တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် ကုန်တင်စက်လှေတစ်စီး တစ်နာရီခွဲကြာ မီးလောင်မှုဖြစ်ပွား

 635

စော(NP News)- အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောနောက်လယ်ကျေးရွာအနီး တနင်္သာရီမြစ်အတွင်း ကုန်တင်စက်လှေတစ်စီး တစ်နာရီခွဲကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှသိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၅ရက်)၊ နံနက် (၁၀)ဝန်းကျင်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား မြိတ်မြို့နယ်မီးသတ်စခန်းမှ Speed Boat (၃)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ပုဂ္ဂလိကကုန်တင်စက်လှေ(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂရုဏာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)မှတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မွန်းလွဲ (၁၁)နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
တနသၤာရီတိုင္း ကြၽန္းစုၿမိဳ႕နယ္တြင္ ကုန္တင္စက္ေလွတစ္စီး တစ္နာရီခြဲၾကာ မီးေလာင္မႈျဖစ္ပြား
ေစာ(NP News)- ေအာက္တိုဘာ ၅
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္၊ ေတာေနာက္လယ္ေက်း႐ြာအနီး တနသၤာရီျမစ္အတြင္း ကုန္တင္စက္ေလွတစ္စီး တစ္နာရီခြဲၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွသိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာ ၅ရက္)၊ နံနက္ (၁၀)ဝန္းက်င္အခ်ိန္ခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါမီးေလာင္မႈအား ၿမိတ္ၿမိဳ႕နယ္မီးသတ္စခန္းမွ Speed Boat (၃)စီး၊ လူနာတင္ယာဥ္(၁)စီး၊ ပုဂၢလိကကုန္တင္စက္ေလွ(၄)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ဂ႐ုဏာလူမႈကူညီေရးအသင္းမွ အဖြဲ႕ဝင္မ်ား၊ ေရေၾကာင္းရဲတပ္ဖြဲ႕စု(ၿမိတ္)မွတပ္ဖြဲ႕ဝင္မ်ားက မီးျငႇိမ္းသတ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ မြန္းလြဲ (၁၁)နာရီခြဲအခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.