ဆစ်ဒနီကမ်းခြေမှာ ငါးမန်းတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

264

Pika(NP News)
ဆစ်ဒနီကမ်းခြေတစ်ခုမှာ ငါးမန်းကြီးတစ်ကောင်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ တိုက်ခိုက်ခံရမှုအတွင်း ရရှိခဲ့တဲ့ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ဟာ ငါးမန်းတိုက်ခိုက်ခံရမှုကြောင့် ကမ်းခြေအများအပြားကိုပိတ်ပစ်ခဲ့ရတဲ့ အချိန်(၃)နှစ်ကျော်အတွင်း ပထမဆုံးငါးမန်းတိုက်ခိုက်ခံရမှုဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။အဲ့ဒီဖြစ်ရပ်ဟာ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မြောက်ဘက်မှာရှိတဲ့ Long Reef ကမ်းခြေမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့က”ငါးမန်းတိုက်ခိုက်ခံရတဲ့အမျိုးသားကို ရေလှိုင်းတွေကြားကနေဆွဲထုတ်ပြီး ကမ်းခြေကိုခေါ်ဆောင်လာခဲ့ပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားဟာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရေလွှာလျှောစီးဘုတ်ရဲ့ အပိုင်းနှစ်ပိုင်းကိုပြန်ယူပြီး စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပြီးတော့ ဘယ်ငါးမန်းအမျိုးအစားက တိုက်ခိုက်မှုလုပ်ခဲ့တာလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဆစ္ဒနီကမ္းေျခမွာ ငါးမန္းတစ္ေကာင္ရဲ႕တိုက္ခိုက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံး
Pika(NP News)
ဆစ္ဒနီကမ္းေျခတစ္ခုမွာ ငါးမန္းႀကီးတစ္ေကာင္ရဲ႕တိုက္ခိုက္မႈကို ခံခဲ့ရတဲ့ အမ်ိဳးသားတစ္ဦးဟာ တိုက္ခိုက္ခံရမႈအတြင္း ရရွိခဲ့တဲ့ထိခိုက္ဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္ဟာ ငါးမန္းတိုက္ခိုက္ခံရမႈေၾကာင့္ ကမ္းေျခအမ်ားအျပားကိုပိတ္ပစ္ခဲ့ရတဲ့ အခ်ိန္(၃)ႏွစ္ေက်ာ္အတြင္း ပထမဆုံးငါးမန္းတိုက္ခိုက္ခံရမႈျဖစ္ရပ္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။အဲ့ဒီျဖစ္ရပ္ဟာ ဩစေၾတးလ်ႏိုင္ငံ နယူးေဆာက္ေဝးလ္ျပည္နယ္ေျမာက္ဘက္မွာရွိတဲ့ Long Reef ကမ္းေျခမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေသဆုံးသူအမ်ိဳးသားက ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကို ေဖာ္ထုတ္ေနဆဲျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ရဲတပ္ဖြဲ႕က”ငါးမန္းတိုက္ခိုက္ခံရတဲ့အမ်ိဳးသားကို ေရလႈိင္းေတြၾကားကေနဆြဲထုတ္ၿပီး ကမ္းေျခကိုေခၚေဆာင္လာခဲ့ေပမယ့္လည္း အခင္းျဖစ္ပြားရာေနရာမွာပဲ ေသဆုံးသြားခဲ့ပါတယ္။အဲ့ဒီအမ်ိဳးသားဟာ ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေရလႊာေလွ်ာစီးဘုတ္ရဲ႕ အပိုင္းႏွစ္ပိုင္းကိုျပန္ယူၿပီး စစ္ေဆးမႈေတြဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ၿပီးေတာ့ ဘယ္ငါးမန္းအမ်ိဳးအစားက တိုက္ခိုက္မႈလုပ္ခဲ့တာလဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။