ပါရမီလမ်းမပေါ်ရှိ မင်းလမ်းမုန့်တီဆိုင်အနီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးအနက်(၂)ဦးစိုးရိမ်ရ

2972

NP News - ဇွန် ၁၂
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်ထိစပ်နယ်မြေဖြစ်သည့် ပါရမီလမ်းမပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ဇွန်လ(၁၁)ရက်နေ့၊ ည(၁၁)နာရီအချိန်ခန့်တွင် ပါရမီလမ်းပေါ်ရှိ မင်းလမ်းမုန့်တီဆိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။
အဆိုပါ မင်းလမ်းမုန့်တီဆိုင်အနီးတွင် MARK II အမျိုးအစား အိမ်စီးကားနှင့် Parado အမျိုးအစား အိမ်စီးကား နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကညက ဖြစ်တာပေါ့။ ပါရမီလမ်းမပေါ်က မင်းလမ်းမုန့်တီဆိုင်နားမှာ MARK II အိမ်စီးကားနဲ့ Parado အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်တာပါ။ ည(၁ဝ)နာရီ(၄၅)လောက်ဖြစ်တာပေါ့။ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျွန်တော်တို့ပို့တဲ့ တစ်ယောက်ကတော့ သိပ်ပြီး မစိုးရိမ်ရဘူး” ဟု ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုဆိုထားသည်။
ယာဥ်တိုက်မှုကြောင့် MARK II ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး Parado ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး လတ်တလောသတင်းများအရ MARK II ပေါ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ နှစ်ဦးသည် ယနေ့(ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ပါရမီလမ္းမေပၚရွိ မင္းလမ္းမုန႔္တီဆိုင္အနီးတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူ(၃)ဦးအနက္(၂)ဦးစိုးရိမ္ရ
NP News - ဇြန္ ၁၂
ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ႏွင့္ လႈိင္ၿမိဳ႕နယ္ထိစပ္နယ္ေျမျဖစ္သည့္ ပါရမီလမ္းမေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇြန္လ(၁၁)ရက္ေန႔၊ ည(၁၁)နာရီအခ်ိန္ခန႔္တြင္ ပါရမီလမ္းေပၚရွိ မင္းလမ္းမုန႔္တီဆိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ဆယ္ေရးႏွင့္လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းမွ သိရသည္။
အဆိုပါ မင္းလမ္းမုန႔္တီဆိုင္အနီးတြင္ MARK II အမ်ိဳးအစား အိမ္စီးကားႏွင့္ Parado အမ်ိဳးအစား အိမ္စီးကား ႏွစ္စီးယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မေန႔ကညက ျဖစ္တာေပါ့။ ပါရမီလမ္းမေပၚက မင္းလမ္းမုန႔္တီဆိုင္နားမွာ MARK II အိမ္စီးကားနဲ႔ Parado အိမ္စီးကား မ်က္ႏွာခ်င္းဆိုင္တိုက္တာပါ။ ည(၁ဝ)နာရီ(၄၅)ေလာက္ျဖစ္တာေပါ့။ ႏွစ္ေယာက္ကေတာ့ စိုးရိမ္ရတယ္။ ကြၽန္ေတာ္တို႔ပို႔တဲ့ တစ္ေယာက္ကေတာ့ သိပ္ၿပီး မစိုးရိမ္ရဘူး” ဟု ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ဆယ္ေရးႏွင့္လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုဆိုထားသည္။
ယာဥ္တိုက္မႈေၾကာင့္ MARK II ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးမွာ ျပင္းထန္စြာထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး Parado ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသားတစ္ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေ႐ႊေရာင္သမိုင္း အေရးေပၚ ကယ္ဆယ္ေရးႏွင့္လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းမွ သိရသည္။
ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ၿပီး လတ္တေလာသတင္းမ်ားအရ MARK II ေပၚမွ ထိခိုက္ဒဏ္ရာရရွိခဲ့သူ ႏွစ္ဦးသည္ ယေန႔(ဇြန္လ ၁၂ ရက္) နံနက္ပိုင္းတြင္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း သိရသည္။