ရေး- ထားဝယ်လမ်းပိုင်းကို ညပိုင်းအသုံးမပြုရန် KNLAပူးပေါင်းအဖွဲ့ ခြိမ်းခြောက်

484
Pearl (NP News) - စက်တင်ဘာ ၂၂
ရေး- ထားဝယ်လမ်းပိုင်းကို ညပိုင်းအသုံးမပြုရန် KNLA တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် ပူးပေါင်းအဖွဲ့က ခြိမ်းခြောက် ထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး- ထားဝယ် အဝေးပြေးလမ်းပိုင်းအား စက်တင်ဘာ (၂၁)ရက်နေ့မှ စ၍ နေ့စဉ် ည (၇)နာရီအချိန်မှ မနက် (၅) နာရီအတွင်း အသုံးမပြုရန် KNLAပူးပေါင်းအဖွဲ့ က ဆို ထားသည်။
၎င်းတို့အနေဖြင့် စစ်ရေးဖော်ဆောင်ရာတွင် လုံခြုံရေးလိုအပ်ချက်အရ ဆောင်ရွက်ရသောကြောင့် လမ်းပိုင်းအသုံးပြုမည့် သူများ နှင့် နယ်မြေခံများအနေဖြင့် ကြေညာချက် ထပ်မံ မထုတ်ပြန်မီ အထိ အဆိုပါလမ်းပိုင်းအား လုံးဝအသုံးမပြုရန်လည်း ၎င်းတို့က ပြောသည်။
အဆိုပါတားမြစ်ချက်များကို ချိုးဖောက်ပါက ကိစ္စတစုံတရာအတွက် တာဝန်ယူမည်မဟုတ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် အတိအလင်းခြိမ်းခြောက်ထားသည်။
Zawgyi Version:
ေရး- ထားဝယ္လမ္းပိုင္းကို ညပိုင္းအသုံးမျပဳရန္ KNLAပူးေပါင္းအဖြဲ႕ ၿခိမ္းေျခာက္
Pearl (NP News) - စက္တင္ဘာ ၂၂
ေရး- ထားဝယ္လမ္းပိုင္းကို ညပိုင္းအသုံးမျပဳရန္ KNLA တပ္မဟာ (၆) တပ္ရင္း (၂၇) ႏွင့္ ပူးေပါင္းအဖြဲ႕က ၿခိမ္းေျခာက္ ထုတ္ျပန္ထားသည္။
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္အတြင္းရွိ ေရး- ထားဝယ္ အေဝးေျပးလမ္းပိုင္းအား စက္တင္ဘာ (၂၁)ရက္ေန႔မွ စ၍ ေန႔စဥ္ ည (၇)နာရီအခ်ိန္မွ မနက္ (၅) နာရီအတြင္း အသုံးမျပဳရန္ KNLAပူးေပါင္းအဖြဲ႕ က ဆို ထားသည္။
၎တို႔အေနျဖင့္ စစ္ေရးေဖာ္ေဆာင္ရာတြင္ လုံၿခဳံေရးလိုအပ္ခ်က္အရ ေဆာင္႐ြက္ရေသာေၾကာင့္ လမ္းပိုင္းအသုံးျပဳမည့္ သူမ်ား ႏွင့္ နယ္ေျမခံမ်ားအေနျဖင့္ ေၾကညာခ်က္ ထပ္မံ မထုတ္ျပန္မီ အထိ အဆိုပါလမ္းပိုင္းအား လုံးဝအသုံးမျပဳရန္လည္း ၎တို႔က ေျပာသည္။
အဆိုပါတားျမစ္ခ်က္မ်ားကို ခ်ိဳးေဖာက္ပါက ကိစၥတစုံတရာအတြက္ တာဝန္ယူမည္မဟုတ္ေၾကာင္း လည္း ထုတ္ျပန္ခ်က္တြင္ အတိအလင္းၿခိမ္းေျခာက္ထားသည္။