စစ်မြေပြင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်တဲ့ ကိုယ်ပိုင်စွမ်းရည်တွေရှိတယ်လို့ ရုရှားပြော

335

Pika (NP News) - အောက်တိုဘာ ၇
စစ်မြေပြင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်တဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ရုရှားမှာရှိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအတွင်းကို ပိုမိုတိကျတဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်စေနိုင်ဖို့ အတွက် ရုရှားကို တရုတ်က ထောက်လှမ်းရေးဆိုင်ရာအချက်အလက်တွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်း ထောက်လှမ်းရေးအကြီးတန်းအရာရှိတစ်ဦးက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ယူကရိန်းထောက်လှမ်းရေးအကြီးတန်းအရာရှိတစ်ဦးရဲ့စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကို ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ယခုလို တုံ့ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒီမစ်ထရီပက်စကော့ဗ်က “အထူးစစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတာဝန်တွေအားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အာကာသစွမ်းရည်တွေအပါအဝင် ကိုယ်ပိုင်စွမ်းရည်အများအပြား ကျွန်တော်တို့မှာရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိ အချိန်အထိ နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်မျိုးကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
စစ္ေျမျပင္လိုအပ္ခ်က္အားလုံးကို ျဖည့္ဆည္းႏိုင္တဲ့ ကိုယ္ပိုင္စြမ္းရည္ေတြရွိတယ္လို႔ ႐ုရွားေျပာ
Pika (NP News) - ေအာက္တိုဘာ ၇
စစ္ေျမျပင္လိုအပ္ခ်က္အားလုံးကို ျဖည့္ဆည္းႏိုင္တဲ့ ကိုယ္ပိုင္စြမ္းရည္ေတြ ႐ုရွားမွာရွိတယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းႏိုင္ငံအတြင္းကို ပိုမိုတိက်တဲ့ ဒုံးက်ည္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေစႏိုင္ဖို႔ အတြက္ ႐ုရွားကို တ႐ုတ္က ေထာက္လွမ္းေရးဆိုင္ရာအခ်က္အလက္ေတြ ေထာက္ပံ့ေပးေနတယ္လို႔ ယူကရိန္း ေထာက္လွမ္းေရးအႀကီးတန္းအရာရွိတစ္ဦးက စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ယူကရိန္းေထာက္လွမ္းေရးအႀကီးတန္းအရာရွိတစ္ဦးရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ယခုလို တုံ႔ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဒီမစ္ထရီပက္စေကာ့ဗ္က “အထူးစစ္ဘက္ဆိုင္ရာစစ္ဆင္ေရးတာဝန္ေတြအားလုံးကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ဖို႔ အာကာသစြမ္းရည္ေတြအပါအဝင္ ကိုယ္ပိုင္စြမ္းရည္အမ်ားအျပား ကြၽန္ေတာ္တို႔မွာရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိ အခ်ိန္အထိ ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္မ်ိဳးကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။