တာချီလိတ်တွင် အရှိန်ပြင်းစွာမောင်းလာသော ကားတစ်စီးအဆင့်ဆင့်ဝင်တိုက်မိ၍ သားအမိ(၂)ဦး ပွဲချင်းပြီးသေဆုံး

742

သန့်ဇင်(NP News)-အောက်တိုဘာ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အရှိန်ပြင်းစွာမောင်းလာသော ကားတစ်စီးအဆင့်ဆင့်ဝင်တိုက်မိ၍ သားအမိ(၂)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(အောက်တိုဘာ ၅ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က တာချီလိတ်မြို၊ ဗိုလ်ချုပ်လမ်း၊ အ.ထ.က(၁) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်တာက စပြီးတိုက်ပြီဆိုတည်းက တရစပ်တိုက်သွားတာ။ တိုက်ပြီးရှေ့နားလေးရောက်တော့ ဆိုင်ကယ်သမားတွေရော ကား သမားတွေရော တိုက်တော့ သေတာက (၂)ယောက်ပါ။ တစ်နှစ်ကျော်ကလေးလေးတစ်ယောက်ရယ်။ သူ့မေရယ် (၂)ယောက်သေတာ။ တိုက်တာက တရစပ်တိုက်သွားတာဆိုတော့ သာမန်မဟုတ်လို့ဖြစ်မယ်။ တိုက်တဲ့ကားသမားကိုလည်း ကျွန်မတို့တော့မတွေ့ လိုက် ဘူး။ သူများတွေ လိုင်းပေါ်မှာတင်ထားမှ သိတာ။ (၂)ဦးလို့သိရတယ်”ဟု ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်(၁)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူ အသက်(၂၀)နှစ်ကျော်အရွယ် အမျိုးသမီး (၁) ဦးတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အသက်(၁၀)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၄၀)ကျော်ဝန်းကျင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး(၁) ဦးအပါအဝင် အသက်(၆၀)ကျော်အရွယ် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အသက်(၄၀)ကျော်ပတ်လည် အမျိုးသား (၁)ယောက် အမျိုးသမီး(၁)ယောက် ကလည်းအခြေအနေမကောင်းဘူး။ ဆွေမျိုးတွေ မတွေ့သေးဘူး။ တိုက်တာက (၆) ယောက်ကိုတိုက်မိတာ။ အသက် (၆၀)ကျော်အဖွားတစ်ယောက်ကလည်း ခြေထောက်နာသွားတာ။ ကျိုးလားမကျိုးလားဆိုတာတော့ ဓာတ်မှန်ရိုက်ကြည့်မှသိရမယ်။ အဖွားနဲ့ (၁၀)နှစ်ကျော်လေးကတော့ မစိုးရိမ်ရဒဏ်ရာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုကျူးလွန်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Zawgyi Version:
တာခ်ီလိတ္တြင္ အရွိန္ျပင္းစြာေမာင္းလာေသာ ကားတစ္စီးအဆင့္ဆင့္ဝင္တိုက္မိ၍ သားအမိ(၂)ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၅
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ အရွိန္ျပင္းစြာေမာင္းလာေသာ ကားတစ္စီးအဆင့္ဆင့္ဝင္တိုက္မိ၍ သားအမိ(၂)ဦး ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး (၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဦးလွမိုး (တာခ်ီလိတ္)လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ေအာက္တိုဘာ ၅ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္ခန႔္က တာခ်ီလိတ္ၿမိဳ၊ ဗိုလ္ခ်ဳပ္လမ္း၊ အ.ထ.က(၁) ေက်ာင္းေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တိုက္တာက စၿပီးတိုက္ၿပီဆိုတည္းက တရက္ဆက္တိုက္သြားတာ။ တိုက္ၿပီးေရွ႕နားေလးေရာက္ေတာ့ ဆိုင္ကယ္သမားေတြေရာ ကား သမားေတြေရာ တိုက္ေတာ့ ေသတာက (၂)ေယာက္ပါ။ တစ္ႏွစ္ေက်ာ္ကေလးေလးတစ္ေယာက္ရယ္။ သူ႔ေမရယ္ (၂)ေယာက္ေသတာ။ တိုက္တာက တရက္ဆက္တိုက္သြားတာဆိုေတာ့ သာမန္မဟုတ္လို႔ျဖစ္မယ္။ တိုက္တဲ့ကားသမားကိုလည္း ကြၽန္မတို႔ေတာ့မေတြ႕ လိုက္ ဘူး။ သူမ်ားေတြ လိုင္းေပၚမွာတင္ထားမွ သိတာ။ (၂)ဦးလို႔သိရတယ္”ဟု ဦးလွမိုး (တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး က NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အသက္(၁)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးႏွင့္ မိခင္ျဖစ္သူ အသက္(၂၀)ႏွစ္ေက်ာ္အ႐ြယ္ အမ်ိဳးသမီး (၁) ဦးတို႔ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အသက္(၁၀)ႏွစ္အ႐ြယ္ အမ်ိဳးသား(၁)ဦး၊ အသက္(၄၀)ေက်ာ္ဝန္းက်င္ အမ်ိဳးသား (၁) ဦးႏွင့္ အမ်ိဳးသမီး(၁) ဦးအပါအဝင္ အသက္(၆၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီး (၁) ဦးတို႔တြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“အသက္(၄၀)ေက်ာ္ပတ္လည္ အမ်ိဳးသား (၁)ေယာက္ အမ်ိဳးသမီး(၁)ေယာက္ ကလည္းအေျခအေနမေကာင္းဘူး။ ေဆြမ်ိဳးေတြ မေတြ႕ေသးဘူး။ တိုက္တာက (၆) ေယာက္ကိုတိုက္မိတာ။ အသက္ (၆၀)ေက်ာ္အဖြားတစ္ေယာက္ကလည္း ေျခေထာက္နာသြားတာ။ က်ိဳးလားမက်ိဳးလားဆိုတာေတာ့ ဓာတ္မွန္႐ိုက္ၾကည့္မွသိရမယ္။ အဖြားနဲ႔ (၁၀)ႏွစ္ေက်ာ္ေလးကေတာ့ မစိုးရိမ္ရဒဏ္ရာေပါ့ေနာ္”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ဦးလွမိုး (တာခ်ီလိတ္)လူမႈကူညီေရးအသင္းထံမွ တာခ်ီလိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ယာဥ္တိုက္မႈက်ဴးလြန္သူအား ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။