တောင်ကိုရီးယား ဆိုးလ်မှာ ပီဇာဆိုင်အတွင်းပိုင်းပြုပြင်ရေးနဲ့ပတ်သက်ပြီး ပိုင်ရှင်နဲ့ franchisee ကိုယ်စားလှယ် ကြား ရန်ဖြစ်ကာ ဓားထိုးမှုဖြစ်ပွား

 389

ရောင်နီ (NP News) - စက်တင်ဘာ ၅
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂွာနက်ခ် ခရိုင်မှာ franchisee ပါတနာ ပီဇာဆိုင် ပိုင်ရှင်နဲ့ franchisee ရုံးချုပ်မှ ကိုယ်စားလှယ်အကြား စီးပွားရေးနဲ့ဆက်နွယ်တဲ့ ပဋိပက္ခတစ်ခုမှ အခြေပြုပြီး ဓားထိုးသတ်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဂွာနက်ခ်ရဲစခန်းရဲ့အဆိုအရ တိုက်ခိုက်မှုဟာ ဂျိုဝွန်ဒေါင်မြို့ရှိ ပီဇာဆိုင်မှာ နံနက် ၁၀ နာရီ ၅၇ မိနစ်ခန့်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လူလေးဦး ဓားထိုးခံရပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သံသယရှိသူကတော့ Mr.B(အမည်လွှဲ) ဖြစ်ပြီး ပီဇာဆိုင်ပိုင်ရှင်ဖြစ်တယ်လို့ သိရပါတယ်။ စတိုးဆိုင်ရဲ့ အတွင်းပိုင်း ဒီဇိုင်းနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲပြီးနောက် အလုပ်ချိန်
မတိုင်မီ ဓားထိုးတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ franchisee ရုံးချုပ်က အမှုဆောင်အရာရှိ၊ အတွင်းပိုင်း ကန်ထရိုက်တာတစ်ဦးနဲ့ ဆိုက်မှာ ကူညီပေးနေတဲ့ ကန်ထရိုက်တာရဲ့သမီးတို့ ဖြစ်တယ်လို့ သိရပါတယ်။

Franchise ရုံးချုပ်ရဲ့ CEO ဖြစ်သူ Mr. A (အမည်လွှဲ) ကတော့ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူတို့ရဲ့လက်အောက်ခံဖြစ်တဲ့ franchisee ပီဇာဆိုင် ပါတနာအပေါ် ပြုပြင်မွမ်းမံမှုနဲ့ ပတ်သက်ပြီး အတင်းအကြပ်ဖိအားပေးခဲ့တာမျိုးမရှိဘူးလို့ ဆိုပါတယ်။
ပီဇာဆိုင်ဟာ ဆိုင်ဖွင့်ခဲ့တာ ၂ နှစ်နီးပါးရှိပြီဖြစ်ပြီး franchisee ကလည်း ပြုပြင်မွမ်းမံရေးဝန်ဆောင်မှုတွေအတွက် ဘတ်ဂျက်အဆင်ပြေတဲ့ ကန်ထရိုက်တာနဲ့ ချိတ်ဆက်ပေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကြွေပြားတွေ အက်ကွဲမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတစ်ခုပေါ်ပေါက်ခဲ့ပြီး၊ ဆိုင်နဲ့ ကန်ထရိုက်တာကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာကြောင့် franchisee ကုမ္ပဏီရဲ့အမှုဆောင်အရာရှိတစ်ဦးက ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းဖို့ ပီဇာဆိုင်ကို သွားရောက်ခဲ့တယ်လို့ Mr.A က ပြောကြားပါတယ်။
လက်ရှိတော့ ရဲတပ်ဖွဲ့က မစ္စတာ B ရဲ့အခြေအနေကို စောင့်ကြည့်နေပြီး တရားဝင် ဖမ်းဆီးခြင်း မပြုသေးပါဘူး။ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့အခြေအနေတွေကိုလည်း အပြည့်အစုံ စုံစမ်းစစ်ဆေးဖို့ စီစဉ်နေပြီး ဖမ်းဝရမ်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားမှာ franchisee ကုမ္ပဏီတွေဟာ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေ ရောင်းချလိုတဲ့ ပိုင်ရှင်တွေကို သတ်မှတ်ထားတဲ့အရည်အသွေးစံနှုန်းတွေ၊ လုပ်ငန်းနည်းလမ်းတွေ၊ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် ပံ့ပိုးကူညီမှု၊ လေ့ကျင့်သင်ကြားမှုနဲ့ ထိန်းချုပ်မှုတို့ကို အခကြေးငွေယူကာ ပံ့ပိုးပေးတဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား ဆိုးလ္မွာ ပီဇာဆိုင္အတြင္းပိုင္းျပဳျပင္ေရးနဲ႔ပတ္သက္ၿပီး ပိုင္ရွင္နဲ႔ franchisee ကိုယ္စားလွယ္ ၾကား ရန္ျဖစ္ကာ ဓားထိုးမႈျဖစ္ပြား
ေရာင္နီ (NP News) - စက္တင္ဘာ ၅
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ဂြာနက္ခ္ ခ႐ိုင္မွာ franchisee ပါတနာ ပီဇာဆိုင္ ပိုင္ရွင္နဲ႔ franchisee ႐ုံးခ်ဳပ္မွ ကိုယ္စားလွယ္အၾကား စီးပြားေရးနဲ႔ဆက္ႏြယ္တဲ့ ပဋိပကၡတစ္ခုမွ အေျချပဳၿပီး ဓားထိုးသတ္တဲ့ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။
ဂြာနက္ခ္ရဲစခန္းရဲ႕အဆိုအရ တိုက္ခိုက္မႈဟာ ဂ်ိဳဝြန္ေဒါင္ၿမိဳ႕ရွိ ပီဇာဆိုင္မွာ နံနက္ ၁၀ နာရီ ၅၇ မိနစ္ခန႔္အခ်ိန္က ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။ လူေလးဦး ဓားထိုးခံရၿပီး အမ်ိဳးသား ႏွစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးဟာ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ သံသယရွိသူကေတာ့ Mr.B(အမည္လႊဲ) ျဖစ္ၿပီး ပီဇာဆိုင္ပိုင္ရွင္ျဖစ္တယ္လို႔ သိရပါတယ္။ စတိုးဆိုင္ရဲ႕ အတြင္းပိုင္း ဒီဇိုင္းနဲ႔ ပတ္သက္ၿပီး သေဘာထားကြဲလြဲၿပီးေနာက္ အလုပ္ခ်ိန္
မတိုင္မီ ဓားထိုးတိုက္ခိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ ဆိုထားပါတယ္။ တိုက္ခိုက္ခံရသူေတြဟာ franchisee ႐ုံးခ်ဳပ္က အမႈေဆာင္အရာရွိ၊ အတြင္းပိုင္း ကန္ထ႐ိုက္တာတစ္ဦးနဲ႔ ဆိုက္မွာ ကူညီေပးေနတဲ့ ကန္ထ႐ိုက္တာရဲ႕သမီးတို႔ ျဖစ္တယ္လို႔ သိရပါတယ္။

Franchise ႐ုံးခ်ဳပ္ရဲ႕ CEO ျဖစ္သူ Mr. A (အမည္လႊဲ) ကေတာ့ ဝမ္းနည္းေၾကကြဲေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး သူတို႔ရဲ႕လက္ေအာက္ခံျဖစ္တဲ့ franchisee ပီဇာဆိုင္ ပါတနာအေပၚ ျပဳျပင္မြမ္းမံမႈနဲ႔ ပတ္သက္ၿပီး အတင္းအၾကပ္ဖိအားေပးခဲ့တာမ်ိဳးမရွိဘူးလို႔ ဆိုပါတယ္။
ပီဇာဆိုင္ဟာ ဆိုင္ဖြင့္ခဲ့တာ ၂ ႏွစ္နီးပါးရွိၿပီျဖစ္ၿပီး franchisee ကလည္း ျပဳျပင္မြမ္းမံေရးဝန္ေဆာင္မႈေတြအတြက္ ဘတ္ဂ်က္အဆင္ေျပတဲ့ ကန္ထ႐ိုက္တာနဲ႔ ခ်ိတ္ဆက္ေပးတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က ေႂကြျပားေတြ အက္ကြဲမႈနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈတစ္ခုေပၚေပါက္ခဲ့ၿပီး၊ ဆိုင္နဲ႔ ကန္ထ႐ိုက္တာၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာေၾကာင့္ franchisee ကုမၸဏီရဲ႕အမႈေဆာင္အရာရွိတစ္ဦးက ပဋိပကၡကို ေျပလည္ေအာင္ေျဖရွင္းဖို႔ ပီဇာဆိုင္ကို သြားေရာက္ခဲ့တယ္လို႔ Mr.A က ေျပာၾကားပါတယ္။
လက္ရွိေတာ့ ရဲတပ္ဖြဲ႕က မစၥတာ B ရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနၿပီး တရားဝင္ ဖမ္းဆီးျခင္း မျပဳေသးပါဘူး။ တိုက္ခိုက္မႈနဲ႔ ပတ္သက္တဲ့အေျခအေနေတြကိုလည္း အျပည့္အစုံ စုံစမ္းစစ္ေဆးဖို႔ စီစဥ္ေနၿပီး ဖမ္းဝရမ္းထုတ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားမွာ franchisee ကုမၸဏီေတြဟာ သတ္မွတ္ထားတဲ့ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈေတြ ေရာင္းခ်လိုတဲ့ ပိုင္ရွင္ေတြကို သတ္မွတ္ထားတဲ့အရည္အေသြးစံႏႈန္းေတြ၊ လုပ္ငန္းနည္းလမ္းေတြ၊ စီမံခန႔္ခြဲမႈနဲ႔ လုပ္ငန္းေဆာင္႐ြက္မႈေတြအေပၚ ပံ့ပိုးကူညီမႈ၊ ေလ့က်င့္သင္ၾကားမႈနဲ႔ ထိန္းခ်ဳပ္မႈတို႔ကို အခေၾကးေငြယူကာ ပံ့ပိုးေပးတဲ့ လုပ္ငန္းအဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.