နယူးဇီလန်နိုင်ငံရှိ လူ ၅ ဦးစီမှာ သိုး ၁ ကောင်လောက်သာ ပိုင်ဆိုင်လောက်အောင် သိုးအရေအတွက် စံချိန်တင် နိမ့်ကျလာ

661

ရောင်နီ (NP News) - မေ ၂၄
နယူးဇီလန်နိုင်ငံမှာ ပျှမ်းမျှ လူ ၅ ဦးစီမှာ သိုးတစ်ကောင်သာ ပိုင်ဆိုင်ပြီး ၁၈၅ဝ ခုနှစ်များနောက်ပိုင်း သိုးအကောင်ရေ အနိမ့်ဆုံးဖြစ်လာခဲ့ကြောင်း တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းများအရ သိရပါ တယ်။
နယူးဇီလန်နိုင်ငံသားတွေရဲ့သိုးပိုင်ဆိုင်မှုဟာ ၎င်းတို့ရဲ့ဩစတြေးလျပြိုင်ဘက်များရဲ့ သိုးမွေး စားကျက်များထက် အဆပေါင်းများစွာ နည်းပါးလာကြောင်း အစိုးရအဖွဲ့ Stats NZ က ပြောကြားခဲ့ပါတယ်။
၂ဝ၂၂ ခုနှစ် ဇွန်လက နိုင်ငံလုံးဆိုင်ရာ သိုးအကောင်ရေ ၄ဝဝ,ဝဝဝ (သို့မဟုတ်) နှစ် ရာခိုင်နှုန်း ကျဆင်းသွားကြောင်း နယူးဇီလန်ရဲ့ငါးနှစ်တာ စိုက်ပျိုးထုတ်လုပ်မှု သန်းခေါင်စာရင်းအသစ်မှာ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ “နိုင်ငံ့သိုး အရေအတွက်ကို ပထမဆုံးမှတ်တမ်းတင်ခဲ့တဲ့ ၁၈၅ဝ ပြည့်လွန်နှစ်တွေကတည်းက ပထမဆုံးအကြိမ်အဖြစ် ၂ဝ၂၂ ခုနှစ်မှာ လူနဲ့သိုးအချိုးအစားဟာ ငါးကောင်ကနေ တစ်ကောင်အောက် ကျဆင်းသွားခဲ့ပါတယ်” လို့ Stats NZ မှ လေ့လာသုံးသပ်သူ ဂျက်ဆွန်အက်တဝဲလ် က ပြောကြားခဲ့ပါတယ်။
“၁၉၈၂ ခုနှစ်တုန်းက နယူးဇီလန်ရဲ့သိုးအရေအတွက်ဟာ လူတစ်ဦးကို ၂၂ ကောင်ထက်ပို ပိုင်ဆိုင်နိုင်ခဲ့တယ် ” လို့ ၎င်းက ထပ်လောင်းပြောပါတယ်။
သြစတြေးလျကတော့ နယူးဇီလန်ထက် သိုးကောင်ရေ သုံးဆလောက် ရှိပေမယ့် သူတို့ရဲ့အချိုးအစား အတိုင်းဆိုရင် သြစတြေးလျမှာလည်း ပျှမ်းမျှ လူတစ်ဦးကို သိုးသုံးကောင်လောက်သာ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
လူဦးရေ ၅.၂ သန်းနေထိုင်တဲ့ နယူးဇီလန်ဟာ ကမ္ဘာ့အဓိက သိုးမွှေးတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ၂ဝ၂၂ ခုနှစ်က ပြည်ပသို့ အမေရိကန်ဒေါ်လာ ၂၈၄ သန်းထိ တင်ပို့နိုင်ခဲ့ပါတယ်။ သို့ပေမယ့် မွေးမြူရေးစရိတ်များ မြင့်တက်လာခြင်းနဲ့ သိုးမွှေးဈေးများ ကျဆင်းခြင်းတို့ကြောင့် နိုင်ငံလုံးဆိုင်ရာ သိုးအကောင်ရေဟာ ၁၉၈ဝ ခုနှစ်များထက် လျော့ကျ လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
နယူးဇီလန္ႏိုင္ငံရွိ လူ ၅ ဦးစီမွာ သိုး ၁ ေကာင္ေလာက္သာ ပိုင္ဆိုင္ေလာက္ေအာင္ သိုးအေရအတြက္ စံခ်ိန္တင္ နိမ့္က်လာ
ေရာင္နီ (NP News) - ေမ ၂၄
နယူးဇီလန္ႏိုင္ငံမွာ ပွ်မ္းမွ် လူ ၅ ဦးစီမွာ သိုးတစ္ေကာင္သာ ပိုင္ဆိုင္ၿပီး ၁၈၅ဝ ခုႏွစ္မ်ားေနာက္ပိုင္း သိုးအေကာင္ေရ အနိမ့္ဆုံးျဖစ္လာခဲ့ေၾကာင္း တနလၤာေန႔မွာ တရားဝင္ထုတ္ျပန္ခဲ့တဲ့ ကိန္းဂဏန္းမ်ားအရ သိရပါ တယ္။
နယူးဇီလန္ႏိုင္ငံသားေတြရဲ႕သိုးပိုင္ဆိုင္မႈဟာ ၎တို႔ရဲ႕ဩစေၾတးလ်ၿပိဳင္ဘက္မ်ားရဲ႕ သိုးေမြး စားက်က္မ်ားထက္ အဆေပါင္းမ်ားစြာ နည္းပါးလာေၾကာင္း အစိုးရအဖြဲ႕ Stats NZ က ေျပာၾကားခဲ့ပါတယ္။
၂ဝ၂၂ ခုႏွစ္ ဇြန္လက ႏိုင္ငံလုံးဆိုင္ရာ သိုးအေကာင္ေရ ၄ဝဝ,ဝဝဝ (သို႔မဟုတ္) ႏွစ္ ရာခိုင္ႏႈန္း က်ဆင္းသြားေၾကာင္း နယူးဇီလန္ရဲ႕ငါးႏွစ္တာ စိုက္ပ်ိဳးထုတ္လုပ္မႈ သန္းေခါင္စာရင္းအသစ္မွာ ထုတ္ျပန္ေဖာ္ျပခဲ့ပါတယ္။ “ႏိုင္ငံ့သိုး အေရအတြက္ကို ပထမဆုံးမွတ္တမ္းတင္ခဲ့တဲ့ ၁၈၅ဝ ျပည့္လြန္ႏွစ္ေတြကတည္းက ပထမဆုံးအႀကိမ္အျဖစ္ ၂ဝ၂၂ ခုႏွစ္မွာ လူနဲ႔သိုးအခ်ိဳးအစားဟာ ငါးေကာင္ကေန တစ္ေကာင္ေအာက္ က်ဆင္းသြားခဲ့ပါတယ္” လို႔ Stats NZ မွ ေလ့လာသုံးသပ္သူ ဂ်က္ဆြန္အက္တဝဲလ္ က ေျပာၾကားခဲ့ပါတယ္။
“၁၉၈၂ ခုႏွစ္တုန္းက နယူးဇီလန္ရဲ႕သိုးအေရအတြက္ဟာ လူတစ္ဦးကို ၂၂ ေကာင္ထက္ပို ပိုင္ဆိုင္ႏိုင္ခဲ့တယ္ ” လို႔ ၎က ထပ္ေလာင္းေျပာပါတယ္။
ၾသစေၾတးလ်ကေတာ့ နယူးဇီလန္ထက္ သိုးေကာင္ေရ သုံးဆေလာက္ ရွိေပမယ့္ သူတို႔ရဲ႕အခ်ိဳးအစား အတိုင္းဆိုရင္ ၾသစေၾတးလ်မွာလည္း ပွ်မ္းမွ် လူတစ္ဦးကို သိုးသုံးေကာင္ေလာက္သာ ပိုင္ဆိုင္တယ္လို႔ သိရပါတယ္။
လူဦးေရ ၅.၂ သန္းေနထိုင္တဲ့ နယူးဇီလန္ဟာ ကမာၻ႔အဓိက သိုးေမႊးတင္ပို႔တဲ့ ႏိုင္ငံျဖစ္ၿပီး ၂ဝ၂၂ ခုႏွစ္က ျပည္ပသို႔ အေမရိကန္ေဒၚလာ ၂၈၄ သန္းထိ တင္ပို႔ႏိုင္ခဲ့ပါတယ္။ သို႔ေပမယ့္ ေမြးျမဴေရးစရိတ္မ်ား ျမင့္တက္လာျခင္းနဲ႔ သိုးေမႊးေဈးမ်ား က်ဆင္းျခင္းတို႔ေၾကာင့္ ႏိုင္ငံလုံးဆိုင္ရာ သိုးအေကာင္ေရဟာ ၁၉၈ဝ ခုႏွစ္မ်ားထက္ ေလ်ာ့က် လာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။