တာချီလိတ်-မိုင်းဆက်လမ်းတွင် ကားတစ်စီးချောက်ထဲပြုတ်ကျမှုဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသားသေဆုံး

843
Pearl (NP News) - ဇွန် ၄
ရှမ်းပြည်နယ်၊ တာချီလိတ်-မိုင်းဆက်လမ်းတွင် ကားတစ်စီးချောက်ထဲပြုတ်ကျမှုဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား သေဆုံးသွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၄ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် တာချီလိတ်-မိုင်းဆက်လမ်း၊ ရွှေတောင်-ရွှေလီအဆင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘိလပ်မြေများတင်ဆောင်လာသော Faw ကားသည် အခင်းဖြစ်နေရာအရောက်၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ကျသွားခဲ့ကြောင်း အထက်ပါ လူမှုကူညီရေးအသင်းမှ ဆိုသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသားသည် ဦးခေါင်းထိခိုက်ဒဏ်ရာရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
တာခ်ီလိတ္-မိုင္းဆက္လမ္းတြင္ ကားတစ္စီးေခ်ာက္ထဲျပဳတ္က်မႈျဖစ္ပြားၿပီး ယာဥ္ေမာင္းအမ်ိဳးသားေသဆုံး
Pearl (NP News) - ဇြန္ ၄
ရွမ္းျပည္နယ္၊ တာခ်ီလိတ္-မိုင္းဆက္လမ္းတြင္ ကားတစ္စီးေခ်ာက္ထဲျပဳတ္က်မႈျဖစ္ပြားၿပီး ယာဥ္ေမာင္းအမ်ိဳးသား ေသဆုံးသြားခဲ့ေၾကာင္း ဦးလွမိုး တာခ်ီလိတ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၄ ရက္)၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ တာခ်ီလိတ္-မိုင္းဆက္လမ္း၊ ေ႐ႊေတာင္-ေ႐ႊလီအဆင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ဘိလပ္ေျမမ်ားတင္ေဆာင္လာေသာ Faw ကားသည္ အခင္းျဖစ္ေနရာအေရာက္၌ ဘရိတ္ေပါက္ၿပီး ေခ်ာက္ထဲသို႔ က်သြားခဲ့ေၾကာင္း အထက္ပါ လူမႈကူညီေရးအသင္းမွ ဆိုသည္။
ျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသားသည္ ဦးေခါင္းထိခိုက္ဒဏ္ရာရွိခဲ့ၿပီး အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎႐ုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။