မုံရွာ၌ ဘတ္ထရီအားသွင်းရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၈)လုံးဆုံးရှုံး

1211

NP News - ဇွန် ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၌ ယနေ့ (ဇွန်လ ၇ ရက်)တွင် ဘတ္ထရီအိုးအားသွင်းရာမှ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၈)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီးရှိ (၂)ထပ်နေအိမ်၏ အပေါ်ထပ်ရှိ အင်ဗာတာ ဘတ္ထရီအိုးကို အားသွင်းထားချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံရံကိုမီးကူးစက်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့မီးသတ်တပ်ဖွဲ့မှသိရသည်။
"ဘတ္ထရီပေါက်ကွဲတော့ အိမ်နံရံကလည်း ကျူထရံကာဆိုတော့ မီးကူးသွားတယ်။ အများစုကတော့ (၁ဝ) ပေပတ်လည်တဲ အများဆုံးလောင်သွားတာပါ။ အိမ်တွေကလည်းစိတ်တော့ နေအိမ်(၁၈)လုံးမီးလောင်သွားတယ်။ level 3 သတ်မှတ်ပြီးမီးငြိမ်းခဲ့ပါတယ်"ဟု မုံရွာမြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မီးလောင်၍ နေအိမ်(၁၈)လုံးပျက်စီးခဲ့ပြီး အများစုသည် ကျူထရံကာအိမ်များဖြစ်ခြင်းကြောင့် ကာလ တန်ဖိုး ကျပ်သိန်း(၁ဝဝ)ကျော်ဆုံရှုံးခဲ့ကြောင်း သိရသည်။ သို့သော် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခြင် မရှိကြောင်းသိရသည် ။
မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ် နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သည့်အတွက် မီးလောင်ပြီး (၁)နာရီအကြာခန့်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုကြောင့် အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၇ဝ)ခန့် မီးဘေးသင့်ခဲ့ရပြီး နီးစပ်ရာနေအိမ်များတွင် ခေတ္တနေထိုင်နေကြရကြောင်းသိရသည်။

zawgyi version
မုံ႐ြာ၌ ဘတၳရီအားသြင္းရာမွ မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္(၁၈)လုံးဆုံးရႈံး
NP News - ဇြန္ ၇
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ ေအးသာယာရပ္ကြက္၌ ယေန႔ (ဇြန္လ ၇ ရက္)တြင္ ဘတၳရီအိုးအားသြင္းရာမွ ေပါက္ကြဲမႈျဖစ္ပြါးခဲ့ရာ မီးေလာင္မႈျဖစ္ပြားၿပီး ေနအိမ္(၁၈)လုံး ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈသည္ ယေန႔ နံနက္(၁၁)နာရီအခ်ိန္ခန႔္က ေအးသာယာရပ္ကြက္၊ ခ်င္းတြင္းကမ္းနားအနီးရွိ (၂)ထပ္ေနအိမ္၏ အေပၚထပ္ရွိ အင္ဗာတာ ဘတၳရီအိုးကို အားသြင္းထားခ်ိန္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး နံရံကိုမီးကူးစက္ရာမွ မီးေလာင္ခဲ့ျခင္းျဖစ္ေၾကာင္း မုံ႐ြာၿမိဳ႕မီးသတ္တပ္ဖြဲ႕မွသိရသည္။
"ဘတၳရီေပါက္ကြဲေတာ့ အိမ္နံရံကလည္း က်ဴထရံကာဆိုေတာ့ မီးကူးသြားတယ္။ အမ်ားစုကေတာ့ (၁ဝ) ေပပတ္လည္တဲ အမ်ားဆုံးေလာင္သြားတာပါ။ အိမ္ေတြကလည္းစိတ္ေတာ့ ေနအိမ္(၁၈)လုံးမီးေလာင္သြားတယ္။ level 3 သတ္မွတ္ၿပီးမီးၿငိမ္းခဲ့ပါတယ္"ဟု မုံ႐ြာၿမိဳ႕မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
မီးေလာင္၍ ေနအိမ္(၁၈)လုံးပ်က္စီးခဲ့ၿပီး အမ်ားစုသည္ က်ဴထရံကာအိမ္မ်ားျဖစ္ျခင္းေၾကာင့္ ကာလ တန္ဖိုး က်ပ္သိန္း(၁ဝဝ)ေက်ာ္ဆုံရႈံးခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ေဒသခံမ်ား ထိခိုက္ဒဏ္ရာရရွိျခင္ မရွိေၾကာင္းသိရသည္ ။
မီးေလာင္မႈကို ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕၊ အရန္မီးသတ္ ႏွင့္ ေဒသခံျပည္သူမ်ား ဝိုင္းဝန္းမီးၿငိမ္းသတ္ခဲ့သည့္အတြက္ မီးေလာင္ၿပီး (၁)နာရီအၾကာခန႔္တြင္ မီးျငႇိမ္းခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မီးေလာင္မႈေၾကာင့္ အိမ္ေထာင္စု(၁၈)စု၊ လူဦးေရ(၇ဝ)ခန႔္ မီးေဘးသင့္ခဲ့ရၿပီး နီးစပ္ရာေနအိမ္မ်ားတြင္ ေခတၱေနထိုင္ေနၾကရေၾကာင္းသိရသည္။