ရွ္ၿမိဳ႕ရွိ ေဈးကြက္မ်ား တြင္ ပလတ္စတစ္ေျခညႇပ္ဖိနပ္မွသည္ အိႏၵိယ သို႔မ ဟုတ္ တ႐ုတ္ႏိုင္ငံတို႔မွတင္သြင္းေသာ ပါလက္စ တိုင္းစတိုင္ပဝါမ်ားအထိ ပစၥည္းအေျမာက္အျမား ပါဝင္ေၾကာင္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕ရွိ စက္မႈ ထုတ္လုပ္မႈသည္ ႀကီးမားေသာ စက္႐ုံမ်ား၊ အလုပ္႐ုံ မ်ား၊ သိုေလွာင္႐ုံမ်ားႏွင့္ အေရာင္းျပခန္းမ်ားပါဝင္ေသာ Sidi Ghanem Al Massar ရပ္ကြက္တြင္ အေျချပဳေၾကာင္းသိရသည္။ အီတလီဘိလပ္ေျမ ကုမၸဏီ၏လုပ္ငန္းခြဲျဖစ္ေသာ Ciments Mo­rocco သည္ မာရာကတ္ရွ္ၿမိဳ႕တြင္ စက္႐ုံတစ္ခုတည္ ရွိေၾကာင္းလည္းသိရသည္။ မာရာကတ္ရွ္ၿမိဳ႕သည္ ေျမာက္အာဖရိက၏ အႀကီးဆုံး ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေရးစင္တာမ်ားထဲမွတစ္ခုျဖစ္ၿပီး ယင္း ကုန္သြယ္မႈအမ်ားစုမွာ တရားမဝင္ေသာ္လည္း အမ်ားစုကို မီဒီနာရပ္ကြက္ႏွင့္ကပ္လ်က္ရွိေသာ ရင္ျပင္မ်ားတြင္ ေတြ႕ရွိႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.