ဗိုလ်တထောင်တွင် (၄)နှစ်အရွယ်ကလေးငယ်အား သက်ငယ်မုဒိန်းမှုကျူးလွန်သူအမျိုးသားကို ဖမ်းမိဟုဆို

 1453

သန့်ဇင်(NP News)-စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် (၄)နှစ်အရွယ်ကလေးငယ်အား သက်ငယ်မုဒိန်းမှုကျူးလွန်သူအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်ဟုသိရကြောင်း ယင်းနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP Newsကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ကားပါကင်အနောက်တွင် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်တွင် အဓမ္မကျူလွန်ခံထားရသည်ဟု ယူဆရသောလက္ခဏာများတွေ့ရှိခဲ့ပြီး ဝတ်ဆင်ထားသော ဂါဝန်အင်္ကျီနှင့် ခြေထောက်တွင်လည်း သွေးများတွေ့ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကာ ထိုမှတစ်ဆင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ထို့နောက် ပြစ်မှုကျူးလွန်သူအား စုံစမ်းရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ယမန်နေ့(စက်တင်ဘာ ၂၁ရက်)၊ ည ၇နာရီအချိန်ခန့်တွင် သင်္ကန်း ကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ကျူးလွန်သူကို သင်္ဃန်းကျွန်းမှာမိတာ။ အသက်ကဘယ်လောက်လဲတော့မသိရသေးဘူး။ သင်္ဃန်းကျွန်းကမဟုတ်ဘူးလို့တော့သိရတယ်။ ကလေးလေးကတော့ အခုထိဆေးရုံမှာပဲ။ သူ့အမေလည်းရှိနေပါတယ်”ဟု သိရှိသူတစ်ဦးက NP Newsကိုပြောသည်။
လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို ဗိုလ်တစ်ထောင်ရဲစခန်းသို့ဖမ်းဆီးပို့ဆောင်ထားပြီး ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဗိုလ္တေထာင္တြင္ (၄)ႏွစ္အ႐ြယ္ကေလးငယ္အား သက္ငယ္မုဒိန္းမႈက်ဴးလြန္သူအမ်ိဳးသားကို ဖမ္းမိဟုဆို
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ (၄)ႏွစ္အ႐ြယ္ကေလးငယ္အား သက္ငယ္မုဒိန္းမႈက်ဴးလြန္သူအမ်ိဳးသားကို ဖမ္းဆီးရမိခဲ့သည္ဟုသိရေၾကာင္း ယင္းႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP Newsကိုေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၁၈ရက္၊ မြန္းလြဲ ၂ နာရီခန႔္က ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ၄၈လမ္း၊ အေနာ္ရထာလမ္းႏွင့္ မဟာဗႏၶဳလလမ္းၾကားရွိ ကားပါကင္အေနာက္တြင္ အသက္(၄)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကေလးငယ္တြင္ အဓမၼက်ဴလြန္ခံထားရသည္ဟု ယူဆရေသာလကၡဏာမ်ားေတြ႕ရွိခဲ့ၿပီး ဝတ္ဆင္ထားေသာ ဂါဝန္အက်ႌႏွင့္ ေျခေထာက္တြင္လည္း ေသြးမ်ားေတြ႕ရွိခဲ့သျဖင့္ ရန္ကုန္ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ကာ ထိုမွတစ္ဆင့္ ဟယ္လ္ပင္ကေလးေဆး႐ုံႀကီးသို႔ ဆက္လက္ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ျပစ္မႈက်ဴးလြန္သူအား စုံစမ္းရွာေဖြမႈမ်ားလုပ္ေဆာင္ခဲ့ရာ ယမန္ေန႔(စက္တင္ဘာ ၂၁ရက္)၊ ည ၇နာရီအခ်ိန္ခန႔္တြင္ သကၤန္း ကြၽန္းၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
“က်ဴးလြန္သူကို သဃၤန္းကြၽန္းမွာမိတာ။ အသက္ကဘယ္ေလာက္လဲေတာ့မသိရေသးဘူး။ သဃၤန္းကြၽန္းကမဟုတ္ဘူးလို႔ေတာ့သိရတယ္။ ကေလးေလးကေတာ့ အခုထိေဆး႐ုံမွာပဲ။ သူ႔အေမလည္းရွိေနပါတယ္”ဟု သိရွိသူတစ္ဦးက NP Newsကိုေျပာသည္။
လက္ရွိတြင္ က်ဴးလြန္သူအမ်ိဳးသားကို ဗိုလ္တစ္ေထာင္ရဲစခန္းသို႔ဖမ္းဆီးပို႔ေဆာင္ထားၿပီး ဥပေဒႏွင့္အညီအျပစ္ေပး အေရးယူႏိုင္ေရး ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.