အမေရိကန်နိုင်ငံမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ(၁)ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိ

62

Pika (NP News) - စက်တင်ဘာ ၂၂
အမေရိကန်နိုင်ငံ New Hampshire ပြည်နယ်က ဂေါက်ကွင်းကလပ်တစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁)ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
Nashua မြို့ Sky Meadow Country Club မှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူဟာ အရွယ်ရောက်ပြီး သား အမျိုးသာတစ်ဦးဖြစ်တယ်လို့ New Hampshire ပြည်နယ်ရှေ့နေချုပ် ဂျွန်ဖော်မယ်လာနဲ့ Nashua မြို့ရဲချုပ် ကီဗင်ရော်ကီတို့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အခင်းဖြစ်ပွားရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သံသယရှိသူဟာ အရွယ်ရောက်ပြီးသား အမျိုးသား တစ်ဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ပစ်ခတ်မှုတွေ ဘာကြောင့်လုပ်ဆောင်ရလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းသိရှိရဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ဆက်လက်လုပ်ဆောင်နေတယ်လို့ New Hampshire ပြည်နယ် အကြီးတန်းလက်ထောက်ရှေ့နေချုပ် ပီတာဟင်ကလေက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေရဲ့အခြေအနေတွေနဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ လူ(၁)ဦးေသဆုံးၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - စက္တင္ဘာ ၂၂
အေမရိကန္ႏိုင္ငံ New Hampshire ျပည္နယ္က ေဂါက္ကြင္းကလပ္တစ္ခုမွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၁)ဦးေသဆုံးၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
Nashua ၿမိဳ႕ Sky Meadow Country Club မွာျဖစ္ပြားခဲ့တဲ့ပစ္ခတ္မႈအတြင္း ေသဆုံးသြားခဲ့သူဟာ အ႐ြယ္ေရာက္ၿပီး သား အမ်ိဳးသာတစ္ဦးျဖစ္တယ္လို႔ New Hampshire ျပည္နယ္ေရွ႕ေနခ်ဳပ္ ဂြၽန္ေဖာ္မယ္လာနဲ႔ Nashua ၿမိဳ႕ရဲခ်ဳပ္ ကီဗင္ေရာ္ကီတို႔က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အခင္းျဖစ္ပြားရာေနရာမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ သံသယရွိသူဟာ အ႐ြယ္ေရာက္ၿပီးသား အမ်ိဳးသား တစ္ဦးျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ပစ္ခတ္မႈေတြ ဘာေၾကာင့္လုပ္ေဆာင္ရလဲဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ရွင္းရွင္းလင္းလင္းသိရွိရဖို႔ စုံစမ္းစစ္ေဆးေရးမႉးေတြက ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ New Hampshire ျပည္နယ္ အႀကီးတန္းလက္ေထာက္ေရွ႕ေနခ်ဳပ္ ပီတာဟင္ကေလက ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ပစ္ခတ္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြရဲ႕အေျခအေနေတြနဲ႔ပတ္သက္တဲ့ ေနာက္ထပ္ သတင္းအခ်က္အလက္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။