အကြမ်းဖက်မှုတန်ပြန်ရေးစစ်ရေးလေ့ကျင့်မှုတွေကို ရုရှားနဲ့အိန္ဒိယတို့ပြုလုပ်

 267

Pika (NP News) - အောက်တိုဘာ ၇
အိန္ဒိယနဲ့ရုရှားနိုင်ငံတို့ဟာ အကြမ်းဖက်မှုနှိမ်နှင်းရေးစစ်ဆင်ရေးတွေကို အဓိကထားတဲ့ “Indra-2025” ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ အိန္ဒိယသဲကန္တာရနဲ့ နယ်စပ်ပြည်နယ် ရာဂျက်စ်သန်မှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက စတင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ရုရှားကြားပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရုရှားဗိုလ်ချုပ် Andrey Kozlov နဲ့ အိန္ဒိယဗိုလ်ချုပ် Sanjaya Chandra Kandpal တို့အပါအဝင် အကြီးတန်းစစ်ဘက်အရာရှိတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ Sanjaya Chandra Kandpal က “Indra-2025 စစ်ရေးလေ့ကျင့်ခန်းဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး အတွက် ကျွန်တော်တို့ရဲ့မျှဝေထားတဲ့ကတိဝတ်တွေကို သက်သေပြတာမျိုးပဲဖြစ်ပါတယ်။
လာမယ့်သီတင်းပတ်(၂)ပတ်အတွင်း ရှုပ်ထွေးတဲ့ခေတ်မီပဋိပက္ခတွေကိုပုံဖော်ပြီး ပြင်းထန်တဲ့လေကျင့်မှုတွေမှာ ပါဝင်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ရဲ့အားသာချက်တွေကိုပေါင်းစပ်ပြီး ငြိမ်းချမ်းရေးရရှိနိုင်မယ့် အနာဂါတ် တွေကို တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အကြမ်းဖက်မှုတန်ပြန်ရေးနည်းဗျူဟာတွေ၊ ပူးတွဲနည်းဗျူဟာမြောက်စစ်ဆင်ရေး တွေ၊ ဆက်သွယ်ရေးဗျူဟာတွေနဲ့ ပေါင်းစပ်တပ်ဖွဲ့တွေရဲ့ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုတို့ကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွင်း ရုရှားတပ်ဖွဲ့ဝင်(၂၅၀)ဦးခန့်ဟာ အိန္ဒိယတပ်ဖွဲ့တွေနဲ့အတူ ပါဝင် လေ့ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အၾကမ္းဖက္မႈတန္ျပန္ေရးစစ္ေရးေလ့က်င့္မႈေတြကို ႐ုရွားနဲ႔အိႏၵိယတို႔ျပဳလုပ္
Pika (NP News) - ေအာက္တိုဘာ ၇
အိႏၵိယနဲ႔႐ုရွားႏိုင္ငံတို႔ဟာ အၾကမ္းဖက္မႈႏွိမ္ႏွင္းေရးစစ္ဆင္ေရးေတြကို အဓိကထားတဲ့ “Indra-2025” ပူးတြဲစစ္ေရး ေလ့က်င့္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီ စစ္ေရးေလ့က်င့္မႈဟာ အိႏၵိယသဲကႏၲာရနဲ႔ နယ္စပ္ျပည္နယ္ ရာဂ်က္စ္သန္မွာ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက စတင္ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အိႏၵိယနဲ႔႐ုရွားၾကားပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ႐ုရွားဗိုလ္ခ်ဳပ္ Andrey Kozlov နဲ႔ အိႏၵိယဗိုလ္ခ်ဳပ္ Sanjaya Chandra Kandpal တို႔အပါအဝင္ အႀကီးတန္းစစ္ဘက္အရာရွိေတြ တက္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ Sanjaya Chandra Kandpal က “Indra-2025 စစ္ေရးေလ့က်င့္ခန္းဟာ ကမာၻလုံးဆိုင္ရာ ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရး အတြက္ ကြၽန္ေတာ္တို႔ရဲ႕မွ်ေဝထားတဲ့ကတိဝတ္ေတြကို သက္ေသျပတာမ်ိဳးပဲျဖစ္ပါတယ္။
လာမယ့္သီတင္းပတ္(၂)ပတ္အတြင္း ရႈပ္ေထြးတဲ့ေခတ္မီပဋိပကၡေတြကိုပုံေဖာ္ၿပီး ျပင္းထန္တဲ့ေလက်င့္မႈေတြမွာ ပါဝင္ေဆာင္႐ြက္သြားမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕အားသာခ်က္ေတြကိုေပါင္းစပ္ၿပီး ၿငိမ္းခ်မ္းေရးရရွိႏိုင္မယ့္ အနာဂါတ္ ေတြကို တည္ေဆာက္ဖို႔ ရည္႐ြယ္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီပူးတြဲစစ္ေရးေလ့က်င့္မႈမွာ အၾကမ္းဖက္မႈတန္ျပန္ေရးနည္းဗ်ဴဟာေတြ၊ ပူးတြဲနည္းဗ်ဴဟာေျမာက္စစ္ဆင္ေရး ေတြ၊ ဆက္သြယ္ေရးဗ်ဴဟာေတြနဲ႔ ေပါင္းစပ္တပ္ဖြဲ႕ေတြရဲ႕ကြပ္ကဲမႈနဲ႔ ထိန္းခ်ဳပ္မႈတို႔ကို တိုးျမႇင့္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြအတြင္း ႐ုရွားတပ္ဖြဲ႕ဝင္(၂၅၀)ဦးခန္႔ဟာ အိႏၵိယတပ္ဖြဲ႕ေတြနဲ႔အတူ ပါဝင္ ေလ့က်င့္မႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.