မြိုင်နှင့်‌ပေါက်မှ တရားမဝင်ရေနံချိုးများကို ပခုက္ကူလမ်းခွဲအနီးရှိ စုပုံကွင်းမှတစ်ဆင့် ရောင်းချနေဟုဆို

 476

Pearl (NP News) - အောက်တိုဘာလ ၇
မြိုင်နှင့်‌ပေါက်မှ တရားမဝင်ရေနံချိုးများကို ပခုက္ကူလမ်းခွဲအနီးရှိ စုပုံကွင်းမှတစ်ဆင့် ရောင်းချနေ ကြောင်း ဒေသခံများက NP News မှ တစ်ဆင့် ဆက်သွယ်ပြောဆိုလာသည့် အချက်အလက် များအရ သိရသည်။
PDF များကြီးစိုးရာ မြိုင်နှင့် ပေါက်ရှိ ရေနံမှော်များမှ စည်းကမ်းမဲ့တူးဖော်ချက်လုပ်ထား သည့် ရေနံချိုးများကို ဆင်ဖြူရှင် တံတားမှတစ်ဆင့် ပခုက္ကူလမ်းခွဲအနီး၌ စုပုံ၍ ပြန်လည်ရောင်းချနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
" မြိုင်တို့ပေါက်တို့ကနေ ဆင်ဖြူရှင် တံတားအောက်ကနေ သယ်တယ်။ အာဏာပိုင်မသိ အောင်နေမှာပေါ့။ မန္တလေးဘက်က သွားရင် ချောင်း ဦးရောက်ရင် ပခုက္ကူ လမ်းခွဲကို ကွေ့လိုက်။ (၃၊ ၄) မိုင်ဆို ညာဘက်အခြမ်းမှာ ကွင်းပြင်ကြီးထဲမှာ အဲဒါ တွေ လုပ်နေတာ။ လမ်းဘေးတင်ပဲ။ မြန်မာပြည်မှာ ရေနံချက်လို့ မရဘူးလေ။ အထက်မန်း သံပရာကန်မှ အပ ဘယ်မှာမှချက်ခွင့်မရှိဘူး။ သူတို့ မြိုင်တို့ ပေါက် တို့ကနေ ပြီးတော့ မုံရွာက ထွက်တယ်ဆိုပြီး သယ် နေတာ "ဟု ဖြစ်စဉ်သိရှိသူတစ်ဦးက NP News သို့ပြောသည်။
ပခုက္ကူလမ်းခွဲအနီးရှိ စုပုံကွင်းမှ တစ်ဆင့် နေ့စဉ် တွဲကား (၄)စီး ၊ (၅) စီးခန့်ဖြင့် တန်ချိန် (၇၀) ဝန်းကျင်ကို ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ တံတား)ကို ဖြတ်၍ သံရည်ကျိုလုပ်ငန်းများသို့ စာ ရွက်စာတမ်းအတုများဖြင့် သယ်ဆောင်ရောင်းဝယ် နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
" ရတနာပုံ စစ်ကိုင်းတံတားပေါ့နော်။ အဲဒီပေါ်ကနေ ရေနံချိုးတွေ ဖြတ်သန်းသွား လာနေ တာရှိတယ်။ အဲဒါတွေက အာဏာပိုင်တွေ မသိဖို့များ တယ်။ ဖုံးပြီးသယ်နေတာတွေနဲ့တူတယ်။ အဲဒါတွေက ပေါက်တို့၊ မြိုင်တို့က ထွက်ထားတာ။ တွဲကားတွေနဲ့ သယ်နေတာ။ မန္တလေးဘက်ကို သယ်နေတာ။ ပုံထား တာများတယ်။ တွဲ (၃)စီး၊ (၄)စီးက တောက် လျှောက်သယ်နေတာ။ တစ်ရက်ကို တန်(၇၀) ၊ (၈၀)ပေါ့ သယ်ရင်။ အဲဒီလို သယ်နေတာ တစ်နှစ်ကျော် ကြာပြီ။ ဌာနဆိုင်ရာတွေမသိဘူးထင်တယ်။ လုပ်နေ တာ အကြီးအကျယ်ပဲ ။ မန္တလေးရောက်တော့ လိပ်စာ တစ်မျိုးပြောင်းတယ်။ ရေနံချိုးကတော့ သံရည်ကျိုမှာ သုံးမယ်။ သံရည်ကျိုတွေကို တစ်ဖက်လှည့်နဲ့ ရောင်း နေတာ။ ‌မော်လမြိုင်က ခဲစက်ရုံကိုလည်း စာရွက်စာ တမ်းအတုနဲ့သွားတာလို့ ကြားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ လုပ်ငန်းစဉ်များကို စစ်ဆေးမှုများ ဆောင်ရွက်စေလိုကြောင်းလည်း ဖြစ်စဉ်သိရှိသူ တစ် ဦးက အကြံပြုထားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရအဖွဲ့အနေဖြင့်လည်း စစ်ဆေးမှုများလုပ်ဆောင်သွား မည်ဖြစ်ကြောင်း NP News သို့ ဖြေကြားထားသည်။
" သိရသလောက် ရေနံချိုးဆိုတာက မြန်မာ့ရေနံက စွန့်ပစ်ပစ္စည်းအဖြစ် သတ်မှတ်ထားပါ သည်။ အသုံးချလိုသူများက စက်မှုလုပ်ငန်းများတွင် လောင်စာအဖြစ် အသုံးပြုကြောင်း သိရပါသည်။တိုင်းအစိုးရ၏ ကြီးကြပ်မှုဖြင့်သယ်ယူကြပါသည်။ တရားမဝင် ပစ္စည်းလို့မသတ်မှတ်ထားပါဘူး။ မြိုင်တို့ ‌ပေါက်တို့ဘက်က အခုလို သယ်နေတာရှိတယ် ဆိုရင် စိစစ်ကြည့်ပါမည်" ဟု အထက်ပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက NP News ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

Zawgyi Version:
ၿမိဳင္ႏွင့္‌ေပါက္မွ တရားမဝင္ေရနံခ်ိဳးမ်ားကို ပခုကၠဴလမ္းခြဲအနီးရွိ စုပုံကြင္းမွတစ္ဆင့္ ေရာင္းခ်ေနဟုဆို
Pearl (NP News) - ေအာက္တိုဘာလ ၇
ၿမိဳင္ႏွင့္‌ေပါက္မွ တရားမဝင္ေရနံခ်ိဳးမ်ားကို ပခုကၠဴလမ္းခြဲအနီးရွိ စုပုံကြင္းမွတစ္ဆင့္ ေရာင္းခ်ေန ေၾကာင္း ေဒသခံမ်ားက NP News မွ တစ္ဆင့္ ဆက္သြယ္ေျပာဆိုလာသည့္ အခ်က္အလက္ မ်ားအရ သိရသည္။
PDF မ်ားႀကီးစိုးရာ ၿမိဳင္ႏွင့္ ေပါက္ရွိ ေရနံေမွာ္မ်ားမွ စည္းကမ္းမဲ့တူးေဖာ္ခ်က္လုပ္ထား သည့္ ေရနံခ်ိဳးမ်ားကို ဆင္ျဖဴရွင္ တံတားမွတစ္ဆင့္ ပခုကၠဴလမ္းခြဲအနီး၌ စုပုံ၍ ျပန္လည္ေရာင္းခ်ေနသည္မွာ တစ္ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။
" ၿမိဳင္တို႔ေပါက္တို႔ကေန ဆင္ျဖဴရွင္ တံတားေအာက္ကေန သယ္တယ္။ အာဏာပိုင္မသိ ေအာင္ေနမွာေပါ့။ မႏၲေလးဘက္က သြားရင္ ေခ်ာင္း ဦးေရာက္ရင္ ပခုကၠဴ လမ္းခြဲကို ေကြ႕လိုက္။ (၃၊ ၄) မိုင္ဆို ညာဘက္အျခမ္းမွာ ကြင္းျပင္ႀကီးထဲမွာ အဲဒါ ေတြ လုပ္ေနတာ။ လမ္းေဘးတင္ပဲ။ ျမန္မာျပည္မွာ ေရနံခ်က္လို႔ မရဘူးေလ။ အထက္မန္း သံပရာကန္မွ အပ ဘယ္မွာမွခ်က္ခြင့္မရွိဘူး။ သူတို႔ ၿမိဳင္တို႔ ေပါက္ တို႔ကေန ၿပီးေတာ့ မုံ႐ြာက ထြက္တယ္ဆိုၿပီး သယ္ ေနတာ "ဟု ျဖစ္စဥ္သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ပခုကၠဴလမ္းခြဲအနီးရွိ စုပုံကြင္းမွ တစ္ဆင့္ ေန႔စဥ္ တြဲကား (၄)စီး ၊ (၅) စီးခန႔္ျဖင့္ တန္ခ်ိန္ (၇၀) ဝန္းက်င္ကို ဧရာဝတီျမစ္ကူးတံတား (ရတနာပုံ တံတား)ကို ျဖတ္၍ သံရည္က်ိဳလုပ္ငန္းမ်ားသို႔ စာ ႐ြက္စာတမ္းအတုမ်ားျဖင့္ သယ္ေဆာင္ေရာင္းဝယ္ ေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
" ရတနာပုံ စစ္ကိုင္းတံတားေပါ့ေနာ္။ အဲဒီေပၚကေန ေရနံခ်ိဳးေတြ ျဖတ္သန္းသြား လာေန တာရွိတယ္။ အဲဒါေတြက အာဏာပိုင္ေတြ မသိဖို႔မ်ား တယ္။ ဖုံးၿပီးသယ္ေနတာေတြနဲ႔တူတယ္။ အဲဒါေတြက ေပါက္တို႔၊ ၿမိဳင္တို႔က ထြက္ထားတာ။ တြဲကားေတြနဲ႔ သယ္ေနတာ။ မႏၲေလးဘက္ကို သယ္ေနတာ။ ပုံထား တာမ်ားတယ္။ တြဲ (၃)စီး၊ (၄)စီးက ေတာက္ ေလွ်ာက္သယ္ေနတာ။ တစ္ရက္ကို တန္(၇၀) ၊ (၈၀)ေပါ့ သယ္ရင္။ အဲဒီလို သယ္ေနတာ တစ္ႏွစ္ေက်ာ္ ၾကာၿပီ။ ဌာနဆိုင္ရာေတြမသိဘူးထင္တယ္။ လုပ္ေန တာ အႀကီးအက်ယ္ပဲ ။ မႏၲေလးေရာက္ေတာ့ လိပ္စာ တစ္မ်ိဳးေျပာင္းတယ္။ ေရနံခ်ိဳးကေတာ့ သံရည္က်ိဳမွာ သုံးမယ္။ သံရည္က်ိဳေတြကို တစ္ဖက္လွည့္နဲ႔ ေရာင္း ေနတာ။ ‌ေမာ္လၿမိဳင္က ခဲစက္႐ုံကိုလည္း စာ႐ြက္စာ တမ္းအတုနဲ႔သြားတာလို႔ ၾကားတယ္" ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ လုပ္ငန္းစဥ္မ်ားကို စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေစလိုေၾကာင္းလည္း ျဖစ္စဥ္သိရွိသူ တစ္ ဦးက အႀကံျပဳထားၿပီး စစ္ကိုင္းတိုင္းေဒသႀကီးအစိုး ရအဖြဲ႕အေနျဖင့္လည္း စစ္ေဆးမႈမ်ားလုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း NP News သို႔ ေျဖၾကားထားသည္။
" သိရသေလာက္ ေရနံခ်ိဳးဆိုတာက ျမန္မာ့ေရနံက စြန႔္ပစ္ပစၥည္းအျဖစ္ သတ္မွတ္ထားပါ သည္။ အသုံးခ်လိုသူမ်ားက စက္မႈလုပ္ငန္းမ်ားတြင္ ေလာင္စာအျဖစ္ အသုံးျပဳေၾကာင္း သိရပါသည္။တိုင္းအစိုးရ၏ ႀကီးၾကပ္မႈျဖင့္သယ္ယူၾကပါသည္။ တရားမဝင္ ပစၥည္းလို႔မသတ္မွတ္ထားပါဘူး။ ၿမိဳင္တို႔ ‌ေပါက္တို႔ဘက္က အခုလို သယ္ေနတာရွိတယ္ ဆိုရင္ စိစစ္ၾကည့္ပါမည္" ဟု အထက္ပါကိစၥႏွင့္ပတ္သက္၍ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွတာဝန္ရွိသူ တစ္ဦးက NP News ၏ ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားခဲ့သည္။

Related news

© 2021. All rights reserved.