သာကေတမြို့နယ်၌ ဓာတ်တိုင်ပေါ်တွင် လျှပ်စစ်ပြင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွား

680
စော (NP News) - ဇွန် ၅
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဓာတ်တိုင်ပေါ်၌ လျှပ်စစ်ပြုပြင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၄ ရက်)၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်အချိန်တွင် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံလမ်းနှင့် ဇောတရုံလမ်းထိပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူက EPC ကလျှပ်စစ်ဝန်ထမ်းတစ်ဦးပါ။ အဲဒီမှာ EPC ဝန်ထမ်းတွေမီးပြင်နေကြတာပဲ မီးပြင်နေရင်းဘယ်လိုဖြစ်လဲ မသိဘူး။ ဓာတ်လိုက်ပြီးတော့ ဓာတ်တိုင်ပေါ်ကပြုတ်ကျတယ်။ သတိတော့လစ်နေတယ်။ အခြားပရဟိတအသင်းနဲ့ပူးပေါင်းပြီးတော့ မြေပြင်ကုသမှုလုပ်ပြီး ဆေးရုံပို့လိုက်တယ်။ ခေါင်းမှာတော့ ဒဏ်ရာနည်းနည်းရသွားတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓာတ်လိုက်သူအမျိုးသားသည် အသက်(၃၅)ဝန်းကျင်အရွယ်ရှိပြီး EPC မှ လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ် ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
အဆိုပါအမျိုးသားသည် ထိခိုက်ဒဏ်ရာမပြင်းထန်သော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
သာေကတၿမိဳ႕နယ္၌ ဓာတ္တိုင္ေပၚတြင္ လွ်ပ္စစ္ျပင္ေနသည့္ လွ်ပ္စစ္ဝန္ထမ္းတစ္ဦး ဓာတ္လိုက္မႈျဖစ္ပြား
ေစာ (NP News) - ဇြန္ ၅
ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္တြင္ ဓာတ္တိုင္ေပၚ၌ လွ်ပ္စစ္ျပဳျပင္ေနသည့္ လွ်ပ္စစ္ဝန္ထမ္းတစ္ဦး ဓာတ္လိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၄ ရက္)၊ မြန္းလြဲ ၂နာရီခြဲဝန္းက်င္အခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ ၂/ေျမာက္ရပ္ကြက္၊ သဒၵါ႐ုံလမ္းႏွင့္ ေဇာတ႐ုံလမ္းထိပ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
“သူက EPC ကလွ်ပ္စစ္ဝန္ထမ္းတစ္ဦးပါ။ အဲဒီမွာ EPC ဝန္ထမ္းေတြမီးျပင္ေနၾကတာပဲ မီးျပင္ေနရင္းဘယ္လိုျဖစ္လဲ မသိဘူး။ ဓာတ္လိုက္ၿပီးေတာ့ ဓာတ္တိုင္ေပၚကျပဳတ္က်တယ္။ သတိေတာ့လစ္ေနတယ္။ အျခားပရဟိတအသင္းနဲ႔ပူးေပါင္းၿပီးေတာ့ ေျမျပင္ကုသမႈလုပ္ၿပီး ေဆး႐ုံပို႔လိုက္တယ္။ ေခါင္းမွာေတာ့ ဒဏ္ရာနည္းနည္းရသြားတယ္”ဟု သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ဓာတ္လိုက္သူအမ်ိဳးသားသည္ အသက္(၃၅)ဝန္းက်င္အ႐ြယ္ရွိၿပီး EPC မွ လွ်ပ္စစ္ဝန္ထမ္းတစ္ဦးျဖစ္ ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
အဆိုပါအမ်ိဳးသားသည္ ထိခိုက္ဒဏ္ရာမျပင္းထန္ေသာ္လည္း ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။