PDF တို့၏ ရွှေမျောစီမံကိန်းကို လောင်းပြည့်ကျွန်းဒေသခံများကန့်ကွက်ဆန္ဒပြနေသော်လည်းတူးဖော်ရန် ပြင်ဆင်နေ

 654

သန့်ဇင်(NP News)-အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းတွင်လုပ်ကိုင်မည့် PDF တို့၏ ရွှေမျောစီမံကိန်းကို ဒေသခံများစွာက ကန့်ကွက်ဆန္ဒ ပြနေသော်လည်း တူးဖော်ရန်ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းပြည်ကျွန်းရှိ ရွှေမျောစီမံကိန်းကို NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖအဖွဲ့ အကြီးပိုင်းများက ဒေသခံများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ စက်တင်ဘာ (၂၆)ရက်က စတင်ကာ စီမံကိန်းအကောင်အထည် ဖော်ရန်ပြင် ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လောင်းပြည့်ကျေးရွာသည် အိမ်ခြေ(၅၀ဝ)ခန့်ရှိရွာကြီးတစ်ရွာဖြစ်ပြီး ဒေသခံများက ကျေးရွာဝန်းကျင် ကျွန်းမြေပေါ်တွင် သီးနှံများ စိုက်ပျိုးခြင်းမှဝင်ငွေကို အမှီပြုနေထိုင်ကြကြောင်း သိရသည်။
“လောင်းပြည့်ရွာက မင်းကင်းရဲ့အောက် ဘက်တော်တော်ရောက်သွားပြီ။ အဲဒီနေရာကျတော့လည်း ချင်းတွင်း မြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိပြီး တန့်ဆည်မြို့နယ်နဲ့ဆက်တယ်။ ကနီနဲ့လည်းဆက်တယ်။ PDF တွေနဲ့လည်းအဆက် စပ်ရှိတော့ နဂိုတုန်းကတော့ အဲဒီနေရာတွေက သစ်ခိုးထုတ်တဲ့ နေရာတွေ။ သစ်ကိုအကြီးအကျယ်ခိုးထုတ်တာ။ သာမန် အားဖြင့်တော့ မိုးတွင်းအခါမှာရေကြီးရင် ကျွန်းမရှိဘူး။ အခုကတော့ ရေစကျနေပြီဆိုတော့ သူတို့က အဲဒီနေရာမှာ ရွှေကျင်မယ့်သဘောရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် ယင်းဒေသရှိ ကျေးရွာ(၇)ရွာ ထက်မနည်းမှ ပြည်သူထောင်ကျော်က ရွှေမျောစီမံကိန်း အကောင် အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်၍ အောက်တိုဘာ (၂) ရက်က အဆိုပါရွှေမျော စီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိတွင် လောင်းပြည့် ရွာအနီးရှိ ကျွန်းတစ်ဝိုက်၌ PDF တို့ဦးဆောင်ကွပ် ကဲနေသော အထက်ပါရွှေမျောလုပ်ကွက်တွင် ဒေသခံများကန့်ကွက်နေသည့် ကြားမှ ရွှေမျောဖောင် ဆယ်နှင့်ချီနေရာယူထားပြီး တူးဖော်ရန်ပင်ပြင်ဆင် နေပြီဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်ကာလကလည်း မင်းကင်းမြို့အထက်ပိုင်းရှိ ကပြစ်ကျေးရွာနှင့် ကြွေရွာတို့တွင်လည်း PDF တို့ဦးစီးကာ လုပ်ကိုင်ခဲ့သည့် ရွှေမျောလုပ်ကွက်ကြီးများရှိခဲ့ကြောင်း သိရှိ သူတစ်ဦးက ဆိုသည်။
“အဓိကကတော့ တရားဥပဒေမစိုးမိုးတာပေါ့။ ပထမဆုံး မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ် တစ်လျှောက်မှာ ရွှေကျင်တာက ကပြစ်ဆိုတဲ့ရွာမှာ မိုးတွင်းဆိုရင် ကျွန်းကြီးက မြုပ်သွားတယ်။ နွေရာသီဆိုရင် ကျွန်းကြီးကပေါ်တယ်။ အဲဒီကျွန်းကြီးမှာ အသည်းအသန် ရွှေကျင်တာ။ ကျင်တဲ့သူတောင်မှဘယ် လောက်ရှိမလဲဆိုရင် ရွေကျင်တဲ့မျောတောင်မှ (၁၀ဝ) (၂၀ဝ)လောက်ရှိတယ်။ လူဆိုရင်တော့ ထောင်ကျော်လောက်ရှိတယ်။ အဲဒီမျောတွေကို PDF တွေကလုပ်တာပေါ့။ အဲဒီကလည်း PDF တွေက အကောက်အစားတွေအများကြီး ရတာပေါ့။ အဲဒီကနေ လက်နက်တွေဘာတွေဝယ်ဖို့လည်း အခွင့် အရေးသာတာပေါ့။ အဲဒီကနေ ဗုံးကျဲမယ်တွေဘာတွေ ဖြစ်တော့ ကပြစ်ကနေ ထွက်သွားတာ။ မရှိတော့ဘူး။ အဲဒီက နေထွက်သွားပြီး အထက်ကိုထပ်တက်သွားပြီး။ အဲဒီမှာ အကြွေဆိုတဲ့ရွာကြီးရှိတယ်။ အဲဒီကြွေဆိုတဲ့ ရွာမှာလည်း အလားတူပဲလုပ်ကြပြန်ရော”ဟု ၎င်းကပြောသည်။
မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း PDF တို့ထိန်းချုပ်လုပ်ကိုင်နေသော ရွှေမျောလုပ် ကွက်ကြီးများသည် စည်းကမ်းမဲ့ရွှေတူးဖော်မှုကြောင့် ကမ်းပါးပြိုခြင်းနှင့် ဆိုင်ရာနိုက်(Cyanide) ဓာတုရည် စွန့်ပစ်မှုကြောင့် ဒေသခံများစွာ အနေဖြင့် ဘေးထွက်ဆိုးကျိုးများစွာ သက်ရောက်နိုင်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“ဒီလိုတွေလုပ်နေရင်တော့ သဘာဝပတ်ဝန်းကျင်ပျက်စီးတာပေါ့။ နောက်ပြီးတော့ သူတို့တွေက ရွှေကိုဆိုင်ရာ နိုက်နဲ့ ဖမ်းတာကိုး။ ဆိုင်ရာ နိုက်နဲ့ ဖမ်းတဲ့အတွက် ဆိုင်ရာနိုက်ဆိုတာပျက်စီးသွားတာ မှမရှိတာ။ အဲဒီတော့ မြစ်ကြောင်း တစ်လျှောက် ပျံ့ကုန်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ရေနေသတ္တဝါတွေသေတာကျေတာရှိမယ်။ အဲဒီရေကိုသုံး နေတဲ့ လူတွေကလည်း ချက်ချင်းဒုက္ခမရောက်ပေမယ့် ကြာလာရင် အဲဒီရေသုံးတဲ့လူတွေက ဓာတ်သင့်တဲ့ ရောဂါတွေ ဖြစ်တာပေါ့။ အကျိုးဆက်တွေကတော့ အများကြီးခံစားရမှာ”ဟု ၎င်းကပြောသည်။

Zawgyi Version:
PDF တို႔၏ ေ႐ႊေမ်ာစီမံကိန္းကို ေလာင္းျပည့္ကြၽန္းေဒသခံမ်ားကန႔္ကြက္ဆႏၵျပေနေသာ္လည္း
တူးေဖာ္ရန္ ျပင္ဆင္ေန
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္၊ ေလာင္းျပည့္ကြၽန္းတြင္လုပ္ကိုင္မည့္ PDF တို႔၏ ေ႐ႊေမ်ာစီမံကိန္းကို ေဒသခံမ်ားစြာက ကန႔္ကြက္ဆႏၵ ျပေနေသာ္လည္း တူးေဖာ္ရန္ျပင္ဆင္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ေလာင္းျပည္ကြၽန္းရွိ ေ႐ႊေမ်ာစီမံကိန္းကို NUG လက္ေအာက္ခံ မင္းကင္းၿမိဳ႕နယ္ ပကဖအဖြဲ႕ အႀကီးပိုင္းမ်ားက ေဒသခံမ်ားႏွင့္ ညႇိႏႈိင္းတိုင္ပင္ျခင္းမရွိဘဲ စက္တင္ဘာ (၂၆)ရက္က စတင္ကာ စီမံကိန္းအေကာင္အထည္ ေဖာ္ရန္ျပင္ ဆင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေလာင္းျပည့္ေက်း႐ြာသည္ အိမ္ေျခ(၅၀ဝ)ခန႔္ရွိ႐ြာႀကီးတစ္႐ြာျဖစ္ၿပီး ေဒသခံမ်ားက ေက်း႐ြာဝန္းက်င္ ကြၽန္းေျမေပၚတြင္ သီးႏွံမ်ား စိုက္ပ်ိဳးျခင္းမွဝင္ေငြကို အမွီျပဳေနထိုင္ၾကေၾကာင္း သိရသည္။
“ေလာင္းျပည့္႐ြာက မင္းကင္းရဲ႕ေအာက္ ဘက္ေတာ္ေတာ္ေရာက္သြားၿပီ။ အဲဒီေနရာက်ေတာ့လည္း ခ်င္းတြင္း ျမစ္ရဲ႕အေရွ႕ဘက္ကမ္းမွာရွိၿပီး တန႔္ဆည္ၿမိဳ႕နယ္နဲ႔ဆက္တယ္။ ကနီနဲ႔လည္းဆက္တယ္။ PDF ေတြနဲ႔လည္းအဆက္ စပ္ရွိေတာ့ နဂိုတုန္းကေတာ့ အဲဒီေနရာေတြက သစ္ခိုးထုတ္တဲ့ ေနရာေတြ။ သစ္ကိုအႀကီးအက်ယ္ခိုးထုတ္တာ။ သာမန္ အားျဖင့္ေတာ့ မိုးတြင္းအခါမွာေရႀကီးရင္ ကြၽန္းမရွိဘူး။ အခုကေတာ့ ေရစက်ေနၿပီဆိုေတာ့ သူတို႔က အဲဒီေနရာမွာ ေ႐ႊက်င္မယ့္သေဘာရွိတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ ယင္းေဒသရွိ ေက်း႐ြာ(၇)႐ြာ ထက္မနည္းမွ ျပည္သူေထာင္ေက်ာ္က ေ႐ႊေမ်ာစီမံကိန္း အေကာင္ အထည္ေဖာ္ရာတြင္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမည္ကို စိုးရိမ္၍ ေအာက္တိုဘာ (၂) ရက္က အဆိုပါေ႐ႊေမ်ာ စီမံကိန္းကို ကန႔္ကြက္ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း လက္ရွိတြင္ ေလာင္းျပည့္ ႐ြာအနီးရွိ ကြၽန္းတစ္ဝိုက္၌ PDF တို႔ဦးေဆာင္ကြပ္ ကဲေနေသာ အထက္ပါေ႐ႊေမ်ာလုပ္ကြက္တြင္ ေဒသခံမ်ားကန႔္ကြက္ေနသည့္ ၾကားမွ ေ႐ႊေမ်ာေဖာင္ ဆယ္ႏွင့္ခ်ီေနရာယူထားၿပီး တူးေဖာ္ရန္ပင္ျပင္ဆင္ ေနၿပီျဖစ္ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ကာလကလည္း မင္းကင္းၿမိဳ႕အထက္ပိုင္းရွိ ကျပစ္ေက်း႐ြာႏွင့္ ေႂကြ႐ြာတို႔တြင္လည္း PDF တို႔ဦးစီးကာ လုပ္ကိုင္ခဲ့သည့္ ေ႐ႊေမ်ာလုပ္ကြက္ႀကီးမ်ားရွိခဲ့ေၾကာင္း သိရွိ သူတစ္ဦးက ဆိုသည္။
“အဓိကကေတာ့ တရားဥပေဒမစိုးမိုးတာေပါ့။ ပထမဆုံး မင္းကင္းၿမိဳ႕နယ္ထဲက ခ်င္းတြင္းျမစ္ တစ္ေလွ်ာက္မွာ ေ႐ႊက်င္တာက ကျပစ္ဆိုတဲ့႐ြာမွာ မိုးတြင္းဆိုရင္ ကြၽန္းႀကီးက ျမဳပ္သြားတယ္။ ေႏြရာသီဆိုရင္ ကြၽန္းႀကီးကေပၚတယ္။ အဲဒီကြၽန္းႀကီးမွာ အသည္းအသန္ ေ႐ႊက်င္တာ။ က်င္တဲ့သူေတာင္မွဘယ္ ေလာက္ရွိမလဲဆိုရင္ ေ႐ြက်င္တဲ့ေမ်ာေတာင္မွ (၁၀ဝ) (၂၀ဝ)ေလာက္ရွိတယ္။ လူဆိုရင္ေတာ့ ေထာင္ေက်ာ္ေလာက္ရွိတယ္။ အဲဒီေမ်ာေတြကို PDF ေတြကလုပ္တာေပါ့။ အဲဒီကလည္း PDF ေတြက အေကာက္အစားေတြအမ်ားႀကီး ရတာေပါ့။ အဲဒီကေန လက္နက္ေတြဘာေတြဝယ္ဖို႔လည္း အခြင့္ အေရးသာတာေပါ့။ အဲဒီကေန ဗုံးက်ဲမယ္ေတြဘာေတြ ျဖစ္ေတာ့ ကျပစ္ကေန ထြက္သြားတာ။ မရွိေတာ့ဘူး။ အဲဒီက ေနထြက္သြားၿပီး အထက္ကိုထပ္တက္သြားၿပီး။ အဲဒီမွာ အေႂကြဆိုတဲ့႐ြာႀကီးရွိတယ္။ အဲဒီေႂကြဆိုတဲ့ ႐ြာမွာလည္း အလားတူပဲလုပ္ၾကျပန္ေရာ”ဟု ၎ကေျပာသည္။
မင္းကင္းၿမိဳ႕နယ္၊ ခ်င္းတြင္းျမစ္အတြင္း PDF တို႔ထိန္းခ်ဳပ္လုပ္ကိုင္ေနေသာ ေ႐ႊေမ်ာလုပ္ ကြက္ႀကီးမ်ားသည္ စည္းကမ္းမဲ့ေ႐ႊတူးေဖာ္မႈေၾကာင့္ ကမ္းပါးၿပိဳျခင္းႏွင့္ ဆိုင္ရာႏိုက္(Cyanide) ဓာတုရည္ စြန႔္ပစ္မႈေၾကာင့္ ေဒသခံမ်ားစြာ အေနျဖင့္ ေဘးထြက္ဆိုးက်ိဳးမ်ားစြာ သက္ေရာက္ႏိုင္ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“ဒီလိုေတြလုပ္ေနရင္ေတာ့ သဘာဝပတ္ဝန္းက်င္ပ်က္စီးတာေပါ့။ ေနာက္ၿပီးေတာ့ သူတို႔ေတြက ေ႐ႊကိုဆိုင္ရာ ႏိုက္နဲ႔ ဖမ္းတာကိုး။ ဆိုင္ရာ ႏိုက္နဲ႔ ဖမ္းတဲ့အတြက္ ဆိုင္ရာႏိုက္ဆိုတာပ်က္စီးသြားတာ မွမရွိတာ။ အဲဒီေတာ့ ျမစ္ေၾကာင္း တစ္ေလွ်ာက္ ပ်ံ႕ကုန္ၿပီး သဘာဝပတ္ဝန္းက်င္ပ်က္စီးၿပီး ေရေနသတၱဝါေတြေသတာေက်တာရွိမယ္။ အဲဒီေရကိုသုံး ေနတဲ့ လူေတြကလည္း ခ်က္ခ်င္းဒုကၡမေရာက္ေပမယ့္ ၾကာလာရင္ အဲဒီေရသုံးတဲ့လူေတြက ဓာတ္သင့္တဲ့ ေရာဂါေတြ ျဖစ္တာေပါ့။ အက်ိဳးဆက္ေတြကေတာ့ အမ်ားႀကီးခံစားရမွာ”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.